တနေ့ တော့အညာဒေသကကုန်လှောင်ရုံတရုံကိုမီးလောင်ပါလေရော..အညာဒေသဆိုတော့သိတဲ့အတိုင်းနဂိုကမှ
မီးထတောက်ချင်လောက်ကိုပူလောင်နေတတ်တာလေ.ကိုယ့်မွေးရပ်မြေမို့ သာမခွဲနိုင်မခွါနိုင်နေနေကြရတာဗျာဘယ်ဒေသရောက်ရောက်ဘယ်မြို့ သားလည်းမေးလို့ ဖြေမိတိုင်း(ဟား..ရေငန်သောက်.မြက်ခြောက်စား.)ဆိုခံရ
ကြာပြီဆိုတော့အရေထူနေပြီဆိုပါတော့ဗျာ..အဲပွါးနေတာနဲ့ လိုရာမေ၇ာက်ဖြစ်ဦးမယ်.ဆိုပါတော့ဗျာလောင်ပြီဆိုမှ
ဖြင့်ပြောင်မှရပ်တယ်ဆိုတာကျနော်တို့ အညာဒေသကထုံးစံလိုကိုဖြစ်နေတာ.ဒီတော့လည်းထုံးစံအတိုင်းမနိုင်မနင်း
ဖြစ်တော့တာပဲပေါ့.ဒီတော့လည်းအားကိုးရာအမှန်မီးသတ်ဦးစီးဌာနကိုအကူညီတောင်းကြရတာပေါ့ဗျာ..
မီးသတ် ။ ။ဟဲလိုမီးသတ်ဌာနကပါ..ဘာအကူညီပေးရမလဲ ..
ကုန်ရုံပိုင်ရှင် ။ ။ကျနော့်ကုန်ရုံမှာမီးလောင်နေပါတယ်ခင်ဗျာ.မီးအားကကောင်းနေတော့နောက်တရုံ
ကိုကူးတော့မဲ့အနေထားဖြစ်နေပါတယ်..ကျေးဇူးပြုပြီးမြန်မြန်လေးလာပါဗျာ..
မီးသတ် ။ ။ဟ..ခင်ဗျားတို့ ရေလေးဘာလေးနဲ့ များဝိုင်းမပက်ကြဘူးလား?
ကုန်ရုံပိုင်ရှင်။ ။ဟုတ်ကဲ့ခုဝိုင်းပြီးတော့ပက်နေကြတာပါပဲ..ဒါပေမဲ့မရပါဘူးမြန်မြန်လေးသာလာပါ..
မီးသတ် ။ ။ရေနဲ့ ပက်လို့ မှမငြိမ်းရင်တော့ကျုပ်တို့ လာနေလည်းအပိုပါပဲဗျာ..ဘာလို့ လဲဆို
ကျုပ်တို့ လာလည်းရေနဲ့ ပဲဝိုင်းပက်ကြမှာပါပဲတဲ့..

No comments:
Post a Comment