Sunday, February 5, 2012

ဓါတ်မနိုင်တဲ့ရွှေခြံသား

ဒါလေးကတော့ရွှေခြံသားကိုယ်တိုင်ပွေခဲ့ဘူးတဲ့အကြောင်းလေးပါဗျာ.

မမေးပါနဲ့ လို့ ဆိုနေ..နော်


ဘော်ဒါတို့ ရေဒီတခါတော့ရွှေခြံသားကြားဘူးခဲ့တဲ့ဟာသလေးတခုအကြောင်းကိုပြန်ပြီးလက်တို့ ပြီးတော့ပြောရဦး
မယ်.ဒီလိုဗျ.တောင်ဖီလာဆရာတော်ဆိုတာကြားဖူးကြတယ်ဟုတ်.သီလ.သမာဓိ.ပညာဂုဏ်တွေနဲ့ အထူးပြည့်စုံ
တော်မူလို့ ဘုရင်ကိုတိုင်ပူဇော်ကိုးကွယ်ခံရတဲ့မင်းပူဇော်ခံဆရာတော်တပါးပါပဲလေ.ဆရာတော်ရဲ့သီလသမာဓိကို
စမ်းသပ်ချင်တာနဲ့ ဘုရင်ကချောမောလှပတဲ့နန်းတွင်းသူတယောက်ကိုဆရာတော်သီတင်းသုံးရာတောကျောင်းကို
ညနေစောင်းမှာလွှတ်လိုက်ပြီးတညလုံးပဲဆရာတော်ကိုသီလပျက်အောင်သွေးဆောင်ဖြားယောင်းခိုင်းလိုက်တာပေါ့
နန်းတွင်းသူအချောလှလဲမိန်းမမာယာသဲကိုးဖြာဆိုသလိုနည်းမျိုးစုံနဲ့ ဆရာတော်သီလပျက်အောင်ကြိုးစားရတာပေါ့
လေ.မအောင်မြင်ရင်လဲသူ့ ခမြာဘုရင်ရဲ့အငြိုငြင်ခံအပြစ်ပေးတာကိုခံရဦးမှာမဟုတ်ပါလား.တော်တော်ဆိုးတဲ့ဘုရင်
ဗျာ.ကောင်မလေးခမြာသနားပါတယ်နော်.ရွှေခြံသားဆိုရင်တော့သနားတာနဲ့ သနားနေတော့မှာပဲလေဟီးဟီး.ဆရာ
တော်ကတော့သူ့ သီလကိုအပျက်လုံးဝမခံပဲခြေသလုံးကိုသင်တုံးဓါးနဲ့ လှီးပြီး.ဖြစ်လာတဲ့ဝေဒနာကိုတညလုံးဝေဒနာ
နုပသာနာကမဌာန်းကိုစီးဖြန်းရင်းကာမရာဂအနှောင်ဖွဲ့ ကိုလွှတ်မြောက်အောင်တွန်းလှန်နိုင်ခဲ့တယ်လေ.ဒါပေမဲ့နန်း
တွင်းသူလဲဘုရင်ဆီပြန်ပြီးအားလုံးအဆင်ပြေကြောင်းသံတော်ဦးတင်တော့တာပေါ့.ဒါနဲ့ ဘုရင်လဲသူ့ အကြံအောင်ပြီ
ဆိုပြီးနန်းတွင်းတခုလုံးရော.နန်းပြင်မှာပါထုံးစံအတိုင်းဖွတော့တာပဲပေါ့လေဒီလိုဆရာတော်ကိုမာတုဂါမနဲ့ ကာမအမှု
စွတ်စွဲ.သီလပျက်သူလို့ ပြောဆိုနေတာကိုဆရာတော်သိသွားတော့အားလုံးကိုသံသယရှင်းအောင်လုပ်ရတော့တာပေါ့
လေ.ဆရာတော်ကဘုရင်နဲ့ တကွနန်းတွင်းသူ၊နန်းတွင်းသားတွေနဲ့ ဒကာတွေကိုသူ့ ရဲ့စံကျောင်းကိုခေါ်ပြီးပြောတယ်
ဒကာတို့ ငါဟာလူသူကင်းဝေးတဲ့တောကျောင်းမှာတဦးတည်းသီတင်းသုံးနေရတာဆိုတော့သက်သေပြစရာလူမရှိဖူး
ဒီတော့ငါ့ကိုယ်ကျင့်သီလကိုသိတဲ့သူဟာသက်မဲ့ပစ္စည်းဖြစ်တဲ့ဟော့ဒီသင်တုံးဓားတချောင်းပဲရှိပါတော့တယ်.ဒီတော့
ငါ့ကိုယ်ကျင့်သီလကိုဒီသင်တုံးဓားကိုပဲသက်သေပြုပြီးသစ္စာဆိုပြပါမယ်ဆိုပြီး.ကျောင်းအနီးမှာရှိတဲ့ရေကန်မှာ...သူနဲ့ 
နန်းတွင်းသူမာတုဂါမတို့ ကာမအမှုဖောက်ပြန်ခဲ့ခြင်းမရှိကြောင်း.ကိုယ်ကျင့်သီလလုံးဝမပျက်စီးခဲ့တဲ့အကြောင်းသစ္စာ
ဆိုပြပြီးဓားမကိုရေကန်ထဲမှာငါးတကောင်လိုကူးခပ်စေခဲ့လို့ လဲဓားမကူးဆရာတော်ရယ်လို့ လဲနံမည်တွင်ခဲ့တဲ့ဆရာ
တော်တပါးပါပဲ.ဒီလိုသီလ.သမာဓိဂုဏ်တွေနဲ့ ပြည့်စုံခဲ့လို့ လဲဘုရားဆုကိုရည်သန်တောင့်တခဲ့တာဖြစ်ပါလိမ့်မယ်ဗျာ
ဒါနဲ့ ဆရာတော်ကြီးလဲတနေ့ သီတင်းသုံးဖော်ရဟန်းတွေနဲ့ ထွေရာလေးပါးစကားစမြည်ပြောကြရင်း.သူ့ ဆန္ဒကိုဖော်
ထုတ်တဲ့အနေနဲ့ .အရှင်ဘုရားတို့ တပည့်တော်ကတော့သစ္စာလေးပါးမြတ်တရားကိုကိုယ်ပိုင်ညဏ်နဲ့ ထိုးထွင်းသိမြင်
နိုင်တဲ့ဘုရားဆုကိုရည်သန်တောင့်တပါတယ်ဘုရားပေါ့.အရှင်ဘုရားတို့ ရောဘယ်လိုဆုမျိုးများရည်သန်တောင့်တကြ
ပါသလဲပေါ့မေးတော်မူလိုက်တယ်ဆိုရင်ပဲ..သီတင်းသုံးဖော်ရဟန်းတွေကလဲသူတို့ ဆန္ဒလေးတွေကိုအသီးသီးဖော်ပြ
ကြပြီးဝိုင်းဝန်းပြီးသာဓုခေါ်ကြပေါ့လေ.အဆင်ပြေနေကြတယ်ပေါ့.ဒါနဲ့ တောထွက်ကိုယ်တော်ကြီးအလှည့်ရောက်တယ်
ဆိုရင်ပဲဆရာတော်ကြီးထုံးစံအတိုင်းပဲမေးတော်မူတာပေါ့လေ.ဟမင်းရော.ဘယ်လိုလဲပေါ့....ဒီတော့တောထွက်ကိုယ်
တော်ကြီးကလဲပြန်ပြီးလျှောက်တယ်..မမေးပါနဲ့ ဘုရားပေါ့.ဒီအခါဆရာတော်ကြီးက.ဟကောင်ရကိုယ့်ဆန္ဒကိုယ်ဖော်ပြ
တာပဲကွာဘာပဲဖြစ်ချင်ဖြစ်ချင်ပေါ့လို့ ...ထပ်ပြီးမိန့် လိုက်ပြန်တယ်...ဆရာတော်ကြီးသဘောကတော့သူ့ ရှေ့ကကိုယ်
တော်တွေရဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်ကိုအတုယူအားကျပြီးမြင့်မြတ်ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်စေချင်တဲ့သဘော
ပါ..ဒါလဲတောထွက်ကြီးကတော့မမေးပါနဲ့ ဘုရားပဲပေါ့..သုံးကြိမ်တိုင်တိုင်ဟင့်အင်း..မဖြေပါရစေနဲ့ ပဲပေါ့လေ...ဆရာ
တော်ကြီးကမင်းရင်ထဲဖြစ်ချင်တာသာပြောပါကွာ..ဘာပဲဖြစ်ဖြစ်ပေါ့လို့ ထပ်လဲမိန့် လိုက်ရော..တောထွက်ကိုယ်တော်
ကြီးလဲ..အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်ပုံက..တပည့်တော်ကဘုရားရဲ့အဖေပဲဖြစ်ချင်တာဟူသတည်း..
.ဒီတော့မှဆရာတော်ကြီးလဲ..ဟေလကွာ..မင်းဆုတောင်းကလဲလို့ ပြောလိုက်ရင်းပြုံးတော်မူခဲ့ရတဲ့ဗျာ..သူ့ ဆုတောင်း
ကလဲအမိုက်သားပဲနော်.ရွှေခြံသားကတော့ကြိုက်သွားတာပဲ.ဘုရားအဖေဖြစ်ပြီဆိုမှတော့ဘာမှသိပ်ပြီးကျင့်ကြံကြိုးစား
အားထုတ်စရာမလိုတော့ဘူးမဟုတ်ပါလား.ကိုယ့်သားဟောတဲ့တရားကိုအေးအေးဆေးဆေးနာပြီးနိဗာန်သွားရုံပဲမဟုတ်
ပါလား..ဟီးဟီးဟီး  .....                                   (အားလုံးငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေဗျာ)
                                                                                                 ပျှော်တတ်တဲ့ရွှေခြံသား

အစကကြိုသိခဲ့ရင်တော့...

ဒါလေးကတော့ရွှေခြံသားတို့ ရွာထဲကလေဒီဝင်းရဲ့အကြောင်းဗျ.သူ့ နံမည်အရင်းကတော့ဒေါ်ခင်ဝင်းပေါ့ဗျာ.အတော့်
ကိုရိုးသားပြီးလင်ယောကျာင်္းကိုလေးစားမြတ်နိုးတန်ဖိုးထားတတ်တဲ့နေရာမှာတော့စံနမူနာထားလောက်လို့ လေဒီဝင်း
လို့ ခေါ်နေကြတာဗျ.ဒီတော့ဗျာသူ့ ကို.အမရာ.ကိန္နရီ.မဒီ.သဗ္မူလတို့ လိုတော်လေးဝတဲ့မိန်းမမြတ်စာရင်းထဲသွင်းလို့ 
ရွာမှာတော့သူ့ ကိုလေဒီဝင်း..လေဒီဝင်းနဲ့ ဂုဏ်ပြုပြီးခေါ်လိုက်ကြတာနံမည်ကိုကြီးလို့ ပေါ့ဗျာ...ပြီးတော့လဲရတနာအ
မြတ်သုံးပါးကိုလဲအမြဲပဲရိုရိုသေသေနဲ့ ကိုးကွယ်တည်းကပ်တတ်သူရယ်လေ.မနက်စောစောဆွမ်းချက်ပြီးရင်ဆွမ်းဦး
ပေါင်းသားကိုဘုရားမှာဆွမ်းတော်ကပ်ပြီး.သံဃာတွေအတွက်ဆွမ်းတော်အတွက်ဖယ်ထားပြီးမှကျန်တဲ့အလယ်သားကို
ယောကျာင်္းအတွက်ထားပြီးမှအောက်ဆုံးထ္မင်းသားနဲ့ ချိုးသားကိုမှသူနဲ့ သူ့ သားလေးနှစ်ယောက်စားကြတာဗျာ.ကဲဘယ်
လောက်အတုယူစရာကောင်းလိုက်လဲလို့ ဗျာ.ယောကျာင်္းကျေးဇူးကိုသိတတ်သူဆိုတော့လဲဘာမဆိုဦးဦးဖျားဖျားပဲပေါ့.
ဒဒီလိုနဲ့ နေလာလိုက်ကြတာသားလေးနှစ်ယောက်လဲ(၁၂)နှစ်(၁၃)နှစ်အရွယ်လူပျိုပေါက်စအရွယ်ကိုရောက်ရောဆိုပါ
တော့ဗျာ.ဒီလိုနဲ့ တနေ့ တော့ညီအကိုနှစ်ယောက်ညအိပ်ယာဝင်ရင်းစကားပြောနေကြတာပေါ့.အကိုကြီးလုပ်တဲ့သူကစ
ပြီးပြောသတဲ့ဗျ.ဒီလိုဒီလို.ညီလေးရာမင်းတော့မသိဘူးကွာ.အကိုကြီးတော့ည.ညကောင်းကောင်းကိုအိပ်လို့ မရပါဘူး
ကွာပေါ့.တညလုံးကိုတောင့်တင်းနေတော့တာပဲကွာ.မင်းရောဘယ်လိုလဲပေါ့.ဒီလိုမေးလိုက်တယ်ဆိုရင်ပဲ.ညီလုပ်သူလဲ
ဟာ.အကိုကြီးကလဲ..ညီလေးလဲဘယ်နေလိမ့်မလဲ.တောင့်တာပဲပေါ့.ရှုးပေါက်ချင်တယ်ထင်လို့ ခဏတိုင်းထသွားတော့
လဲပေါက်လို့ မရပါဘူးဗျာပေါ့လို့ ပြန်ပြောလိုက်တယ်.ဒီအချိန်မှာလဲသူတို့ အမေလေဒီဝင်းတယောက်လဲသားနှစ်ယောက်
ကိုကိုအိပ်.မအိပ်လာပြီးအကဲခတ်ရင်းနဲ့ သူတို့ ပြောတဲ့စကားတွေကိုကြားသွားတော့တာပေါ့.လေဒီဝင်းလဲသူ့ သားတွေ
ပြောတဲ့စကားကဆန်းနေတာနဲ့ ဆက်ပြီးနားထောင်နေတော့တာပဲပေါ့လေ.ဟိုညီအကိုနှစ်ယောက်ကတော့အရှိန်နဲ့ 
ဆက်ပြီးပွှားနေကြတာပေါ့.ညီလုပ်တဲ့သူကပဲဆက်ပြီးပြောတယ်.အကိုကြီးရာညီလေးတို့ လဲထ္မင်းစားတိုင်းချိုးပဲအမြဲစား
နေရလို့ လားမသိပါဘူးဗျာ.ကျောင်းကထ္မင်းချိုးပဲစားရတဲ့သူငယ်ချင်းတွေလဲတော်တော်တောင့်ကြတယ်ပြောတယ်အကို
ကြီးရလို့ ပြောရင်းနဲ့ ပဲအိပ်ကြတာပေါ့ဗျာ.ဒီတော့မှပဲလေဒီဝင်းလဲစဉ်းစားစရာတွေတလှေကြီးအိပ်ရာဝင်ရတော့တာပေါ့
လေ.မနက်မိုးလဲလင်းရော.လေဒီဝင်းတယောက်လဲထုံးစံအတိုင်းစောစောထပြီးဝတ္တရားအတိုင်းပဲဆွမ်းထပြီးချက်တော့
တာပေါ့လေ.ဆွမ်းလဲကျက်ရောသိတဲ့အတိုင်းပေါ့.ဘုရားဆွမ်းတော်အတွက်ဆွမ်းဦးသားပေါင်း...အလယ်သားကိုတော့
ဆွမ်း တော်အတွက်ဖယ်ထားပြီး.သူ့ ယောကျာင်္းအတွက်ခူးရမဲ့အချိန်ကြတော့မှလေဒီဝင်းတယောက်လဲညကသူ့ သား
တွေပြောခဲ့တဲ့စကားကိုပြန်ကြားပြီးချက်ချင်းပဲမဆုံးဖြတ်နိုင်အောင်ဖြစ်နေတော့တာပေါ့လေ.နောက်တော့မှကလေးဆို
တာမညာတတ်ပါဘူးလို့ သတိရလိုက်ပြီး..ယောကျာင်္းအတွက်ခူးထည့်မဲ့ပန်းကန်ကိုခေတ္တဘေးကိုချထားလိုက်ပြီး.သားနှစ်
ယောက်အတွက်ပန်းကန်ထဲကိုထမင်းအလယ်သားတွေကိုခူးထည့်လိုက်တော့တာပေါ့လေ.သူ့ ယောကျာင်္းအတွက်တော့
ရှယ်ချိုးသားလေးတွေပဲပေါ့.အဲထမင်းစားချိန်လဲရောက်ရောသားနှစ်ယောက်လဲထမင်းစားဘို့ ဆင်းလာကြတော့တာပေါ့
လေ.သူတို့ စားနေကြပန်းကန်ကိုလဲကြည့်လိုက်ရောဖြူဖြူဖွေးဖွေးထမင်းတွေကိုမြင်လိုက်ရတော့တာပေါ့လေ.ဒါနဲ့ သား
နှစ်ယောက်လဲပန်းကန်ခြင်းလွဲနေတယ်ထင်တာနဲ့ သူတို့ စားနေကြချိုးထည့်ထားတဲ့ပန်းကန်ရှိရာကိုပြိုင်တူလက်လှမ်း
လိုက်တယ်ဆိုရင်ပဲ.လေဒီဝင်းလဲအလွန်လျှင်မြန်တဲ့အမြန်နုံးနဲ့ သားနှစ်ယောက်ရဲ့လက်ကိုပုတ်ထုတ်လိုက်ပြီး..ဟဲ့ဒါမင်း
တို့ အဖေအတွက်လူကြီးစာ.လို့ ပြောလိုက်သတဲ့လေ.ရွှေခြံသားကတော့ခုချိန်ထိချိုးသားလေးကိုမစားရသေးဘူးဗျ.အိမ်
ကနန္ဒာလှိုင်ကပေါင်းအိုးနဲ့ ချက်တာဆိုတော့ချိုးသိပ်မကပ်ဘူးလေ..ကပ်ပြန်ရင်လဲသူဟာသူစားချင်စား.မစားရင်လဲလွှင့်
ပစ်လိုက်တာများပါတယ်လေ.ချိုးသားအကြောင်းသူသိထားပြီးတော့.ရွှေခြံသားကိုမကျွေးရဲလို့ လဲနေမှာပေါ့လေနော့.ရိပ်
မိပြီ.ရိပ်မိပြီ..ရိပ်မိမှတော့ဘာရမှာလဲနန္ဒာလှိုင်ရယ်ပေါ့.ဒီတခါမီးပျက်လို့ မီးသွေးဖို့ နဲ့ ထမင်းချက်ရင်တော့.ထမင်းနှပ်ထား
တုံးမီးဖိုကိုယပ်ခတ်ပေးပြီး.ချိုးကပ်အောင်လုပ်ပြီးမှ.ချိုးသားတွေကိုတဝကြီးစားပြီးဒီတခါတော့တွေ့ ကြသေးတာပေါ့နန္ဒာ
လှိုင်ရယ်ဟုသာ..ဟင်း..(ထမင်းချက်တိုင်းချိုးကပ်တတ်သောညီမငယ်များအပေါ်အပြစ်မမြင်ချစ်ခင်နိုင်ကြစေဖို့ .ဒီပိုစ့်လေးကိုတင်ပါတယ်)
..အားလုံးငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေဗျာ...ပျှော်တတ်တဲ့..
                                                                       ရွှေခြံသား