တခါကနွားခြံကြီးတခုထဲမှာဖားသားအဖနှစ်ကောင်နေကြတယ်.တနေ့ မှာတော့ဖားငယ်လေးကကြောက်လန့် တကြား
နဲ့ ပြေးလာပြီးသူ့ အဖေကိုပြောလိုက်တယ်.အဖေအဖေ.ကျနော်ကြောက်လိုက်တာဗျာ.ခြံထဲမှာဘာကောင်ကြီးလဲမသိ
ဘူး.ကိုယ်လုံးကြီးကလဲအကြီးကြီး.နောက်ဂျိုကြီးကလည်းပါသေး.ကျနော်ကိုမျက်လုံးကြီးပြူးပြီးလိုက်ကြည့်နေတာဗျ.ကျ
နော်အရမ်းကြောက်တာပဲအဖေရယ်လို့ ပြောလိုက်တယ်.အဲဒီမှာတင်ပဲဖားကြီးက..အဲဒါဒီခြံထဲကသူများခိုင်းတာခံနေရတဲ့
နွားကြီးပါကွာ.အလကားကောင်ကြီးကွ.ကြောက်စရာမလိုပါဘူးကွာလို့ ပြောလိုက်သတဲ့.သူတပါးရဲ့လက်ရှိအခြေနေကို
အရည်ချင်းကိုအသိမှတ်ပြုလိုတဲ့စိတ်မရှိဘူးဆိုတဲ့သဘောပေါ့ဗျာ.အဲနောက်ပြီးမင်းအဖေလည်းဒီလောက်တော့ကြီးပါတယ်
ကွ.ဒီမှာကြည့်ဆိုပြီး.လေကိုတဝကြီးရူသွင်းလိုက်ပြီးသူ့ ခန္တာကိုယ်ကိုဖောင်းပြလိုက်တယ်.ဘယ့်နဲ့ လည်းဒီလောက်ကြီးရဲ့
လားကွဟေ.လို့ မေးလိုက်တယ်.မတူနိုင်တာကိုယှဉ်ပြိုင်လိုတဲ့စိတ်.ကိုယ့်ကိုကိုယ်သာအထင်ကြီးတတ်တဲ့စိတ်မျိုးနဲ့ မေး
လိုက်တယ်ပေါ့ဗျာ.အဲဒီမှာတင်ဖားငယ်လေးကတော့ကလေးပီပီအမှန်ကိုအမှန်တိုင်းမြင်တတ်တဲ့စိတ်နဲ့ ကြည့်ပြီးပြောလိုက်
တာက.အဲဒီထက်တော့ကြီးသေးတယ်အဖေတဲ့.ဒါဆိုလဲကဲကွာဆိုပြီးဖားကြီးကလေကိုတဝကြီးထပ်ပြီးရူလိုက်ပြန်တယ်.ဒီမှာ
ပဲဖားကြီးကနဂိုထက်တော့ပိုကြီးလာပြန်တာပဲပေါ့.ဒါပေမဲ့ဖားတကောင်ရဲ့တင်းအားခံနိုင်ရည်ကိုကျော်မဲ့အနေထားကိုရောက်
နေခဲ့ပြီလေ.ဒါကိုဖားကြီးကတော့သတိမမူမိခဲ့ဘူးသူ့ စိတ်ထဲရှိနေတာကနွားကြီးထက်သာတယ်ဒါမှမဟုတ်နွားလောက်တော့
အသာလေးပါဆိုတဲ့သဘောထားမျိုးဗျ.ပြီးတော့သူ့ သားကိုမေးလိုက်တယ်ဘယ့်နှယ့်လဲသားဒီထက်တော့ကြီးသေးတယ်အ
ဖေဆိုရင်ပဲ..ဖားကြီးလဲဒေါသထွက်သွားပြီးနောက်ထပ်လေကိုရူလိုက်တယ်ဆိုရင်ပဲ.ဖောင်းကနဲအသံနဲ့ အတူဖားကြီးလည်း
ပေါက်ထွက်ပြီးသွားတော့တာပဲပေါ့.ပုံပြင်လေးကတော့ဒါပါပဲ.ကျနော်ဒီပုံပြင်လေးကိုဖတ်လိုက်ရတော့စဉ်းစားစရာလေးတွေ
အများကြီးရခဲ့ပါတယ်.ကျနော်တို့ ပါတ်ဝန်းကျင်မှာဖားနဲ့ တူတဲ့လူတွေဘယ်လောက်တောင်များရှိနေလိုက်မလဲလို့ .ဖားနဲ့ နွား
ဟာနေရာဒေသတခုထဲမှာရှင်သန်နေထိုင်ကြရပေမဲ့မတူတဲ့ဘဝပေးအခြေနေနဲ့ စိတ်ဓာတ်အရည်ချင်းလေးတွေကိုပါ.အရင်
ကကိုယ်ပြုမိခဲ့တဲ့အတိတ်ကံအကျိုးပေးကြောင့်.ယခုလက်ရှိဘဝမှာဖားဖြစ်တဲ့သူကဖြစ်.နွားဖြစ်တဲ့သူကလည်းနွားဖြစ်ခဲ့ကြရ
ပြီပဲ.ကံစီမံရာပေါ့ဗျာပြုပြင်ပြောင်းလဲလို့ ရကောင်းတဲ့အရာတွေမှမဟုတ်တာ.အဲဒါပေမဲ့ပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့အရာတွေ
ကတော့စိတ်ဓာတ်နဲ့ ကိုယ်ပိုင်ခံယူချက်တွေပဲဗျ.ကိုယ့်ရဲ့လက်ရှိဖြစ်ရာဘဝရောက်ရာအရပ်ဒေသကိုလိုက်ပြီးအခြေနေအချိန်
ခါကိုလိုက်ပြီးသင့်တင့်မျှတတဲ့နှလုံးသွင်းဆင်ခြင်မှုနဲ့ နေသွားနိုင်မှမိမိရောက်ရာဖြစ်ရာဘဝလေးတွေကိုပျှော်ပျှော်ရွှင်ရွှင်တန်
ဘိုးရှိရှိနေသွားနိုင်ကြမှာမဟုတ်ပါလား.နေတတ်ရင်လောကကြီးဟာလူတိုင်းအတွက်ကျေနပ်စရာတွေပါဘဲ.ဒါပေမဲ့ဗျာဖားတ
ကောင်လို.ကိုယ်ရဲ့လက်ရှိဖြစ်နေရောက်နေရတဲ့ဘဝအခြေနေမှန်အဖြစ်မှန်ကိုနားမလည်လက်သင့်မခံနိုင်ဘဲမာနနဲ့ အတ္တကို
ရှေ့တန်းတင်သူတပါးရဲ့လက်ရှိဘဝပေးအခြေနေနဲ့ အရည်ချင်းကိုလက်မခံနိုင်ပဲမတူညီနိုင်တာတွေကိုယှဉ်ပြိုင်ဘို့ ကျိုးစား
နေခဲ့မယ်ဆိုရင်တော့ဘဝခရီးတလျှောက်လုံးပူလောင်ပင်ပန်းမှုဆင်းရဲမွန်းကြပ်မှုတွေနဲ့ ပဲနေထိုင်ရင်းဘဝနိဂုံးချုပ်မလှရတာ
သံဝေဂယူစရာတခုပါပဲ.ဟုတ်တယ်ဗျာပုံပြင်ထဲကနွားကြီးဟာဘယ်သူ့ ကိုမှယှဉ်ပြိုင်ဘို့ ကျိုးစားနေတာမဟုတ်ပါဘူးသူ့ ရဲ့ဘ
ဝပေးအခြေနေအရဖြစ်နေရတဲ့နွားဘဝကိုသာတန်ဘိုးရှိရှိနေနေတာပါ.ဝန်စည်စလှယ်တွေသယ်မယ်.ထွန်ယက်စိုက်ပျိုးရေး
မှာပါဝင်မယ်အသား.နို့ စတာတွေနဲ့ လူတွေကိုအကျိုးပြုမယ်ပေါ့ဒါဟာသူ့ ရဲ့ဘဝပေးအခြေနေအရလူလောကကြီးကိုတတ်
နိုင်သလောက်အကျိုးပြုပေးနေတာပဲဒါကိုကျနော်တို့ လက်ခံအသိမှတ်ပြုပေးနိုင်ရမယ်လေအဲဖားကြီးရဲ့အမြင်မှာတော့သူ
များခိုင်းတာကိုလုပ်နေရတဲ့အလကားကောင်ကြီးပါတဲ့.အဲဒီလိုသူများအရည်ချင်းကိုအသိမှတ်ပြုလက်ခံမပေးနိုင်တော့မတူ
တာကိုယှဉ်ပြိုင်ဘို့ ကျိုးစားရင်းဘဝနိဂုံးအဆုံးသတ်မလှခဲ့ရတာပေါ့ဗျာ.ဖားဘဝမှာရောဘာတွေလုပ်နိုင်မလဲ.သီးနှံဖျက်မဲ့ပိုး
မွှားလေးတွေကိုအစာအဖြစ်စားသောက်ခြင်းအားဖြင့်လူတွေကိုအကျိုးပြုနိုင်သေးတာပဲမဟုတ်လား.နွားတကောင်လောက်
မလုပ်နိုင်လို့ လဲဝမ်းနဲနေစရာ.အားငယ်နေစရာမလိုပါဘူး.ကိုယ့်အရည်ချင်းကိုမြင်အောင်ကြည့်.အကောင်းဆုံးဖြစ်အောင်
ကျိုးစားလုပ်ရင်းနဲ့ သူများရဲ့အရည်ချင်းကိုလည်းအသိမှတ်ပြုလက်ခံပေးနိုင်မယ်ဆိုရင်ဘယ်လောက်များကောင်းလိုက်မလဲ
ဗျာ.လူတိုင်းလူတိုင်းဟာလောကကြီးရဲ့အကျိုးစီးပွှားကိုကျရာ.ရောက်ရာနေအလှဆင်နေကြရတာမဟုတ်လားဗျာ.ဟုတ်
တယ်ဗျ.ကိုယ့်ပါတ်ဝန်းကျင်မှာရှိနေတဲ့သက်ရှိသက်မဲ့အရာအားလုံးဟာတနည်းမဟုတ်တနည်းနဲ့ လောကကြီးကိုအလှဆင်
နေကြတာမဟုတ်ပါလား.ဒီလိုမဟုတ်ပဲဖားတကောင်လိုကိုယ့်အရည်ချင်းကိုလည်းမသိနိုင်.မမြင်နိုင်ဖြစ်ပြီးသူတပါးအ
ကြောင်းကိုပဲစိတ်ဝင်စားပြီးယှဉ်ပြိုင်တိုက်ခိုက်ဖို့ ကျိုးစားနေမယ်ဆိုရင်တော့လောကကိုအရုပ်ဆိုးအကြီးတန်ဖြစ်အောင်
လုပ်နေတာနဲ့ အတူတူပါပဲ.လောကကြီးထဲမှာဖားလိုလူတွေဘယ်လောက်များရှိနေလိုက်မလဲနော်.တစုံတယောက်ရဲ့
ကောင်းမွန်မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ အရည်ချင်းကောင်းတွေကိုသာလေးစားမြတ်နိုးတန်ဖိုးထားနိုင်ခဲ့မယ်ဆိုပါလျှင်.ထိုအ
ရည်ချင်းကောင်းများမိမိထံသို့ ကူးစက်ရောက်ရှိလာကာမိမိသည်ပင်လျှင်လူတော်လူကောင်းတယောက်ဖြစ်လာနိုင်
သည်မဟုတ်ပါလော.ပုဂ္ဂိုလ်ရေးမနှစ်သက်မှု.အငြိုးတေးအာဃာတပေါ်တွင်မူတည်၍ဆန့် ကျင်ဘက်ပြုလုပ်နေမယ်ဆိုရင်
တော့အရည်ချင်းနိမ့်သထက်နိမ့်ကျကာလူ့ လောကရဲ့အောက်ဆုံးကိုရောက်ဘို့ ဆိုတာမလွဲပါဘူး.ဒါကြောင့်လူတယောက်
ရဲ့ကောင်းမွန်မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ အရည်ချင်းကိုအမှန်တိုင်းအသိမှတ်ပြုလက်ခံမပေးနိုင်တာဟာ.အင်မတန်ကြောက်စ
ရာကောင်းတဲ့အဆိပ်တမျိုးကိုလက်ဝယ်ထားပြီးစားသုံးနေတာနဲ့ အတူတူပါပဲလောကကြီးတခုလုံးကိုဇာတ်ခုံတခုအနေနဲ့ မြင်
တတ်ကြည့်တတ်မယ်ဆိုရင်တော့.သူရော.ကိုယ်ရောကျရာအခန်း.ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နေရတဲ့သူတွေဆိုတာ
သိသာပါတယ်လေ.အဲဒါပေမဲ့ကိုယ်ကျရာဇာတ်ရုပ်ကိုတော့ပီပြင်အောင်သရုပ်ဆောင်ဖို့ တော့လိုတယ်ပေါ့ဗျာ.ကိုယ့်အလုပ်
ကိုလုပ်.ကိုယ့်လမ်းကိုဖြောင့်ဖြောင့်တန်းတန်းသွားကြမယ်ဆိုရင်တော့လောကကြီးကိုအလှဆင်သူတယောက်ဖြစ်လာမှာပေါ့
ကဗျာဆရာဦးတင်မိုးကလည်းလောကရဲ့အလှတရားတွေကိုမြင်တတ်ကြည့်တတ်ဖို့ ကဗျာလေးတပုဒ်ရေးဖွဲ့ ခဲ့ဘူးတယ်လေ.
(အလှကိုယ်စီ)တဲ့ကျနော်တိုငယ်ငယ်ကသင်ခဲ့ရတဲ့ကဗျာလေးပါ.ဖိုးလမင်းလည်း.သူ့ အဆင်းနဲ့ အလင်းနဲ့ ဖယောင်းတိုင်လဲ
သူ့ အစွယ်နဲ့ အရွယ်နဲ့ ..စံပ္ပါယ်ဖူးလည်း.သူ့ ဂုဏ်ထူးနဲ့ ငုံဖူးနဲ့ တဲ့..လောကကိုအလှဆင်နေလိုက်ကြတာဗျာ.အဲနောက်ဆုံးမ
တော့ဆရာတင်ပြသွားတာကအချိန်အခါနေရာဒေသဌာနအလျှောက်.အရေးရောက်သည်.စွမ်းလောက်နိုင်သူချည့်ပါတကား
တဲ့.ဟုတ်တယ်ဗျာ.လူတိုင်း.အရာရာတိုင်းကိုလေးစားမြတ်နိုးတန်ဖိုးထားတတ်တဲ့ဆရာ့ကောင်းမွန်မြင့်မြတ်တဲ့စိတ်ဓာတ်ကို
အားကျအတုယူရင်း.ဖြစ်ရာဘဝ.ရောက်ရာအရပ်.ဘယ်လိုအခြေနေမှာမဆိုမိမိကိုယ်မိမိအကောင်းဆုံးဖြစ်အောင်ကျိုးစား..
သူတပါးကိုလည်းတန်ဖိုးထားလေးစားခြင်းအားဖြင့်.ဖားတကောင်ရဲ့စိတ်ဓာတ်မျိုးကိုရှောင်ပြီးလောကကြီးကိုအလှဆင်ကြပါ
စို့ လားဗျာ.
့