တခါကဆရာမတဦးဟာသူတပည့်တွေကိုမြန်မာစာလုံးစတင်ပေါ်ပေါက်လာပုံနဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလဲ
လာပုံအကြာင်းကိုသင်ကြားနေသတဲ့..ဆရာမကသင်ပုန်းပေါ်မှာစာလုံးတလုံးရေးချလိုက်ပြီးသူ့ တပည့်တွေကိုမေး
လိုက်သတဲ့..
ဆရာမ။ ။ဒါကိုဘယ်လိုဖတ်မလဲတပည့်တို့ ...
ကျောင်းသား ။ ။(က)..ကကြီးပါဆရာမ....
ဆရာမ ။ ။ဒီလိုလေးပက်လက်လှန်လိုက်ရင်ကောကွယ်...
ကျောင်းသား ။ ။ (ယ)..ယပက်လက်ပါဆရာမ...
ဆရာမ ။ ။ဒီလိုလေးထောင်ရေးလိုက်ရင်ကော...
ကျောင်းသား ။ ။ (ဒ )..ဒဒွေးပါဆရာမ..
ဆရာမ ။ ။ဟုတ်ပြီ.စာလုံးအရေးသားဟာတဆင့်ဒီလိုပြောင်းလဲလာတာလို့ ရှင်းပြလိုက်ရင်းသင်ပုန်း.
ပေါ်မှာနောက်စာလုံးတလုံးကိုရေးချပြီးကျောင်းသားတွေကိုထပ်မေးလိုက်ပြန်တယ်ဒါရော
ကျောင်းသား ။ ။(ဂ )...ဂငယ်ပါဆရာမ..
ဆရာမ ။ ။ပက်လက်ကလေးလှန်လိုက်ရင်ကောကွယ်...
ကျောင်းသား ။ ။( ပ )..ပစောက်ပါဆရာမ..
ဆရာမ ။ ။ဟုတ်ပြီ..ဒါဆိုရင်ငါ့တပည့်တွေအားလုံးဆရာမဒီနေ့ သင်တာကိုကောင်းကောင်းနားလည်
ပြီလို့ ဆရာမယူဆတယ်..မရှင်းတာရှိရင်ဆရာမကိုမေးနိုင်တယ်..
ကျောင်းသား ။ ။( ည )ကိုပက်လက်လှန်ရင်ဘာဖြစ်လဲလို့ သိချင်လို့ ..( ည )ကိုဆရာမလှန်ပြပါ..
ဆရာမ ။ ။ဒါဆိုရင်အိမ်ပြန်ရောက်တော့မှမင်းအမေကိုမေးကြည့်ပါ..သူကောင်းကောင်းသိပါတယ်တဲ့
No comments:
Post a Comment