တခါကအဘိုးအိုတယောက်ဟာသူ့ ရဲ့မြေးကိုမိဘစကားကိုနားထောင်ဘို့ ဆုံးမပြီးတော့နေတယ်တဲ့...
အဘိုး...။ ။ငါ့မြေးရာမိဘရဲ့ပြောဆိုဆုံးမတဲ့စကားကိုနားထောင်ပြီးလက်ခံကျင့်သုံးကြည့်လိုက်စဉ်းပါ..
မင်းရဲ့ဘ၀မှာအစစအရာရာအားလုံးအဆင်ပြေလာလိမ့်မယ်.မိဘဆိုတာသားသမီးကိုဘယ်
တော့မှမကောင်းတာကိုလမ်းပြလေ့မရှိဘူးကောင်းတာကိုပဲလမ်းပြလေ့ရှိတယ်.ဒါကြောင့်မိ
ဘစကားဆိုတာမပါယ်ရှားကောင်းဘူးကွ.ပါယ်ရှားမယ်ဆိုရင်လည်းဆင်းရဲတတ်တယ်..ဒါ
ကြောင့်မိဘစကားနားထောင်စဉ်းပါ..စကားနားထောင်လို့ မှားတယ်ဆိုတာတယောက်မှမရှိ
ပါဘူး(.မိဘစကားနားထောင်ငြားကသံပြားကျောက်စောင်းကျိုသော်ပြောင်း)လို့ တောင်ဆို
ရိုးစကားရှိသေးတာကွာလို့ ပြောသတဲ့....
မြေး ။ ။အာ.အဘိုးကလည်းကျနော့်ကိုပဲပြောနေ......အဘိုးတုန်းကကြတော့ရောမိဘစကားနား
ထောင်ခဲ့လို့ လား . .မိဘတွေပြောဆိုဆုံးမနေတဲ့ကြား..လုံးဝသဘောမတူနိုင်ပါဘူးဆိုတဲ့
ကြားကပဲ.အဘွားကိုဇွတ်အတင်းခိုးပြေးခဲ့တာလေ.အဘွားပြောပြလို့ သိပါတယ်နော်.. အဘိုး။ ။(ဒေါသထွက်ပြီး)..ဒီမယ်ဟိတ်ကောင်မင်းငါ့ရဲ့ငယ်ကြိုးငယ်နာတွေပြန်ဖော်စရာမလိုဘူးကွ.
မင်းဟာမင်းနားထောင်ချင်ထောင်..မထောင်ချင်လဲနေကွ.မင်းကိုကြုံတုန်းပြောလိုက်ရဦးမယ်
မိဘစကားနားမထောင်တာငါမှမဟုတ်ဘူး..ဘုရားလောင်းတောင်နားမထောင်ခဲ့ဘူးကွ.မိဘ
ကတောမထွက်ပါနဲ့ မထွက်ပါနဲ့ ဆိုတဲ့ကြားကပဲဇွတ်အတင်းတောထွက်သွားခဲ့လို့ .ဘုရားဖြစ်
လာတာကွ..မိဘစကားနားထောင်ခဲ့မယ်ဆိုရင်ဘုရားကိုဖြစ်လာမှာမဟုတ်ဘူးဟူသတည်း..
No comments:
Post a Comment