Sunday, February 5, 2012

မမေးပါနဲ့ လို့ ဆိုနေ..နော်


ဘော်ဒါတို့ ရေဒီတခါတော့ရွှေခြံသားကြားဘူးခဲ့တဲ့ဟာသလေးတခုအကြောင်းကိုပြန်ပြီးလက်တို့ ပြီးတော့ပြောရဦး
မယ်.ဒီလိုဗျ.တောင်ဖီလာဆရာတော်ဆိုတာကြားဖူးကြတယ်ဟုတ်.သီလ.သမာဓိ.ပညာဂုဏ်တွေနဲ့ အထူးပြည့်စုံ
တော်မူလို့ ဘုရင်ကိုတိုင်ပူဇော်ကိုးကွယ်ခံရတဲ့မင်းပူဇော်ခံဆရာတော်တပါးပါပဲလေ.ဆရာတော်ရဲ့သီလသမာဓိကို
စမ်းသပ်ချင်တာနဲ့ ဘုရင်ကချောမောလှပတဲ့နန်းတွင်းသူတယောက်ကိုဆရာတော်သီတင်းသုံးရာတောကျောင်းကို
ညနေစောင်းမှာလွှတ်လိုက်ပြီးတညလုံးပဲဆရာတော်ကိုသီလပျက်အောင်သွေးဆောင်ဖြားယောင်းခိုင်းလိုက်တာပေါ့
နန်းတွင်းသူအချောလှလဲမိန်းမမာယာသဲကိုးဖြာဆိုသလိုနည်းမျိုးစုံနဲ့ ဆရာတော်သီလပျက်အောင်ကြိုးစားရတာပေါ့
လေ.မအောင်မြင်ရင်လဲသူ့ ခမြာဘုရင်ရဲ့အငြိုငြင်ခံအပြစ်ပေးတာကိုခံရဦးမှာမဟုတ်ပါလား.တော်တော်ဆိုးတဲ့ဘုရင်
ဗျာ.ကောင်မလေးခမြာသနားပါတယ်နော်.ရွှေခြံသားဆိုရင်တော့သနားတာနဲ့ သနားနေတော့မှာပဲလေဟီးဟီး.ဆရာ
တော်ကတော့သူ့ သီလကိုအပျက်လုံးဝမခံပဲခြေသလုံးကိုသင်တုံးဓါးနဲ့ လှီးပြီး.ဖြစ်လာတဲ့ဝေဒနာကိုတညလုံးဝေဒနာ
နုပသာနာကမဌာန်းကိုစီးဖြန်းရင်းကာမရာဂအနှောင်ဖွဲ့ ကိုလွှတ်မြောက်အောင်တွန်းလှန်နိုင်ခဲ့တယ်လေ.ဒါပေမဲ့နန်း
တွင်းသူလဲဘုရင်ဆီပြန်ပြီးအားလုံးအဆင်ပြေကြောင်းသံတော်ဦးတင်တော့တာပေါ့.ဒါနဲ့ ဘုရင်လဲသူ့ အကြံအောင်ပြီ
ဆိုပြီးနန်းတွင်းတခုလုံးရော.နန်းပြင်မှာပါထုံးစံအတိုင်းဖွတော့တာပဲပေါ့လေဒီလိုဆရာတော်ကိုမာတုဂါမနဲ့ ကာမအမှု
စွတ်စွဲ.သီလပျက်သူလို့ ပြောဆိုနေတာကိုဆရာတော်သိသွားတော့အားလုံးကိုသံသယရှင်းအောင်လုပ်ရတော့တာပေါ့
လေ.ဆရာတော်ကဘုရင်နဲ့ တကွနန်းတွင်းသူ၊နန်းတွင်းသားတွေနဲ့ ဒကာတွေကိုသူ့ ရဲ့စံကျောင်းကိုခေါ်ပြီးပြောတယ်
ဒကာတို့ ငါဟာလူသူကင်းဝေးတဲ့တောကျောင်းမှာတဦးတည်းသီတင်းသုံးနေရတာဆိုတော့သက်သေပြစရာလူမရှိဖူး
ဒီတော့ငါ့ကိုယ်ကျင့်သီလကိုသိတဲ့သူဟာသက်မဲ့ပစ္စည်းဖြစ်တဲ့ဟော့ဒီသင်တုံးဓားတချောင်းပဲရှိပါတော့တယ်.ဒီတော့
ငါ့ကိုယ်ကျင့်သီလကိုဒီသင်တုံးဓားကိုပဲသက်သေပြုပြီးသစ္စာဆိုပြပါမယ်ဆိုပြီး.ကျောင်းအနီးမှာရှိတဲ့ရေကန်မှာ...သူနဲ့ 
နန်းတွင်းသူမာတုဂါမတို့ ကာမအမှုဖောက်ပြန်ခဲ့ခြင်းမရှိကြောင်း.ကိုယ်ကျင့်သီလလုံးဝမပျက်စီးခဲ့တဲ့အကြောင်းသစ္စာ
ဆိုပြပြီးဓားမကိုရေကန်ထဲမှာငါးတကောင်လိုကူးခပ်စေခဲ့လို့ လဲဓားမကူးဆရာတော်ရယ်လို့ လဲနံမည်တွင်ခဲ့တဲ့ဆရာ
တော်တပါးပါပဲ.ဒီလိုသီလ.သမာဓိဂုဏ်တွေနဲ့ ပြည့်စုံခဲ့လို့ လဲဘုရားဆုကိုရည်သန်တောင့်တခဲ့တာဖြစ်ပါလိမ့်မယ်ဗျာ
ဒါနဲ့ ဆရာတော်ကြီးလဲတနေ့ သီတင်းသုံးဖော်ရဟန်းတွေနဲ့ ထွေရာလေးပါးစကားစမြည်ပြောကြရင်း.သူ့ ဆန္ဒကိုဖော်
ထုတ်တဲ့အနေနဲ့ .အရှင်ဘုရားတို့ တပည့်တော်ကတော့သစ္စာလေးပါးမြတ်တရားကိုကိုယ်ပိုင်ညဏ်နဲ့ ထိုးထွင်းသိမြင်
နိုင်တဲ့ဘုရားဆုကိုရည်သန်တောင့်တပါတယ်ဘုရားပေါ့.အရှင်ဘုရားတို့ ရောဘယ်လိုဆုမျိုးများရည်သန်တောင့်တကြ
ပါသလဲပေါ့မေးတော်မူလိုက်တယ်ဆိုရင်ပဲ..သီတင်းသုံးဖော်ရဟန်းတွေကလဲသူတို့ ဆန္ဒလေးတွေကိုအသီးသီးဖော်ပြ
ကြပြီးဝိုင်းဝန်းပြီးသာဓုခေါ်ကြပေါ့လေ.အဆင်ပြေနေကြတယ်ပေါ့.ဒါနဲ့ တောထွက်ကိုယ်တော်ကြီးအလှည့်ရောက်တယ်
ဆိုရင်ပဲဆရာတော်ကြီးထုံးစံအတိုင်းပဲမေးတော်မူတာပေါ့လေ.ဟမင်းရော.ဘယ်လိုလဲပေါ့....ဒီတော့တောထွက်ကိုယ်
တော်ကြီးကလဲပြန်ပြီးလျှောက်တယ်..မမေးပါနဲ့ ဘုရားပေါ့.ဒီအခါဆရာတော်ကြီးက.ဟကောင်ရကိုယ့်ဆန္ဒကိုယ်ဖော်ပြ
တာပဲကွာဘာပဲဖြစ်ချင်ဖြစ်ချင်ပေါ့လို့ ...ထပ်ပြီးမိန့် လိုက်ပြန်တယ်...ဆရာတော်ကြီးသဘောကတော့သူ့ ရှေ့ကကိုယ်
တော်တွေရဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်ကိုအတုယူအားကျပြီးမြင့်မြတ်ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်စေချင်တဲ့သဘော
ပါ..ဒါလဲတောထွက်ကြီးကတော့မမေးပါနဲ့ ဘုရားပဲပေါ့..သုံးကြိမ်တိုင်တိုင်ဟင့်အင်း..မဖြေပါရစေနဲ့ ပဲပေါ့လေ...ဆရာ
တော်ကြီးကမင်းရင်ထဲဖြစ်ချင်တာသာပြောပါကွာ..ဘာပဲဖြစ်ဖြစ်ပေါ့လို့ ထပ်လဲမိန့် လိုက်ရော..တောထွက်ကိုယ်တော်
ကြီးလဲ..အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်ပုံက..တပည့်တော်ကဘုရားရဲ့အဖေပဲဖြစ်ချင်တာဟူသတည်း..
.ဒီတော့မှဆရာတော်ကြီးလဲ..ဟေလကွာ..မင်းဆုတောင်းကလဲလို့ ပြောလိုက်ရင်းပြုံးတော်မူခဲ့ရတဲ့ဗျာ..သူ့ ဆုတောင်း
ကလဲအမိုက်သားပဲနော်.ရွှေခြံသားကတော့ကြိုက်သွားတာပဲ.ဘုရားအဖေဖြစ်ပြီဆိုမှတော့ဘာမှသိပ်ပြီးကျင့်ကြံကြိုးစား
အားထုတ်စရာမလိုတော့ဘူးမဟုတ်ပါလား.ကိုယ့်သားဟောတဲ့တရားကိုအေးအေးဆေးဆေးနာပြီးနိဗာန်သွားရုံပဲမဟုတ်
ပါလား..ဟီးဟီးဟီး  .....                                   (အားလုံးငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေဗျာ)
                                                                                                 ပျှော်တတ်တဲ့ရွှေခြံသား

No comments:

Post a Comment