Monday, August 29, 2011

ကျနော်လေးဖြူ

ကျနော်နန္ဒာလမ်းလျှောက်ထွက်ကြလို့ ကိုယ့်သားသမီးအရွယ်တူတူမအရွယ်လေးတွေနဲ့ တွေ့ လို့ နုတ်ဆက်ကြရင်
ကျနော့်မဟေသီကိုတော့အံတီနန္ဒာလမ်းလျှောက်လား.ဘာလားပေါ့.အဲကျနော်ကိုတော့ဦးလေးဖြူကြီးတဲ့.အဲသလို
နုတ်ဆက်လိုက်လို့ ကတော့ရွှေခြံသားတို့ ကဘဝင်ကခပ်ကိုင်ကိုင်ရယ်.မြှောက်ပေးမှန်းသိပေမဲ့ပြုံးပြုံးနဲ့ ပဲပေါ့.ငါ့ကို
အဆိုတော်လေးဖြူနဲ့ တူလို့ နေမှာဆိုပြီးထူးလိုက်ရတာဗျာအမောဗျာခြင်းကိုထပ်နေတော့တာပေါ့အဟဲ.စိတ်ထဲမှာ
တော့တွေးမိလိုက်သေး.ပြည်သူတွေမြှောက်စားမှတော့တောက်ကြွားရမဲ့သားပါပေါ့.အဲသူတို့ ကပွဲတောင်းနေမှတော့
ကိုယ်ကလည်းမြို့ မေတ္တာခံယူ.အဲလေအရပ်မေတ္တာခံယူရတော့မှပေါ့လေ.ဒါနဲ့ ပဲအိမ်ပြန်ရောက်ရောက်ချင်းဖျော်ဖြေ
ရေးအစီစဉ်စရတော့တာပေါ့လေလေးဖြူရဲ့ဗွီစီဒီခွေရှာ.မိုက်တွေဘာတွေတပ်ပြီး.ဟဲလိုအသံစမ်းနေပါတယ်ပေါ့.ဟလို
testing 123.ဟဲလိုပေါ့.အဲဒီမှာပဲနန္ဒာရောက်လာပြီးနေပါဦးရှင်ဘာတွေလုပ်နေတာလဲအချိန်မတော်ညကြီးမင်း  
ကြီးမှာ.ဒီတော့ကျနော်လည်းဟနန္ဒာလှိုင်ရမင်းလည်းမကြားဘူးလားလမ်းလျှောက်ထွက်တုံးကငါ့ကိုဦးလေးဖြူကြီး
ဦးလေးဖြူကြီးနဲ့ ဝိုင်းပြီးပွဲတောင်းနေလိုက်ကြတာမင်းလည်းသိသားနဲ့ .ဒီတော့ငါလည်းသူတို့ စိတ်ကျေနပ်လောက်
အောင်တော့လုပ်ပေးရမှာပေါ့ကွမဟုတ်ဘူးလား.ဘာလဲမင်းကငါ့ကိုမယုံတော့ဘူးလား.အသက်ကြီးပေမဲ့မပျက်စီး
သေးပါဘူးကွမင်းလည်းသိသားနဲ့ ပေါ့.ကိုယ်ငယ်ငယ်ကျောင်းတက်နေတုံးကဆိုတညလုံးအဆောင်စဉ်လျှောက်အ
သံနဲ့ နှိပ်စက်.ဟုတ်ပေါင်လိုက်ပြီးဖျော်ဖြေခဲ့တာတွေကိုမင်းလည်းခံစားဖူးခဲ့သားနဲ့ ဟုတ်တယ်ဟုတ်.အဲကျနော်နဲ့ ဝါ
သနာတူစောက်ဆိုးများရဲ့ကောင်းမှုကြောင့်နန္ဒာတို့ တဆောင်လုံးညစဉ်အိပ်ရေးပျက်ခဲ့ရတာတွေကိုပါ.အဟဲကျနော်
နဲ့ ညားပြီးမှသူပြန်ပြောပြတာ.ဒီတော့မှနန္ဒာလည်းဒီမယ်တော်မကြီးမငယ်နဲ့ ထဖို့ တော့မစဉ်းစားနဲ့ တဲ့ .ကျနော်လည်း
သူ့ စကားကြောင့်ကျိတ်ပြီးတော့ပြုံးလိုက်မိတယ်ကျနော်ကကိုယ့်ကိုကိုယ်တော့နဲနဲလေးကြီးတယ်ထင်ထားတာ(အသက်
အသက်)ခုတော့မဟေသီကိုယ်တိုင်ဖွင့်ပြောလာတာတော်မကြီးမငယ်နဲ့ ဆိုတော့အရွယ်တော်ပေါ့ဖစ်ဆိုက်ပေါ့.အမ
လေးဒါဆိုတော်ပါသေးပေါ့ဟုတ်တယ်ဗျလောကကြီးထဲမှာဘယ်အရာမဆိုသိပ်ပြီးအစွန်းရောက်လွန်းရင်ကောင်းတာ
မဟုတ်ဘူးလေ.သိပ်ကြီးလွန်း.သိပ်ငယ်လွန်း.သိပ်လည်လွန်း.သိပ်အလွန်း.အဲဒါတွေကိုပြောတာပါဗျာ.ခုတော့ရွှေခြံသား
လေးအရွယ်တော်ဆိုတော့အဲဒါကိုသဘောကျလို့ ပြုံးတာပါဗျာ.ဒီတော့နန္ဒာလှိုင်ကဆက်ပြီးဒီမယ်တော်ဘာတွေကလီ
ကမာလုပ်ဖို့ စဉ်းစားပြီးပြုံးနေပြန်တာလဲ.တော့်ကိုဘယ်သူကမှလဲသီချင်းတောင်းဆိုထားတာမရှိပါဘူး.ဒီတော့တော်သီ
ချင်းဆိုဖို့ လုံးဝမစဉ်းစားနဲ့ တော့.ကျုပ်တိုက်ဆောက်ဖို့ အတွက်လဲခဲတွေ.အုတ်ခဲကျိုးတွေလဲမလိုသေးဘူးတဲ့.အဲလို
ပဲနန္ဒာလှိုင်ကအားပေးကောင်းတာဗျ.အဲဒါနဲ့ ကျနော်လည်းဟ.ဒါဆိုငါ့ကိုဦးလေးဖြူကြီး..လေးဖြူကြီးလို့ ဘာလို့ ခေါ်လဲ
ပေါ့ဂုတ်ကျားမှန်းသိအောင်ဟောင်ပြ.အဲလေလေးဖြူမှန်းသိအောင်နဲနဲလေးတော့ဟဲပြလိုက်ချင်သေးတာပေါ့လေ.ဘာ
လို့ ခေါ်လဲသိချင်ရင်တဲ့တော့်ကိုတော်မှန်ထဲမှာပြန်ကြည့်လိုက်တဲ့..ဆံပင်ဖြူ.နုတ်ခမ်းမွှေးဖြူ.မုတ်ဆိတ်မွှေးဖြူ.ပါးသိုင်း
မွှေးဖြူ.တာတွေပေါင်းပြီး..လေးဖြူလို့ ခေါ်ကြတာသိပလားတဲ့.အဲလိုနန္ဒာကအကြောင်းစုံရှင်းပြလိုက်ရော.ကျနော်လည်း
အရမ်းတင်းသွားတော့တာပေါ့.အချိန်တန်ပြီကိုဗျနော်.ညရောက်တိုင်းလည်းရွှေခြံသားတို့ ကအမြဲပဲတင်းနေကြပါ.ဂုတ်
ကြောတို့ .ဇက်ကြောတို့ .ဒူးကြော.ပေါင်ကြောစသည်ဖြင့်ပေါ့လေ.အဲလိုအဲလိုတင်းတတ်တာ.ကိစ္စမရှိပါဘူးဗျာဘေးမှာ
အားကိုးစရာနန္ဒာတယောက်လုံးရှိနေတာပဲ.တယောက်ထဲတင်းနေရင်သာမလွယ်တာဗျအဟဲ.ကျနော်ဘယ်လောက်ပဲ
တင်းတင်းနန္ဒာကိုပဲအားကိုးရပါတယ်ဗျာသူကအပြုစုကောင်းတော့တင်းသမျှကိုပြေလို့ .ဒါကြောင့်ရွှေခြံသားတို့ လန်းနေ
ကျနော်လည်းခပ်တင်းတင်းရှိတာနဲ့ နန္ဒာဖက်လှည့်ပြီးထောင်ပေးလိုက်တော့တာပဲပေါ့.တလွဲတော့မထင်လိုက်ကြပါနဲ့ ဗျာ
ဒီလိုကျနော့်နန္ဒာကသဘောကောင်းတယ်ဆိုပေမဲ့သူ့ ယောကျာင်္းကိုထိလာရင်တော့နဲနဲလေးမှသီးခံတတ်တာမဟုတ်ဘူး
တရပ်လုံးနဲ့ တယောက်ထဲလဲလာထားချဲလင်းပဲ.ဒါကြောင့်သူ့ ဘက်ကိုလှည့်ပြီးထောင်လိုက်တယ်လို့ ပြောတာဗျ.အဲလိုအဲလို
ဒီမယ်နန္ဒာ.မင်းယောကျာင်္းကိုအဲဒီလိုမှိုချိုး.မျှစ်ချိုးပြောကြတာကို.မင်းဒီအတိုင်းပဲလက်ခံနေတော့မှာလားလို့ .အဲလိုထောင်
ပေးလိုက်ရော.ဝုန်းဆိုသူလည်းထပြီးတင်းတော့တာပဲဗျို့ .သူတင်းပြီဆိုမှတော့ဖြင့်ရွှေခြံသားတာဝန်ကျလာတော့တာပေါ့
လင်မယားဆိုတာဒီလိုပါပဲလေ.သူတင်းကိုယ်လျှော့.ကိုယ်တင်းသူလျှော့ပေါ့.ဒါနဲ့ ကျနော်လည်းမိုက်ကြိုးလေးအသာဖြုတ်သူ
လက်ထဲအပ်.ပြီးတော့မှ.အလင်းရောင်.အလင်းရောင်..ရင်ခုန်သံတွေနီးစပ်ပါရစေအချစ်ရယ်လို့ နန္ဒာကြားရုံဟဲလိုက်ပြီး
သူတင်းနေတာတွေဆွဲပေး(အဲဂုတ်ကြော.ဒူးကြော.ပေါင်ကြော.အဲ.အဲ)လိုက်ရကြောင်းပါဗျား...

Saturday, August 27, 2011

နန္ဒာမသိတဲ့ဖား

လေမလာမိုးမရွာပဲနဲ့ ဗျိုင်းထောင်မလား.ဖားရိုက်မလားစကာင်္ပူကိုသာသွား.ရွာကရောင်းမစွံတဲ့အပျိုကြီးအပျိုလေး
တွေအမြန်စွံချင်သလားစကာင်္ပူကိုသာသွားတဲ့.ဒါကကြော်ညာအစီစဉ်မဟုတ်ဘူးနော်.စလုံးကပြန်လာတဲ့ညီလေးတ
ယောက်လ္ဘက်ရည်ဆိုင်ထိုင်ရင်းအာနေတာကိုပြောပြတာတိုက်ဆိုင်မှုရှိလို့ မေတ္တာပို့ လိုသူများ.သူ့ ရဲ့mailနဲ့ ဖုန်းနံပါတ်
ရွှေခြံသားဆီမှာရှိတယ်နော်.တောင်းယူပြီးလွတ်လပ်စွာဆူကြဆဲကြပါကုန်.ဖားသံလဲကြားရောခင်ဗျားတို့ ရွှေခြံသားလည်း
ခေါင်းထောင်သွားတော့တာပေါ့.သိတယ်ဟုတ်.ရွှေခြံသားကဖားရိုက်ချန်ပီယံလေ.ငယ်ငယ်ကပါဗျာ.မိုးကျပြီဆိုရင်ခမောက်
ဆောင်း.ဖားရိုက်မီးကိုင်.ပလိုင်းလွယ်ပြီးထွက်တော့တာပဲဗျို့ .ရွာစဉ်လည်ပြီးလက်သံပြခဲ့တာ.ခုဖားဆိုတဲ့အသံကြားရတော့
သွေးဆူလာတော့တာပဲဗျို့ .ကျနော်ထင်တာကဖားဆိုတာမိုးကျမှရွာစဉ်လည်ပြီးရိုက်ရတာလောက်ပဲသိထားတာဗျခုတော့
စလုံးမှာမိုးမရွာပဲဖားရိုက်ရတယ်ပြောတော့.ဟ.ဟမင်းတို့ ဖားကဘာဖားတုံးကွလုပ်စမ်းပါဦးပေါ့.ဒီတော့သူပြောပြတာကလူ
ဖားတဲ့ဗျ..ဒါနဲ့ ကျနော်လည်းဟကောင်ရ.ငါကရွာမှာနေပေမဲ့.ခုလိုခေတ်မှီဖွံ့ ဖြိုးတိုးတက်နေတဲ့အိုင်တီခေတ်ကြီးထဲမှာငါလဲ
အင်တာနက်တွေဘာတွေနဲ့ မဝေးပါဘူးကွ.မင်းပြောတဲ့လူဖားကိုwebပေါ်မှာတခါမှမတွေ့ ဘူးပါဘူးဆိုတော.ဟာဘဲကြီးဒိတ်
အောက်နေပါပြီတဲ့..မတတ်နိုင်ဘူးလေကိုယ်ကမေးမိမှခံရပြီပေါ့.နားကိုမုဒိန်းအကျင့်ခံလိုက်ရတာလေ.ပြောမှာပေါ့သူကနိုင်
ဂန်ဂျားဗြန်ကြီးကိုဗျ.သူကဆက်ပြီးပြောသေးတယ်ဗျကျနော်တို့ စလုံးမှာဆိုရင်တဲ့.မြန်မာတွေကသူတို့ ကိုသူတို့ ရွှေ
ဆိုးပေတို့ မောင်မဲတို့ ဆိုရင်တော့(ဘ).ဖိလစ်ပင်းဆိုရင်(ဖား).ဗီယက်နာမ်ဆိုရင်(ဗျိုင်း).အင်ဒိုဆိုရင်(အ).ထိုင်းတွေ
ဆိုရင်တော့(ယ)စသည်ဖြင့်ခေါ်ကြောင်းသေချာရှင်းပြတော့.ကျနော်လည်းသဘောပေါက်ပါပြီဆိုပြီးခပ်ရွဲ့ ရွဲ့ လေးနဲ့ 
ထပြီးလက်ခုပ်တီးလိုက်တာဘောကျသွားတာပေါ့.အတွင်းခံဂွပြဲနေလို့ .ကျနော်လည်းစားဖားတော့ရိုက်ဖူး.စားဖူးတယ်
လူဖားဆိုတာတော့ရိုက်လည်းမရိုက်ဘူး.စားလည်းမစားဘူးသေးတော့ရိုက်ကြည့်ချင်နေတာပေါ့ဗျာ.ဒါနဲ့ အိမ်ကနန္ဒာလှိုင်
ကိုအဆိုတင်သွင်းရတော့တာပဲဗျို့ .ဒီမှာကွာရာသီဥတုကလည်းမကောင်း.မိုးလေမမှန်နဲ့ ဆိုတော့လုပ်ရကိုင်ရတာသိပ်အ
ဆင်မပြေဘူးဆိုတော့.စလုံးသွားပြီးဖားလေးဘာလေးရိုက်ရကောင်းမလား.အဲလေယောင်သွားလို့ .အလုပ်လေးဘာသွား
လလုပ်ရကောင်းမလားပေါ့.အဲဒီလိုအဆိုတင်သွင်းလိုက်တယ်ဆိုရင်ပဲ.ဒီမယ်တော့်ကိုနိုင်ငံခြားမှာ(၁၅)နှစ်လုံးလုံးလွှတ်ပေး
ထားခဲ့တာ.ခုပြန်ရောက်တာမှမကြာသေးဘူး.စလုံးကိုပြန်ထွက်ဘို့ တော်ပြောပြန်ပြီ.တော့်ကိုဘယ်မှလွှတ်ဘို့ အစီစဉ်မရှိဘူး
ဒါပဲတဲ့.နန္ဒရဲ့ ဗီတိုအာဏာကြောင့်ရွှေခြံသားရဲ့ ဖားရိုက်အစီစဉ်လေးလည်းလွှတ်တော်တင်ပြီးမဲတောင်မခွဲလိုက်ရပါဘူးဗျာ.
ကျနော်အဆိုကိုပြန်ရုပ်သိမ်းပါတယ်ပေါ့.ထုံးစံအတိုင်း.မတတ်နိုင်ဘူးဗျာ.ကျနော်ကသူ့ ခွင်ထဲပြန်ရောက်နေခဲ့ပြီကိုး.အရင်က
ရွှေခြံသားကသူ့ ရဲ့လွတ်မြောက်နယ်မြေမှာဆိုတော့အဆိုတင်စရာမှမလိုတာ.အရမ်းသတိရတာပဲဗျာလွတ်လပ်ပျှော်ရွှင်စွာ
နေထိုင်သွားလာလုပ်ကိုင်ခဲ့ရတာတွေကိုပါ.ကိုယ့်အချိန်နဲ့ ကိုအလုပ်လုပ်.အချိန်တန်လစာရ.ရတဲ့လစာကလည်းကိုယ့်အ
တွက်သာမက.မိသားစုကိုပါထောက်ပံ့နိုင်တော့ရှယ်ပေါ့.ခလုပ်ဖွင့်မီးလာရေလာ.အင်တာနက်ဆိုတာလည်းကောင်းသလားမ
မေးနဲ့ .အလုပ်ပြီးလို့ ကွန်ပျုတာရှေ့ခဏထိုင်လိုက်ရင်ကမ္ဘာကိုပါတ်ပြီးသား.ပူသလားအဲယားကွန်း.အေးရင်ဟီတာလေးနဲ့ ခြင်
လုံခန်းမှာနှပ်ခဲ့ရတာလေးတွေကိုပါ.အဝေးကွင်းမှာအနေကြာတော့အိမ်ကွင်းမှာတော့သိပ်ပြီးအဆင်မပြေလှဘူးဗျာနောက်
လည်းဒီပုတ်ထဲကဒီပဲဖြစ်လာတော့မှာပေါ့ဖားရိုက်ချင်တာနဲနဲဒါလေးတွေကိုတမ်းတမိတာကခပ်များများပါဗျာ.ဘယ်ရောက်
သွားပါလိမ့်.အဲနန္ဒာကဆက်ပြောတယ်တော်ဖားကြော်စားချင်တာလောက်နဲ့ တော့စလုံးကိုသွားဘို့ မစဉ်းစားပါနဲ့ တဲ့တော်
ဘယ်ဖားစားချင်တာလဲတဲ့.ကုန်းဖား.မြစ်ဖား.သဲဖားကြိုက်တာသာပြောတဲ့ .သူကတော့မယားဝတ္တရားကျေရှာပါတယ်ဗျာ
ဘော်ဒါတို့ တော့ရိပ်မိလောက်မယ်ထင်တယ်.အဲကျနော်စားချင်နေတာကနန္ဒာမသိတဲ့ဖားဗျ.. .






Friday, August 26, 2011

ခေတ်သစ်တော်လှန်ရေးသမား

ကျနော်ရွှေခြံသားအသက်လေးကနဲနဲရလာတော့ဘာမဆိုတော်တော်လေးကိုမေ့တတ်လာတယ်.တခါကအပြင်ကို
တယောက်ထဲသွားရင်းခပ်ချောချောမိန်းမတယောက်ပြုံးပြနေတာနဲ့ .ဟာအတော်ပဲငါတော့စန်းတွေပွင့်လာပြီထင်
တယ်ပေါ့.သွားပြီးကြောင်မယ်စဉ်းစားနေတုံး.သူကကျနော်ဆီတန်းတန်းမတ်မတ်ရောက်လာပြီး.ဒီမယ်တ်ာကျုပ်ကို
ကြည့်ပြီးဘာတွေပြုံးနေတာလဲလို့ မေးလိုက်တော့မှပဲ.ဟာဒါဆိုရင်တော့အိမ်ကနန္ဒာလှိုင်ဆိုပြီးသတိရသွားတော့တာ
အဲဒီတော့လည်းချောလဲရောထိုင်လျှောချလုပ်ရတော့တာပေါ့ဗျာ.ဘာရယ်လို့ တော့မဟုတ်ပါဘူးကွာ.ကိုယ့်မိန်းမက
ကြည့်ရင်းနဲ့ ကိုလှလှလာလို့ ပေါ့ကွာလို့ ပြောလိုက်တော့မှပဲနန္ဒာလဲနဂါးမျက်စောင်းလေးနဲ့ ပဲကျေနပ်သွားတတ်တာ
ဒီလိုပဲကိုယ်မှားသွားတိုင်းနန္ဒာကိုလျှောချနေကြဗျ.ရွှေခြံသားတို့ ကလည်းဒီလိုခွင်ဆိုအပိုင်ပေါ့ဗျာအဟဲ.ထားတော့ဗျာ
ကျနော်မေ့တတ်တာကိုပြောတာ.အဲဒီတော့ကျနော်အတွက်ကူညီဖို့ p.s.oတယောက်လိုလာတော့တာပေါ့.ဘာရမ
လဲဗျာအမျိုးတွေပဲ.နန္ဒာကိုဆွဲစေ့လိုက်တာပေါ့.ဒီလိုနဲ့ နန္ဒာလဲကျနော်ကိုယ်ရေးအထူးအရာရှိဖြစ်လာပါလေရော.ဒီလို
နဲ့ လကုန်ရက်ရောက်တိုင်းသူနဲ့ ကျနော်တလအတွင်းဘာတွေလုပ်ခဲ့သလဲ.ဘာတွေလုပ်ဖို့ ကျန်သေးလဲပေါ့နန္ဒာလဲ
တင်ပြရတာပေါ့.သူတင်ပြတိုင်းလည်းကျနော်ကသေသေချာချာကြည့်လေ့ရှိပါတယ်.သူပြတုံးကြည့်ရတာမဟုတ်လား
 ဒီလိုနဲ့ မတ်လduty reportမှာကြည့်လိုက်တော့(၁)ရက်နေ့ ကနေလကုန်ရက်ထိအားလုံးကိုတော်လှန်ရေးနေ့ .
လို့ ပဲရေးထားတာတွေ့ လိုက်ရတယ်ဆိုရင်ပဲ..ဟ .ဟနန္ဒာလှိုင်ရတော်လှန်ရေးနေ့ ဆိုတာမတ်လ(၂၇)ရက်နေ့ 
ပါကွ.ဘာလို့ တလလုံးလုံးတော်လှန်ရေးနေ့ ကြည့်ပဲဖြစ်နေရတာလည်းကွဟေ.ဒီတော့မှနန္ဒာပြန်ပြောလိုက်တာက
တော်က(၂၇)ရက်နေ့ တရက်ထဲတော်လှန်တာမှမဟုတ်တာတဲ့.၁ရက်နေ့ ကနေ၃၁ရက်နေ့ ထိတောက်လျှောက်ပဲတဲ့
အင်းဒီတော့မှပဲရွှေခြံသားလည်းကိုယ့်ကိုကိုယ်တော်လှန်ရေးသမားကြီးမှန်းသိလိုက်ရပါတော့တယ်.အင်းဂျပန်ခေတ်
ကများဆိုမော်ကွန်းဝင်တွေဘာတွေများဖြစ်နိုင်တယ်ပေါ့မဆီမဆိုင်.ဒါပေမဲ့ပေါ့ဗျာအမျိုးချစ်သူရွှေခြံသားကတော့
 မျိုးချစ်စိတ်ဓါတ်ပြည့်ဝစွာနဲ့ ပဲခေတ်သစ်တော်လှန်ရေးကြီးကိုရဲဝံ့ပြောင်မြောက်စွာဆက်လက်၍ဆင်နွဲနေဦးမည်သာ.
အားပေးကြပါကုန်.

Thursday, August 25, 2011

ကျနော့်အကြောင်း

ကျနော့်ကိုမန္တလေးတိုင်းမြင်းခြံမြို့ မှာအဖဦးဖေညွှန့် နဲ့ အမိဒေါ်ခင်ဌေးရီတို့ ကနေမွေးဖွားခဲ့ပါတယ်.ကျနော့်မိဘ
တွေကလူချမ်းသာတွေဗျ.(ငွေမဟုတ်ဘူးနော်လူပဲပြောတာ).မောင်နှစ်မ(၁၃)ယောက်ကိုရှိတယ်.ဒါကြောင့်ပြော
တာနော်.၁၀တန်းစာမေးပွဲကိုအ.ထ.က(၁)မြင်းခြံကနေအောင်မြင်ခဲ့တယ်.အဲပြီးတော့နည်းပညာတက္ကသိုလ်နဲ့ မန်း
တက္ကသိုလ်တွေမှာသွားယောက်ယောင်..အဲလေသူများသိတာမှမဟုတ်တာခပ်တည်တည်ပဲပေါ့.တက်ရောက်ပညာ
သင်ကြားပြီးတော့ပေါ့ဗျာ.နန္ဒာလှိုင်နဲ့ အဟဲ..ချစ်ချင်း.မေတ္တာတရားကိုအခြေခံတည်ဆောက်ထားတဲ့အိမ်ထောင်လေး
တခုရှိတယ်ပေါ့ဗျာ.လွတ်လပ်မှုနဲ့ တရားမျှတမှုကိုလိုလားတယ်.ငြိမ်းချမ်းခြင်းကိုနှစ်သက်တယ်.အပြစ်ကင်းတဲ့ပျှော်
ရွှင်မှုကိုလိုလားတယ်.သာယာပျှော်ရွှင်တဲ့မိသားစုဘဝကိုတောင့်တယ်.အပြစ်ကင်းတဲ့အသက်မွေးမှုကိုအလိုရှိတယ်
ဖြူစင်တဲ့ထမင်းတလုပ်ကိုမက်မောတယ်.ဒါကြောင့်ချစ်တဲ့မိသားစုနဲ့ အိမ်ကွင်းကိုခွါပြီး.အဝေးကွင်းမှာထွက်ကန်နေတဲ့
ဘောသမားတယောက်ပေါ့.ရေပါတ်လည်ဝိုင်းနေတဲ့ကုန်းမြေကိုကျွန်း..အကြွေးများနဲ့ ဝိုင်းနေသူကိုလွှမ်းမိုး.ဆိုလို့ ရှိရင်
တက္ကသိုလ်ကျောင်းသား(၃)ယောက်ကိုတပြိုင်တည်းထောက်ပံ့နေရတဲ့ရွှေခြံသားလည်းခုလောလောဆည်ဆည်မှာ
လွှမ်းမိုးတယောက်ပဲပေါ့.ဘဝလိုအပ်ချက်တွေအတွက်ကျိုးစားရုန်းကန်ရင်း.ဘဝအမောတွေကိုအပြစ်ကင်းတဲ့ပျှော်စရာ
လေးများနဲ့ ဖြေဖျောက်နေတတ်သူ.ဒါကြောင့်ပျှော်စရာလေးတွေကိုတွေးတယ်.ရေးတယ်ဖတ်တယ်ပေါ့ဗျာ.နေ့ ဆိုင်း
ညဆိုင်းမအားရအောင်အလုပ်လုပ်နေရင်းက..မရမကအချိန်ယူ.ဘလော့တခုဖန်တီးရင်း.ကိုယ်ထင်ရာကိုရေးပြီးလက်
ကမြင်းကြောထနေတတ်သူ.ကျောင်းနေတုံးကတော့ညစဉ်အဆောင်တကာလှည့်အသံနဲ့ နှိပ်စက်တတ်ပြီး.ခုတော့အင်
တာနက်ပေါ်မှာ.စာရေးပြီးနှိပ်စက်နေတတ်သူ.ခုချိန်ထိဘာကိုမှတိတိကျကျသိကြောင်းတတ်ကြောင်းနားလည်ကြောင်း
လူသိရှင်ကြားမပြောရဲ.မဆိုရဲသေးတဲ့.အသက်သာကြီး၍အချိန်မစီးသေးသည့်လူတယောက်ပေါ့.ကိုယ့်အမှားတွေကို
မြင်အောင်ကြည့်ပြီးပြင်နိုင်အောင်ကျိုးစားနေတတ်ပေမဲ့.သူတပါးကိုအပြစ်ပြောဘို့ ဝန်လေးနေတတ်သူ.အမှားတွေကို
ထောက်ပြဝေဖန်ပေးမဲ့မိတ်ဆွေကောင်းတွေကိုလက်ကမ်းကြိုဆိုနေရင်း..လူတိုင်းကိုမျှော်လင့်ချက်ကင်းကင်းဖြင့်ရိုးသား
စွာခင်မင်တတ်သော....ရွှေခြံသားပေါ့ဗျာ.......

Wednesday, August 24, 2011

ကျနော်သိသောခက်ဆစ်များ

                                           ( အိမ်ထောင်ရှင်ယောကျာင်္း)                  
ယူပြီးနောက်ပြန်ပေး၍လည်းမရနိုင်.အလိုက်ပေး၍လဲရန်လည်းမဖြစ်နိုင်တော့သောမိမိဇနီးသည်မှလွဲ၍မြင်မြင်သမျှ
အပျိုကြီး.အပျိုလေး.တခုလပ်.မုဆိုးမမကျန်.မြင်မြင်သမျှသူ့ ထက်လှ၍.ငါဘာကြောင့်ဒီမိန်းမကိုလက်ထပ်ခဲ့တာလဲ
လို့ ကိုယ့်ကိုကိုယ်အချိန်ပြည့်မေးခွန်းထုတ်ရင်း.အစာမကြေပဲအမြဲရင်ခံနေတတ်သူ..
                                          (   အိမ်ထောင်ရှင်မိန်းမ )      ကမ္ဘာပေါ်မှာအညံ့ဆုံး.အထုံထိုင်းဆုံး.ပြောဆိုဆုံးမရအခက်ခဲဆုံးလူတယောက်ကိုခုမှပဲတွေ့ ဘူးတော့တယ်ဟုနောင်
တကြီးစွာရနေ.ပြောနေတတ်သူ..ငါ့ယောကျာင်္း.ငါ့ကိုဘယ်တော့မှပြန်မလှန်ရဲဘူးဟူ၍လူအများကြားမှာဂုဏ်ယူပြော
ဆိုနေသော်လည်း.သားသား.မီးမီးလေးများတယောက် ပြီးတယောက်မွေးနေတတ်သူနတ်ရေကန်ဆိုတာရှိခဲ့လျှင်
အမြန်ခုန်ချပြီး originalပြန်ဖြစ်ရင်ကောင်းမှာပဲဟုအမြဲတွေးပြီးနေတတ်သူ.မဆီမဆိုင်ဘုရားသခင်က.ငါ့အိပ်ရာ.
ပေါ်မှာဒီလောက်ညံ့တဲ့လူတယောက်လာထားသွားပါလိမ့်ဟုတခါတရံတွေးနေတတ်တဲ့သူ.
                                                   (  လူပျိုကြီး  )
အကြောင်းအမျိုးမျိုးကြောင့်အရွယ်လွန်ဟိုင်းနေရသော်လည်းအပျိုကြီး.အပျိုလေး.တခုလပ်.မုဆိုးမမကျန်မြင်မြင်
သမျှဖြီး၍ပြပြီး.ဖဲထုပ်ထဲမှဂျိုကာဖဲချပ်လိုတက်ဖဲနှင့်တွဲ၍ဒေါင်းရန်အမြဲချောင်း၍အဆင်သင့်စောင့်နေတတ်သူ....
(voltအား၁၀၀၀၀၀ဗို့ .သတိနဲ့ ရှောင်ကြရှားကြပါကုန်.)
                                                      (အပျိုကြီးမမ)
အရွေးလွန်ဇီဇာကြောင်လွန်းသဖြင့်အရွယ်တော်တဆိတ်ဟိုင်း၍နှစ်ဆယ်ကျော်အစိတ်ပိုင်းသို့ ဝင်ရောက်စပြုနေ   
သော်လည်း.ဗြဟ္မာဘုံမှဆင်းလာသဖြင့်အိမ်ထောင်ရေးကိုစိတ်မဝင်စားသလိုနေပြပြီး.ဘုရားတရားကိုဇွတ်မှိတ်လိုက်
စားရင်း.ဒီထက်ပိုပြီးအသက်ကြီးမသွားသေးခင်ရတာလေးပဲဖမ်းဆွဲရရင်ကောင်းမလားဟုကျိတ်ပြီးကြံစည်နေတတ်သူ
                                                       (ရွှေခြံသား)
အညာမှာမွေးသဖြင့်အသားညိုသော်လည်းဖြူစင်သောနှလုံးသားဖြင့်အရမ်းချစ်တတ်ခင်တတ်သော(အထူးအားဖြင့်
ကောင်မလေးများသာ)အသက်နှစ်ဆယ်ကျော်ခပ်ချောချော.မလည်မဝယ်ကောင်လေးတယောက်ပေါ့.ယုံပါဗျာအဟဲ

ဆုတောင်းမှားခဲ့လေသလော

                               (  ဆုတောင်းမှားခဲ့လေသလော) 
ဂင်္ဂါမြစ်မှ..သဲလုံးမျှသား                                                           
လောကထွဋ်ဆင့်..ငါးမာန်ရ်လွင့်တို့ 
ပွင့်ကြလှိုင်ကြူ..အဆူဆူတွင်
ငါနဲ့ သူသည်....
မကွေမကွာ..အနေကြာအောင်
ရှိပါစေကြောင်း..ဆုမွန်ကောင်းကို
တောင်းဆုမယူ..ငါနဲ့ သူသည်
ဆုတောင်းမှားခဲ့လေသလော.
                သို့ 
ဆုတောင်းမထားခဲ့လေသလော.. 

ဘယ်သူကပိုသလဲ

တခါတုံးကဘာကိုမှအကောင်းမမြင်တတ်တဲ့လူတယောက်ရှိခဲ့တယ်ဗျ.တနေ့ တော့ခပ်ရိုးရိုးအေးအေးနေတတ်တဲ့
အမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျပါလေရော.ဒီလူဟာနေရာတကာသူလုပ်ရတာမှမဟုတ်ရင်အရာရာကိုအ
ပြစ်မြင်အပြစ်ပြောလေ့ရှိတယ်.သိပ်ကိုအတ္တကြီးတတ်တဲ့လူတယောက်ပေါ့.ရထားတဲ့မိန်းမကလည်းအေးအေးဆို
တော့အမြဲပဲချီးတုံးခွေးနိုင်ဆိုသလိုပဲပေါ့ဗျာ.ကြာလာတော့သူ့ မိန်းမမပြောနဲ့ ဘေးကလူတွေတောင်သီးမခံနိုင်ဖြစ်
လာတော့တာ.တနေ့ တော့မိန်းမလုပ်သူကအလုပ်တခုလုပ်နေတယ်.မကောင်းမြင်ဝါဒသမားကတော့ဘာမှကူမ  
လုပ်တဲ့အပြင်ဘေးထိုင်ဘုပြောဒါပဲတတ်တာ.အဲဒီမှာတင်သူ့ ဝသီအတိုင်းအပြစ်ပဲစပြောတော့တာပေါ့.ဟဒါလေးများ
မလုပ်တတ်ဘူးလား.ဟာညံ့လှချီလားကွဟေ.ဟောဟောပြောရင်းဆိုရင်းနဲ့ ကိုညံ့ပြန်ပါပြီလို့ တရစပ်ပဲပြောတော့တာ
ပေါ့.မိန်းမလုပ်သူကအလုပ်ကိုခဏနားလိုက်ပြီး.သူ့ ယောကျာင်္းကိုလှည့်ကြည့်လိုက်တယ်.တင်းတော့အတော်တင်းနေ
ပြီပေါ့.ဒါပေမဲ့တော်တော်သီးခံရှာပါတယ်..သူကသီးခံနေပေမဲ့လို့ ဟိုအကောင်ကတော့ဆက်ရန်ရှိသေးသည်ဆိုသလို
ငါလေမင်းကိုယူမိတာများမှားပါတယ်ကွာ.မင်းဟာငါထင်ထားတာထက်တောင်ပိုပြီးညံ့နေပါရောလားကွဟေ.ငါ့စိတ်ထဲ
မတော့မင်းထက်ညံ့တဲ့သူတောင်မင်းလောက်တော့ညံ့မယ်မထင်ဘူးလို့ ပြောလိုက်တယ်ဆိုရင်ပဲ..မိန်းမလည်းဆက်သီး
မခံနိုင်တော့တာကြောင့်လုပ်လက်စအလုပ်ကိုဝုန်းကနဲပြစ်ချလိုက်ပြီး..ဒီမယ်.ဒီမယ်လောကကြီးထဲမှာအလွန်တော်တဲ့
တတ်တဲ့မိန်းမတွေအများကြီးရှိတယ်ဆိုတာဟုတ်သလားလို့ မေးလိုက်တယ်ဆိုရင်ပဲ..ဟိုအကောင်ကသိပ်ဟုတ်တာပေါ့
ကွာမင်းနဲ့ ယှဉ်လိုက်လို့ ကတော့အားလုံးဟာအတော်တွေဘဲကွ..အဲဒီမှာတင်ဟိုမိန်းမကပြန်ပက်တော့တာပဲဗျို့ .ချကွ
ရွှေခြံသားတို့ ကလည်းဘေးကနေအမြင်ကပ်နေတာကြာပြီပေါ့..အဲဒီလောက်တော်တဲ့.တတ်တဲ့မိန်းမတွေအများကြီးရှိ
တဲ့ အထဲကနေမှ.ကျုပ်လိုအညံ့ဆုံးမိန်းမတယောက်ကိုပဲရအောင်ယူနိုင်တယ်ဆိုကတည်းကရှင်အရမ်းကိုညံ့လိုဆိုတာ
သဘောပေါက်..အဲဒါရှင်အရမ်းကိုညံ့လို့ .တော်တော်လေးကိုညံ့လို့ တဲ့..ကဲမှတ်ကရော.                                   
(သက်ရောက်မှုတိုင်းမှာတူညီတဲ့တန်ပြန်သက်ရောက်မှုတွေရှိကြောင်းနဲ့ .ယခုလက်ရှိလက်ဝယ်ပိုင်ဆိုင်ရရှိထားသော
အရာအားလုံးထက်မရသေးသောအရာများကပိုကောင်းသည်ထင်တတ်သောလူ့ သဘောသဘာဝကိုတင်ပြလို၍ဒီပိုစ့်
လေးကိုတင်ပါတယ်).IF i devalue you..i devalue my self..တဲ့..

Tuesday, August 23, 2011

ပိုတောင်ပိုသေးတယ်

ဒါကတော့ရွှေခြံသားငယ်ငယ်ကအကြောင်းလေးပေါ့ဗျာ.အဲကျနော်တတိယနှစ်စက်မှုကျောင်းဘဝကပေါ့.ကျောင်း
ပိတ်တုံးအိမ်အလည်ပြန်တုံးဖေဖေကပြောတယ်..ငါ့သားကြီးရာမင်းရောက်တုံးဆိုင်ကယ်လေးကြည့်ပေးစမ်းပါဦးစက်
သံသိပ်မကောင်းဘူးပေါ့.အင်ဂျင်နီယာကျောင်းသားကြီးကျနော်ကိုပညာစမ်းချင်တာလား.အားကိုးချင်တာလားမသိ
ဘူးဗျ.ရွှေခြံသားလည်းဘာရမတုံးဗျအစွမ်းပြရတော့တာပေါ့ဗျာ.overallကိုင်လိုက်ရမလားဖေဖေဆိုတော့..ဖေဖေ 
လည်းဟာကောင်းတာပေါ့ငါ့သားရာချကွတဲ့..အိမ်မှာကလည်းစက်ပြင်ဘို့ အတွက်လိုအပ်တဲ့boxspannerတို့ တခြား
လိုအပ်တာမှန်သမျှအားလုံလည်းရှိနေတာဆိုတော့ချက်ချင်းပဲလက်စွမ်းပြတော့တာပေါ့ဗျာ.မကြာပါဘူးဆိုင်ကယ်တ 
စင်းလုံးတစစီဖြစ်သွားတော့တာပေါ့.ရွှေခြံသားကွအဟဲ.ဒီထိတော့အေးအေးဆေးဆေးပေါ့ဗျာ.ဖေဖေလည်းသား  
တော်မောင်အစွမ်းတွေကိုကြည့်ပြီးအားရနေတာပေါ့ဗျာ.အဲအကြောင်းမှမသိသေးတာကို..ပြီးတော့အားပေးသေး
တယ်.အားလုံးစစ်ကြည့်ပြီးသွားရင်လိုအပ်တာရှိလဲပြောပေါ့ကွာတဲ့.ဒါနဲ့ ရွှေခြံသားလည်းအကုန်လုံးသေသေချာချာ
စစ်ရတော့တာပေါ့..အင်းဒါကတော့ကောင်းတယ်.ဒါကတော့ကိစ္စမရှိဘူး..ဒါကတော့ဒီတိုင်းပြန်ထည့်ဆိုပြီးတော့လုပ်
ချလိုက်တာ..စစ်ဆေးရေးပြီးတော့မကြာခင်မှာပဲပြန်လည်တတ်ဆင်ရေးအပိုင်းကိုစတော့တာပေါ့ဗျာ.ဆိုင်ကယ်တ
စင်းလုံးလည်းပြန်တပ်ပြီးလို့ ရုပ်လုံးပေါ်လာရောဖြုတ်ချခဲ့တုံးကပစ္စည်းအသေးမွှားလေးတွေထည့်တဲ့ဆီခံတဲ့ကန်ထဲ
မှာဆိုင်ကယ်နဲ့ ဆိုင်တဲ့နတ်တို့ .မူလီတို့ .ဝါရှာတို့ စသည်ဖြင့်ပေါ့လေသေးသေးမွှားမွှားလေးတွေတော်တော်များများ
ပိုနေတာကိုတွေ့ လိုက်ရတော့တယ်.အဲဒီမှာပဲဖေဖေရောက်လာပြီး..ဘယ်လိုလဲကွသားရ.ဘာတွေလိုအပ်လဲလို့ မေး
ပါလေရော.ဒီအခါမှာကျနော်လည်းဆီကန်ကိုလက်ညိုးထိုးပြလိုက်ပြီး.ဘာမှကိုမလိုပါဘူးဖေဖေ..ဖေဖေမြင်တဲ့အတိုင်း
ပိုတောင်ပိုသေးတယ်လို့ ပြောလိုက်တယ်.အဲဒီတော့မှပဲဖေဖေလည်းသဘောပေါက်သွားပြီး.ကိုင်းကိုင်းငါ့သားပိုတာ
လေးတွေကိုစုပြီး.ဆိုင်ကယ်ကိုပြင်တဲ့ဆိုင်သာတွန်းပြီးအမြန်သွားပို့ လိုက်တော့လို့ ပြုံးပြီးပြောလိုက်တော့တယ်.    
(သားသမီးအပေါ်ယုံကြည်မှု.ခွင့်လွှတ်နားလည်မှု.များစွာဖြင့်ချစ်ခင်ပြုစုသွားခဲ့သောကွယ်လွန်သူကျေးဇူးရှင်ဖခင်ကြီး ဦးဖေညွှန့် အားလွမ်းဆွတ်သတိရစွာဖြင့်ဒီပိုစ်လေးကိုတင်ပါတယ်).မတော်တဆရွှေခြံမြို့ ကိုရောက်ခဲ့လို့ ဆိုင် 
ကယ်ပြင်လိုရင်.ရဲမြင့်အောင်(ရွှေခြံသား)ဆိုတဲ့ဆိုင်ကိုဝေးစွာရှောင်ကြ.ရှားကြပါကုန်..                                   
                                                                                                       ပျှော်တတ်တဲ့ရွှေခြံသား

Sunday, August 21, 2011

ေ၇ွှဘနောက်ပိုင်းကြမ်းမယ်.

တခါကမင်းသားရွှေဘခေတ်ကောင်းစားနေချိန်ကပေါ့.ကျနော်တို့ ရွာကိုမြို့
ကရုပ်ရှင်ပြတဲ့အဖွဲ့ ရောက်လာတယ်ဗျ.ခုခေတ်လိုတီဗွီကြီးနဲ့ ခန်းခန်းနားနား
ပြနိုင်သေးတာမဟုတ်ဘူး.သမဆိုင်ကပိတ်ဖြူစတွေစပ်ဟပ်ချုပ်ပြီးပိတ်ကား
လုပ်ပြီးစက်ကနေစလိုက်ထိုးပြရတာပေါ့.ပြမဲ့ဇာတ်ကားကလည်းကျနော်တို့ 
ရွာရဲ့အသဲစွဲမင်းသားကြီးကိုရွှေဘဆိုတော့လည်းတရွာလုံးကလေးကစခွေးအ
ဆုံးအားပေးကြတာပေါ့ဗျာ.ပရိတ်သတ်ကြီးကလည်းရွှေဘရဲ့ဖိုက်ကွက်တိုက်
ကွက်လေးတွေကိုအားပေးချင်လို့ မျှော်တလင့်လင့်နဲ့ ပေါ့.သူတို့ မျှော်နေတုံး
မှာပဲရုပ်ရှင်ကစပါပြီ.စစချင်းပဲဇာတ်လမ်းအရရွှေဘကြီးနှိပ်စက်အနိုင်ကျင့်ခံရ
ခန်းဆိုတော့သူကြမ်းတွေကဝိုင်းပြီးသမကြတော့တာပေါ့.ရွှေဘကြီးခံရပြီဆို
တော့ရွှေဘကိုချစ်ကြတဲ့ရွာသူရွာသားတွေလဲမခံမရပ်နိုင်အောင်ကိုဖြစ်ကုန်ကြ
တာပေါ့ဗျာ.အဲဒီတော့ဝိုင်းပြီးအာပေးကြတော့တာပဲပေါ့မြန်မာ.အိုမန်ပွဲလို.ချပါ
တော့လား.တွယ်လိုက်ပါတော့လား.ဟေ့ကောင်မင်းနောက်မှာချ.စသည်ဖြင့်
ပေါ့လေအားပေးကြတယ်ပေါ့.ဘယ်လောက်ပဲအားပေးပေးရွှေဘကြီးကပြန်မ
ချနိုင်တော့ပွဲဆူလာတော့တာပေါ့ဗျ.ရွှေဘမှမနိုင်ရင်ငါတို့ ပါကူချဆိုပြီးလူဆိုး
တွေကိုရရာထီးတွေ.ဖိနပ်တွေ.ခဲတွေ.ေ၇သန့် ဘူးခွံတွေနဲ့ အားပေးကြတာ
ပေါ့ဗျာ.ဒီတော့မှရုပ်ရှင်အဖွဲ့ တွေလည်းပြတာကိုခဏနားပြီးလော်ကြီးနဲ့ အော်
ရတော့တာပေါ့.ရွှေဘကိုချစ်တဲ့ရွာသူရွာသားအပေါင်းတို့ ခင်ဗျား.ကျနော်တို့ 
ရဲ့အချစ်တော်ကြီးကိုရွှေဘဟာဇာတ်လမ်းအရအစပိုင်းမှာခံနေရပေမဲ့.နောက်
ပိုင်းကြရင်ရွှေဘဟာပြန်ပြီးကြမ်းပါလိမ့်မယ်.လို့ ကျေညာလိုက်တော့မှပဲရုပ်
ရှင်ကိုဆက်ပြီးပြရတော့တယ်တဲ့..ကျုပ်တို့ ရွာကဒီလိုပဲ.....

ကျနော့်မှတ်စုများ

                          (ဗုဒ္ဓဆိုတာ)                                                                     ဗုဒ္ဓဆိုတာအနိုင်းမဲ့ပုဂ္ဂိုလ်.သီလ.သမာဓိ.ပညာအရာမှာအတုမဲ့သောသူ 
မဟာကရုဏာတော်နှင့်သတ္တဝါအားလုံးအပေါ်လမ်းမှန်ကိုရောက်အောင်ဟော 
ပြောပြသဆုံးမတတ်သောသူ.လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလတိုင်အောင်
ပါရမီတော်၁၀ပါးကိုပြီးပြည့်စုံအောင်ကျင့်ကြံကျိုးစားအားထုတ်ပြီးထိုက်တန်
စွာရရှိလာသောသောသမ္မာသဗ္မုဓညဏ်တော်ကြီးဖြင့်လောက၃ပါးကိုအကုန်
အစင်အမှန်တိုင်းသိမြင်တော်မူသောသူ.သစ္စာတရားကိုကိုယ်တော်တိုင်ဆရာ
မကူပဲထိုးဖောက်သိမြင်နိုင်ခဲ့သူ.မိမိသိတဲ့အတိုင်းသတ္တဝါအများကိုသိအောင်
ဟောကြားပြသတတ်သောသူ.ဗုဒ္ဓဆိုတာသတ္တဝါတွေကိုဖန်တီးခဲ့သော.ဖန်တီး
နိုင်သောသူမဟုတ်.အမိန့် အာဏာသုံးကာသတ္တဝါများကိုသေစေရှင်စေ.ဆင်း
ရဲချမ်းသာစေဟုပါဝါပြတတ်တဲ့အာဏာရှင်မဟုတ်.အကောင်းအဆိုးအမှားအ
မှန်ကိုဝေဖန်ပိုင်းခြားတတ်အောင်.အကြောင်းနဲ့ အကျိုးကိုဆက်စပ်နားလည်
နိုင်အောင်သာသင်ကြားပြသတတ်သူသာဖြစ်တယ်.ဆင်းရဲဒုက္ခအပေါင်းကကင်း
ဝေးအောင်.ချမ်းသာမှုအစစ်မှန်ကိုလမ်းပြတတ်သောသူသာဖြစ်တယ်.ဒါ   
ကြောင့်ဗုဒ္ဓကိုငါကိုးကွယ်ယုံကြည်ခဲ့တယ်..                                   
                                              ရွှေခြံသား                                                            

Thursday, August 18, 2011

ဒီတခါတော့ဘာရမလဲ

ဒါကတော့ကျနော်တို့ ရွာကရာဇဝင်တွင်ခဲ့တဲ့ဇာတ်လမ်းလေးဗျ.ဒီလို.ရွာထဲကလူတယောက်ပေါ့ဗျာနွားလေးတ 
ကောင်ကိုမောင်းလာရင်းနဲ့ နွားလေးကကောင်းကောင်းမသွားတော့ထုံးစံအတိုင်းဆူပူကြိမ်းမောင်းတော့တာပေါ့
သူကြိမ်းတာကဒီလို..လူလဲလုပ်ရအဖိုးလည်းမပေးရ.ဟနွားသွားဟတဲ့.ဆန်းတော့အဆန်းသားပေါ့ဗျာသူ့ နွားကို  
မောင်းပုံက.ဒါကိုကြားသွားတဲ့ရွာသားတယောက်ကလည်းဟာအကိုကြီးဟာကအဆန်းသားပဲဘယ်လိုလဲလုပ်ပါဦး
ဆိုတော့.ဟိုကလည်းပြောချင်နေတာနဲ့ အတော်ဖြစ်သွားတော့တာပေါ့ဗျာ.ဒါနဲ့ ရွာဓလေ့ထုံးစံအတိုင်းပြောစရာလေး
များရှိကြရင်ထန်းရေဆိုင်ဖက်ဒိုးကြတော့တာပေါ့ဗျာ.ပြီးတော့မှလက်တို့ ပြီးတော့ပြောရဦးမယ်လုပ်ချလိုက်တာဗျ
အဲကျနော်တို့ အညာဆိုတာကလည်းတပေါင်းတန်ခူးဆိုပူလွန်းလို့ သစ်ပင်တွေဆိုရိုးတံကျဲကျဲနေပူထဲမှာဆိုသလို ပဲ.လွမ်းစရာအလွန်ကောင်းတာဗျ.အဲသင်္ကြန်မိုးလေးလည်းကျလာရော.ရွာတခွင်လုံးသစ်ပင်တိုင်းအခက်အလက်
စုံစုံညီညီထွက်လာလိုက်တာသာယာလိုက်ပုံမပြောပါနဲ့ တော့.အစားသောက်ကလည်းအရမ်းပေါတော့တာပဲတော
စာတောင်စာပေါ့ဗျာ.အဲဒီအချိန်ဆိုရွာသားတွေလည်းနှပ်ချိန်လို့ ဆိုရမလားဗျ.အချိန်ကိုက်ပေါ်တဲ့ဆူးပုတ်ရွက်ညိုနဲ့ 
ရွှေအီကုတ်ရောတွယ်လိုက်လို့ ကတော့မြို့ သားတွေသုံးတဲ့viagraဆိုလားမသိပါဘူးဗျာ.အဲဒီထက်တောင်ကောင်း
သေး.ထားတော့ဗျာထန်းတောပြန်သွားကြစို့ .ငမူးကစပြောတယ်တနေ့ ပေါ့သူလည်းရေချိန်တော်တော်လွန်အောင်
သောက်ပြီးအိမ်အပြန်မှာဘယ်လိုမှမရတော့တာနဲ့ ထန်းတောဘေးကဆူးပုတ်ပင်တန်းမှာပဲကျိုးတော့တာပေါ့.လေ
လေးကလည်းတဖြူးဖြူးနဲ့ ဆိုတော့လုံချည်တွေဘာတွေလည်းမရှိတော့ပဲလွတ်လပ်စွာပြည်တော်သာနေတော့တာ
ပေါ့ဗျာ.အဲဒီကောင်ကလည်းစောစောကပြောခဲ့ရွှေအီကုတ်နဲ့ ဆူးပုတ်ရွက်စားထားတဲ့ကောင်ဆိုတော့လည်းကောင်း
ချင်တိုင်းကောင်းနေတော့တာပေါ့ဗျာ.အဲနေညိုညိုဟင်းချိုချက်ဖို့ ဆူးပုတ်ရွက်ခူးထွက်လာတဲ့မိန်းမတယောက်လဲဒီ
ကောင်ကိုတွေ့ တော့စိတ်ဝင်စားသွားတော့တာပေါ့.ဒီနေရာကလူလည်းပြတ်တော့မထူးပါဘူးလေဆိုပြီးတော့ပေါ့ဗျာ
အဲဒီကောင်လည်းနှပ်နေလိုက်ြပီးမှ.ဟိုမိန်းမကိုအပိုင်ကိုင်တော့တာပေါ့..ဟင်ခင်.ခင်ဗျားကျုပ်ကိုတက်ပြီးစော်ကား
တယ်ခင်ဗျားကို.ရ.ဝ.တနဲ့ တိုင်မယ်လုပ်ပါလေရော.ဒီတော့ဟိုမိန်းမလည်းရဝတတော့မတိုင်ပါနဲ့ ပေါ့သူမွေးထားတဲ့
နွားလေးနှစ်ကောင်ထဲကတကောင်ပေးပါ့မယ်ဆိုပြီကျေအေးလိုက်တာပေါ့ဗျာ.ဒါကြောင့်ငါကနွားကိုဒီလိုမောင်းတာဆို
တော့ဟိုတကောင်ကလည်းသဘောကျသွားတာပေါ့.သူကလည်းနွားလိုချင်နေ.ဟိုမှာကလည်းတကောင်ကျန်သေး
ဆိုတော့.ဒါနဲ့ ပဲသူလဲထန်းရေသောက်ပြီးဆူးပုတ်ပင်တန်းမှာသွားအိပ်နေတော့တာပေါ့.တနေ့ နေ့ တော့ဖြစ်လာ
လိမ့်မယ်ပေါ့.နေ့ တိုင်းဆူးပုတ်ပင်တန်းသွားပြီပြည်တော်သာစီမံကိန်းအကောင်ထည်ဖော်ရတာနဲ့ ကြာရင်အောက်
ပိုင်းလေဖြတ်မတတ်ပေါ့.ဒါပေမဲ့တတ်နိုင်ဘူးဗျာနွားလိုချင်တာကို..အဲဒီလိုနဲ့ တနေ့ မျှော်တုံးမျှော်ဆဲသူလည်းရောက်
လာဆိုဟိုမိန်းမလည်းခုံဖိနပ်သံတညံညံနဲ့ လာပါလေပြီ.အကြံသမားကတော့ရွှေအီကုတ်နဲ့ ဆူးပုတ်တန်ခိုးပြလို့ မာန်
တင်းရင်းဈေးခေါ်နေတော့တာပေါ့.ဟိုမိန်းမကလည်းအကြံသမားဆီကိုတန်းတန်းမတ်မတ်ကြီးကိုလာနေပါပြီ.ဟိုက
လည်းမကြေပွဲနွှဲချင်နေတာကိုး.ဒါကိုဟိုကောင်ကလည်းမရိပ်မိရှာဘူးပစ္စည်းကြော်ငြာရင်းနဲ့ ခုံဖိနပ်သံနီးလာလေလေ
နွားရတော့မယ်ဆိုပြီးကျိတ်ပြီးဝမ်းသာလေလေပဲပေါ့.ဟိုမိန်းမကသူ့ နားကိုရောက်တယ်ဆိုရင်ပဲစီးလာတဲ့ခံဖိနပ်နှစ်
ဖက်ကိုချွှတ်ပြီးလက်နဲ့ ခပ်တင်းတင်းကိုင်လိုက်တယ်.အဲဒီနောက်တော့.ဟဲ့အကောင်အရင်တခါကတော့ငါညံ့လို့ ခံ
လိုက်ရတာ.ဟင်းဒီတခါတော့ဘာရလိမ့်မလဲဆိုတဲ့ပြီးဟိုအကောင်ရဲ့ဈေးခေါ်နေတဲ့ပစ္စည်းကိုခုံဖိနပ်နဲ့ အားရပါးရညှပ်
ရိုက်ထည့်လိုက်တာ.ဘာပြောကောင်းမလဲဗျို့ အကြံသမားလည်းချေဦးတည့်ရာကိုခွေးပြေး.ဝက်ပြေးပြေးရတော့တာ
ပေါ့.ရွာကလူတွေကဘာဖြစ်လာတာလည်းလို့ မေးတာတောင်မဖြေနိုင်ရှာဘူး.ကိုယ့်အကုသိုလ်နဲ့ ကိုမဟုတ်လား..
နောက်တော့ဗျာလူသတင်းလူချင်းဆောင်ဆိုသလိုတနယ်လုံးပြန့် တော့တာပါပဲ.အဲဒီကစပြီးကျနော်တို့ ရွာမှာသူများ
လုပ်လို့ အဆင်ပြေနေတဲ့အလုပ်ကိုနောက်တယောက်ကလိုက်လုပ်မယ်လို့ ကြားရတိုင်း.ပြောတတ်ကြတာကအင်း
သူများလုပ်တုံးကနွားရပေမဲ့ကိုယ့်အလှဲ့ ကြမှတော်ကြာခုံဖိနပ်စုတ်နဲ့ တွေ့ နေဦးမယ်တဲ့..ဒီနေ့ တိုင်ပြောကြတုံးဗျ.
.


အမိန့် 

တခါကရွာတရွာမှာသမီးနဲ့ မအေခွဲလို့ မရနိုင်လောက်အောင်ကိုနုပျိုတဲ့မုဆိုးမသားအမိနှစ်ယောက်ရှိခဲ့ကြတယ်တဲ့
ဒီလိုနဲ့ ပေါ့ဗျာ.သမီးလေးအရွယ်ရောက်လာတော့အိမ်ထောင်ကျတယ်ဆိုပါတော့.ရတဲ့အကောင်ကမူးရူးသောက်
စားတတ်တဲ့ငမူးတကောင်ဆိုပေမဲ့အိမ်မှာကအားကိုးအားထားစရာယောကျာင်္းသန်သန်မာမာမရှိတာကြောင့်မချစ်
သော်လည်းအောင့်ကာနမ်းဆိုသလိုလက်ခံထားရတော့တာပေါ့..အိမ်ထောင်ကျလို့ အသွားလာအနေထိုင်ပြောင်း
လာမလားအောက်မေ့ပါတယ်.ဝေးသေးမောင်တို့ ကတော့ပုံမှန်ပဲဆိုတဲ့အကောင်မျိုးဗျ.တနေ့ တော့ထုံးစံအတိုင်း
မူးရူးသောက်စားပြီးအချိန်လွန်မှအိမ်ပြန်ရောက်လာတယ်.တောအရပ်ဆိုတော့လည်းလျှပ်စစ်မီးကမရှိတော့ညနေ
စောင်းရင်မီးခွက်လေးထွန်းပြီးစားကြသောက်ကြ.စကားလေးဘာလေးပြောပြီးစောစောအိပ်တတ်တာသဘာဝဗျ.
ခုတော့မြို့ ပေါ်လည်းမီးကမမှန်တော့ရွာနဲ့ ဘာမှမထူးပါဘူးဗျာ.ကြုံတုန်းပြောရဦးမယ်.ကိုယ့်နှမတွေကို.ယောကျာင်္း
ဆိုတဲ့ကောင်တွေကခွေးမြီးကောက်ကျည်တောက်စွပ်ဆိုတဲ့ကောင်တွေကခပ်များများရယ်.ကိုယ်နဲ့ ရမှပြုပြင်မယ်ဆို
ပြီးတော့သွားများမစမ်းလေနဲ့ .နေ့ တိုင်းဒူးနဲ့ မျက်ရည်သုတ်နေရတဲ့မိန်းမတွေကိုမြင်တွေ့ နေရတာစိတ်မကောင်းစ ရာမို့ ..အဲဘယ်ရောက်သွားပါလိမ့်.ဒီလိုငမူးပြန်ရောက်လာတော့မီးခွက်လဲညိမ်းထားပြီးအိပ်ကုန်ကြပြီပေါ့.ငမူးလည်း
မမြင်မကန်းနဲ့ မိန်းမခုတင်ရှိရာစမ်းသွားပြီးဝင်ခွေတော့တာပေါ့.ပြီးတော့မူးမူးနဲ့ ကိုယ့်မိန်းမကိုချစ်တာဘာဖြစ်လဲပေါ့
အင်းကိုယ့်မိန်းမကိုချစ်ရင်တော့ဘာမှမဖြစ်ပါဘူး.ဟုတ်တယ်ဟုတ်.ဒါပေမဲ့ဗျာသူ့ ဟာကနဲနဲလေးတော့လွဲနေတယ်
(ထူးအိမ်သင်မဟုတ်ပါ..ငမူးဖြစ်ပါတယ်).လွဲတာမှခုတင်ရော.မိန်းမရောဗျ..ငမူးလည်းတော်တော်လေးခရီးပေါက်  လာမှသူ့ မိန်းမမဟုတ်မှန်းသိလိုက်ရတယ်.ဟိုကလည်းဘာမှမပြောတော့ခက်နေတော့တာပေါ့.ဒါနဲ့ သူကပဲစလိုက်
ပြီး..ဟာအမေ.ကန်တော့ဗျာ.ကန်တော့.ကန်တော့.ကျနော်ခုတင်မှားသွားလို့ .လို့ တိုးတိုးလေးတောင်းပန်လိုက်ရင်
ပဲယောက္ခလုပ်သူက..ဒီမယ်ကန်တော့တာကဘယ်အချိန်မှာပဲကန်တော့.ကန်တော့..ကန်တော့လို့ ရတယ်.အချိန်မ
ရွေးဘူး.ခုတော့မင်းလုပ်နေတဲ့အလုပ်ကိုသာမင်း ဘာသာအားကြိုးမာန်တက်ဆက်ပြီးသာမနားတမ်းဆက်လုပ်ပါ
ဟူသတည်း..                                                                                                                       
(လူ့ သဘော.သဘာဝနဲ့ မထင်တာတွေဖြစ်တတ်သောလောကကြီးအကြောင်းမျှဝေချင်လို့ ဒီပိုစ့်လေးကိုတင်ပါတယ်


တာဝန်ကျေချင်တဲ့သူ

တခါကငမူးတယောက်ဟာအပျှော်လွန်ပြီးအချိန်မတော်မှပဲအိမ်ကိုပြန်ရောက်လာတယ်.ရောက်ရောက်ချင်းပဲအိပ်
ရာမှာတက်ပြီးခွေလိုက်တယ်.ပြီးတော့တရှိန်ထိုးကျိုးပြီပေါ့.အရက်သမားထုံးစံအတိုင်းရေငတ်မှအိပ်ရာကနိုးလာတာ
မူးကြောင်ရူးကြောင်နဲ့ စမ်းမိစမ်းရာရှောက်စမ်းတော့သူ့ မိန်းမကိုသွားစမ်းမိတော့တာပေါ့ဗျာ.ပြီးတော့ထင်မိထင်ရာ
နဲ့ သူ့ မိန်းမကိုပြောတော့တာပေါ့.မိန်းမရာအချင်းချင်းတွေပဲအားနာစရာလား.မောင့်ကိုနိုးလိုက်ရောပေါ့.ဒါများရှက်
စရာလား.အင်းငါ့မှာတော့သူများသာသမီးယူထားပြီး.ယောကျာင်္းတယောက်ရဲ့တာဝန်တွေမကျေဖြစ်နေရပါပြီပေါ့ဒီ
တော့တာဝန်လေးကျေသွားအောင်ဆိုပြီး.ကိုင်း.ကိုင်း....အဲဒီလိုလည်းပြောလိုက်ရော.မိန်းမလုပ်သူကနှာတင်းသွား
ပြီးပြန်ပြောလိုက်ပုံက..ဒီမယ်ရှင်မူးကြောင်ကြောင်နဲ့ ဘာတွေလာပြောနေတာလဲကျုပ်ခုလေးတင်ရှုးပေါက်ပြန်လာ
တာတဲ့..ကိုင်းမူးတတ်တဲ့ဘော်ဒါတွေအမြင်မှန်ရစေဖို့ ..ပျှော်တတ်တဲ့                                                        
                                                                                    ရွှေခြံသား

မိမိကိုယ်သာကိုးကွယ်ရာ

သားရေဖေဖေဒီနေ့ ပြောချင်တဲ့အကြောင်းကတော့လူဘဝရလာတဲ့လူတိုင်း.ကြီးပွှားတိုးတက်လိုသူတိုင်းလိုက်နာ
ရမဲ့ကျင့်သုံးရမဲ့အချက်တွေထဲကတခုပေါ့ကွာ.အဲဒါကတော့မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့ဆောင်ပုဒ်လေးတခုပေါ့
ကွာ.ဖေဖေသိပ်နှစ်သက်ခဲ့တဲ့ဆောင်ပုဒ်လေးတခုဆိုလည်းမမှားဘူးပေါ့ကွာ.လောကမှာထိပ်တန်းရောက်နေကြတဲ့
လူတော်တော်များများဟာလည်းဒီဆောင်ပုဒ်လေးကိုလက်ကိုင်ထားပြီးကျိုးစားခဲ့ကြတဲ့သူတွေဆိုရင်လည်းမမှားနိုင်
ကြဘူးသား.တို့ ဗုဒ္ဓကလည်းကြီးပွှားတိုးတက်လိုသူတိုင်းကိုယ့်ကိုကိုယ်သာအားကိုးကျိုးစားကြဘို့ ဆုံးမထားခဲ့ဘူး  
တယ်သား.ဒီတော့ကိုးကွယ်မှုဆိုတာနဲ့ ပါတ်သက်လို့ သားကိုနားလည်လွယ်အောင်ဖေဖေပြောပါမယ်.ကိုးကွယ်မှု  
ဆိုတာဘာလဲ?ဘယ်အချိန်ကစပြီးလူတွေကိုးကွယ်မှုကိုစခဲ့သလဲ.?ကမ္ဘာဦးအစကလူတွေဟာအသိညဏ်ကနိမ့်ကျ
နေသေးတော့ခုခေတ်လူတွေလိုစဉ်းစားဆင်ချင်နိုင်စွမ်းအားကလည်းမကောင်းဘူးပေါ့ကွာ.ဒီတော့အမှားမှန်ကိုခွဲခြား
နိုင်တဲ့အသိမရှိကြသေးဘူးလို့ ပြောရမှာပဲ.အဲဒီအချိန်မှာပဲသဘာဝအလျှောက်ဖြစ်တဲ့ရေကြီးတာ.တောင်ပျိုတာ
လေပြင်းကျတာ.မီးတောင်တွေပေါက်ကွဲတာ.မိုးကြိုးပစ်တာ.တောမီးလောင်တာ.ငလျှင်လှုပ်တာစသည်ဖြင့်ပေါ့  
လေသဘာဝဘေးအန္တာရယ်တွေနဲ့ ရင်ဆိုင်ခဲ့ကြရတာပေါ့.ဒါတွေကိုသဘာဝဘေးတွေလို့ အမှန်တိုင်းလည်းမသိခဲ့
ဘူးပေါ့.ဒါတွေဟာမမြင်ရတဲ့တန်ခိုးရှင်တယောက်ယောက်ကစိတ်ဆိုးပြီးဒဏ်ခတ်ခံရတာလို့ ပဲထင်မြင်ယူဆခဲ့ကြ
တယ်.ဒါကြောင့်ရေကြီးလာရင်မြစ်ဆီသွား.မီးတောင်ပေါက်လဲအဲဒီတောင်ဆီသွား.တောမီးလောင်လည်းမီးနားသွား
ပြီးတောင်းပန်ကန်တော့.သူတို့ စားသောက်သုံးစွဲနေတဲ့ပစ္စည်းတွေနဲ့ ပူဇော်ကြစသည်ဖြင့်ထင်ရာမြင်ရာလုပ်ကြတာ
ပေါ့ကွာ.အဲဒီလိုသူတို့ လုပ်နေတုံးသဘာဝအရရေကျသွားမယ်.မီးတောင်ပေါက်တာအရှိန်လျှော့သွားတယ်ဆိုရင်ပဲ  
သူတို့ ကိုမမြင်ရတဲ့သူတွေကစောင့်ရှောက်တယ်တယ်ဆိုပြီးယုံကြည်သွားကြတော့တာပေါ့.ဒီလိုလုပ်ရင်းနဲ့ ရေနစ်
သေ.မီးတောင်ပေါက်လို့ သေခဲ့ကြတဲ့သူတွေလည်းမနဲဘူးပေါ့.ကိုးကွယ်မှုဆိုအဲဒီကနေစခဲ့တယ်လို့ ပြောလို့ ရနိုင်
တယ်.ဘာကြောင့်ကိုးကွယ်ကြခဲ့လည်းဆိုရင်တော့ဘေးအန္တာရယ်တွေကိုကြောက်လို့ .ကောင်းကျိုးတွေကိုရယူခံ
စားချင်လို့ လို့ ပြောရမယ်.ဒီနေ့ ထိလည်းဒီအတိုင်းပါပဲ.

Wednesday, August 17, 2011

ငါနိန်လတ်တော့...မင်း

ကျနော်တို့ အရပ်ထဲမှာဗျာနတ်ဝင်သည်လုပ်ပြီးညာစားနေတဲ့လင်မယားစုံတွဲရှိတယ်ဗျ..ဘယ်လောက်လိုက်ဖက်
သလဲဆိုရင်မိန်းမလုပ်သူကအရပ်ထဲလည်ရသမျှသတင်း.အတင်းဖြင်းအားလုံးစု..ယောကျာင်္းလုပ်သူကအတည် 
ပေါက်နဲ့ ဖြီးဖြန်းပြီးလုပ်စားနေလိုက်ကြတာဗျာ.လက်ခံတဲ့သူတွေရှိတော့ထမင်းဝနေကြတာပေါ့.လူတွေကအသိ 
ပညာအားနဲလေသူတို့ စားပေါက်ချောင်လေပေါ့ဗျာ.မောင်တထမ်းမယ်တရွက်ပေါ့တနေ့ တော့လင်မယားတို့ ထုံး
စံအတိုင်းကတောက်ကဆဖြစ်ကြတာပေါ့ဗျာ.တယောက်တခွန်းစကားနိုင်လုပြောကြရာက...မိန်းမဖြစ်သူကပြော
လိုက်တယ်.နင်ကအရပ်ကိုလိမ်ညာစားနေတဲ့ကလိန်ကျစ်အကောင်.နတ်လိမ်လို့ လည်းပြောလိုက်ရော.ဟိုကောင်
အရှိုက်ကိုထိသွားတော့တာပေါ့.ဒါနဲ့ ထမင်းစားနေရတာကိုဗျ..ကြုံတုံးပြေရဦးမယ်.မိန်းမဆိုတာဒီလိုပဲများကြတာကို
အကျိုးစီးပွှားဖြစ်တာမဖြစ်တာတွေသိပ်စဉ်းစားနေမှာမဟုတ်ဘူး.သူတို့ အသာစီးရချင်တာနိုင်ချင်တာလောက်ပဲစဉ်း
စားကြတာဗျ.အဆင်ပြေနေတုံးသာအကိုရယ်.မောင်ရယ်လုပ်နေပေမဲ့လို့ နဲနဲလေးအဆင်မပြေဖြစ်လိုက်တာလေးနဲ့
ပဲကိုယ့်ရဲ့ငယ်ကြိုးငယ်နာကစအားလုံးဖော်ကောင်လုပ်တတ်တာသူတို့ ပဲဗျို့ .မယုံမရှိကြနဲ့ .ဒါကြောင့်ဘော်ဒါတွေ
ကိုသတိပေးနေတာနော်.သိသင့်တာထက်တော့မပိုကြစေနဲ့ .လူရှေ့သူရှေ့များသူတို့ ကိုသွားဆရာမလုပ်မိစေနဲ့ ဗျာ
မဟာအရှက်တော်ကွဲသွားမယ်.ခင်ဗျားတို့ လည်းကြားဘူးကြမှာပါဗျာ.အချို့ မိန်းမတွေပြောကြတဲ့စကား..ဘာတဲ့ဗျာ
တော်ကိုနေရာတကာရှည်ကိုရှည်လွန်းသတဲ့.လူလည်ခေါင်မှကြော်ငြာဝင်တတ်ကြတာတချို့ ဆိုဝင်ပြီးတောင်ပင့်ပေး
တတ်ကြသေးတယ်.ဟုတ်တယ်အိမ်ကလူလဲအတူတူပဲပဲတဲ့.သူတို့ ပြောစရာလားဗျာ.ကိုယ့်ကုသိုလ်နဲ့ ကိုယ်မဟုတ်
လား.ခုလည်းကြည့်လေအမြင်မကြည်တာတခုထဲနဲ့ ကိုယ့်ထမင်းအိုးကိုယ်ရိုက်ခွဲလိုက်တာ.ထန်းရေမူးတော့ကျွဲခိုး
ပေါ်ဆိုသလို.ရန်ဖြစ်တော့မှပဲအလိမ်အညာတွေအားလုံးပေါ်တော့တာပဲဗျ.အသံကလည်းအတော်ကျယ်တော့လူ
တော်တော်များမျာလည်းသိကုန်ကြတာပေါ့..ဒါကိုရိပ်မိတဲ့ယောကျာင်္းကအထာလေးနဲ့ ပဲပြန်ပြောလိုက်တာက.....
(ငါ..ငါ.နိန်လတ်တော့..နင်ဌက်ပျောသီးကောင်းကောင်းစား ရတာပေါ့တဲ့..)






ကလေးတွေး

မနေ့ ကမဟေသီကိုကျောင်းလိုက်ပို့ ရင်းကလေးနှစ်ယောက်စကားပြောနေတာကိုရုတ်တရက်ကြားလိုက်မိတယ်
သူတို့ ပြောနေတာကဒီလို ဗျ..ဟေ့ကောင်မင်းတို့ ဘကြီးသေတုံးကမုန့် ဟင်းခါးခေါ်မကျွှေးတာကိုမှတ်ထားပါကွ
ခုငါတို့ ဘကြီးလည်းအိမ်မှာချောင်းဆိုးနေပါပြီကွ..လို့ ပြောလိုက်တယ်.ငယ်စဉ်ကလေးဘဝကကိုယ်ပြောချင်တာ
ကိုအပူပင်ကင်းမဲ့စွာ.လွတ်လပ်စွာပြောဆိုနိုင်ခဲ့တဲ့ကလေးငယ်ဘဝကိုလွမ်းဆွတ်တမ်းတချင်းများစွာနဲ့ ဒီပို့ စ်လေး
ကိုတင်ဖြစ်ပါတယ်ဗျာ..အဘတယောက်တော့မျက်ခုံးလှုပ်နေရှာရောပေါ့ဗျာ..

Tuesday, August 16, 2011

ငါကလူပဲကွ

ဒါကတော့ကျနော်နိုင်ငံခြားကိုစထွက်ခါစ1990လောက်ကတွေကြုံ့ ခဲ့ရတဲ့ဟာသလေးတခုပါဗျာ.ကျနော်ကကျန်း
မာရေးသိပ်မကောင်းတော့ခရီးသွားမယ်ဆိုရင်ပဲအိမ်ကထည့်ပေးလိုက်တဲ့ဆေးတွေကနဲနဲနှောနှောကိုမဟုတ်ဘူးဗျ
လက်ဆွဲအိတ်တအိတ်လုံးဆေးတွေနဲ့ အပြည့်ပေါ့ဗျာ.အဝတ်စားတောင်သိပ်မပါဘူးဗျ.တော်ယုံတန်ယုံရောဂါက 
လောက်ကတော့အေးဆေးပေါ့ဗျာ.တနေ့ တော့အလုပ်အတူတူလုပ်တဲ့ညီငယ်တယောက်ဝမ်းချုပ်ပါလေရော.ဒါက
လဲရောဂါတခုတော့မဟုတ်ဘူးဗျလူတိုင်းလိုလိုတခါမဟုတ်တခါတော့ကြုံဘူးကြမှာပေါ့.ဒါနဲ့ နောက်ဆုံးဆရာဆီကို
ရောက်လာရတော့တာပေါ့.အကိုရေလုပ်ပါဦးဆိုတော့ကျနော်လည်းကိုယ်သောက်နေကျဝမ်းပျော့ဆေးတပုလင်း
ပေးလိုက်တာပေါ့ဗျာ.ဆေးကလည်းကျနော်သောက်လက်စဖြစ်တော့နဲနဲပဲလျှော့သေးတာဗျ.ဒါနဲ့ ဘယ်လိုသောက်
ရမလဲမေးတော့.ကျနော်လည်းမင်းကလည်းကွာ.ဆေးညွှန်းကိုဖတ်ပြီးသင့်ယုံကြည့်သောက်ပေါ့လို့ ခပ်လွယ်လွယ်
ပဲပြောလိုက်မိတယ်.ဒီလိုလဲထင်မထားမိဘူးလေ.ထားတော့ဗျာ.အဲဒီနေ့ ကအလုပ်နားရက်ဆိုတော့ကျနော်တို့ လဲ
မြို့ ထဲကိုshoppingထွက်ကြတာပေါ့ဗျာ.သူကလွဲလို့ ပေါ့.ဒါနဲ့ ညနေစောင်းလို့ အဆောင်ပြန်ရောက်တော့မှပဲအ
ကြောင်းစုံသိရတော့တာပဲဗျို့ .ကျနော်သူ့ အခန်းထဲကိုရောက်တယ်ဆိုရင်ပဲသူ့ ကို့ ခုတင်ပေါ်မှာဖလက်ပြနေတာကို
တွေ့ လိုက်ရတော့တာပဲဗျို့ .စကားမေးတောင်ကောင်းကောင်းမရချင်တော့ဘူး.ဒါနဲ့ ဓါတ်ဆားလေးဘာလေးတိုက်
ပြီး.စကားမေးရတဲ့အချိန်လောက်ကျမှကျနော်မေးကြည့်ရတော့တာပေါ့ဗျာ.ဟမင်းကဘယ်လိုဖြစ်သွားရတာလဲကွ
ဆိုတော့သူပြန်ပြောလိုက်ပုံက..အကိုကဆေးညွှန်းအတိုင်းသောက်ဆိုလို့ ဆေးညွှန်းအတိုင်းသောက်လိုက်တာပဲဆို
တော့.ဟမင်းကဘယ်လိုသောက်လို့ လဲ..ငါလည်းသောက်နေကြပါကွာဆိုတော့..သူကထပ်ပြောပြတယ်ဆေးညွှန်း
က.ကျွဲ.နွား.မြင်းဝက်တဗူးကိုနှစ်ခါကျွေးဆိုတော့.ကျနော်လည်းငါကလူပဲကွဆိုပြီးတဗူးလုံးသောက်ချလိုက်တာ.တဲ့
တော်သေးလို့ ပေါ့ဗျာ.လူဆိုတိုင်းလည်းအခွင့်ထူးခံချင်လို့ ကတော့ဘယ်ဖြစ်လိမ့်မတုံးဗျ.ဟုတ်တယ်မလား.

                        

မပြောချင်လို့ ကြည့်နေတာကြာပြီ

တခါတုံးကငှက်ချစ်တတ်တဲ့လူပျိုကြီးတယောက်ဟာအပျင်းပြေစကားပြောဘို့ အတွက်သာလိကာတကောင်ဝယ်
မယ်စိတ်ကူးနဲ့ ငှက်ရောင်းတဲ့ဆိုင်တဆိုင်ထဲကိုဝင်ခဲ့တယ်.ဆိုင်ထဲကိုရောက်တယ်ဆိုရင်ပဲစကားသင်ထားတဲ့ရွှေခဲ
လေးတွေက.လာပါထိုင်ပါ.ဘာအလှိုရှိပါသလဲ.နေကောင်းရဲ့လား.ကျန်းမာပျှော်ရွှင်ပါစေ.စသည်ဖြင့်ပေါ့လေနုတ်
ဆက်စကားတွေဆိုကြတော့လူပျိုကြီးလည်းတော်တော်သဘောကျသွားတာပေါ့.ဒါပေမဲ့ပေါ့ဗျာသူလိုချင်တာကသာ
လိကာကိုဝယ်မယ်ဆိုလာခဲ့တာဆိုတော့သာလိကာရောရောင်းဘို့ ရှိလားမေးကြည့်တော့.တကောင်ပဲရှိတော့တဲ့အ
ကြောင်းပြောတာနဲ့ သွားကြည့်ရတာပေါ့ဗျာ.သာလိကာကြီးကတော့တည်တည်ပဲဘာဆိုဘာမှမပြောဘူး.ဒီတော့လူ
ပျိုကြီးလည်းစိတ်တိုင်းမကျတာနဲ့ .ဟာဒီသာလိကာကြီးကလည်းကွာ.စကားလည်းတခွန်းမှမပြောဘူး.အကောင်ကြီး
ပေမဲ့လည်းအချိန်စီးမဲ့ပုံမပေါက်ပါဘူး.အလကားကောင်ကြီးပါကွာ.စားလိုက်အိပ်လိုက်လုပ်မဲ့ကောင်ကြီးပါကွာ.ဟင်း
ဈေးကလည်းကြီးသေးလို့ ဆိုပြီး.ရွှေခဲလေးပဲဝယ်မယ်စိတ်ကူးလိုက်တယ်.ငွေချေပြီးလို့ ဆိုင်ထဲကထွက်မယ်ဆိုလိုက်
ရင်ပဲ.ဟိတ်ကောင်ဟိတ်ကောင်ဆိုတဲ့ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ..သာလိကာကြီးကဆက်ပြီး  
ပြောလိုက်တယ်..ဒီမယ်မင်းနှမယောကျာင်္းကြီးကစကားမပြောတတ်လို့ မပြောတာမထင်နဲ့ ကွ.ရေချိုးထားတော့ချမ်း
နေလို့ .နေပူစာလှုံနေတာကွ.ကဲသိပြီလား..တဲ့..မှတ်ကရော

အထူးဧည့်သည်

တခါကအကြီးကျယ်ရန်ဖြစ်ထားကြတဲ့လင်မယားနှစ်ယောက်ရဲ့အိမ်တခါးကိုလူတယောက်ကလာခေါက်လိုက်တယ်
ယောကျောင်္းလုပ်တဲ့သူကတခါးကိုထဖွင့်ပေးလိုက်တယ်ဆိုရင်ပဲ.လက်မှာသေနပ်ကိုင်ထားပြီး.မျက်နှာဖုံးစွပ်ထားတဲ့
လူတယောက်ကိုတွေ့ လိုက်ရတယ်.လန့် ဖြန့် သွားပြီးဟင်ခင်ဗျား..ခင်ဗျားဘာ.ဘာလုပ်ဖို့ လာ...သူ့ စကားမဆုံးခင်
မှာပဲလူစိမ်းကစကားစပြောလိုက်တယ်.ကျနော်လူသတ်သမားတယောက်ပါ.ဒါပေမဲ့မကြောက်ပါနဲ့ မိန်းမတွေကိုမုန်း
လွန်းလို့ .နာကျည်းလွန်းလို့ လိုက်ရှာပြီးသတ်နေတဲ့သူပါလို့ ပြောလိုက်တယ်ဆိုရင်ပဲ..ယောကျာင်္းလုပ်သူကဝမ်းသာ
ပျှော်ရွှင်တဲ့မျက်နှာထားနဲ့ ဒါဆိုရင်လည်းအိမ်ထဲကိုဝင်ပါလို့ ဖိတ်ခေါ်လိုက်တယ်..အဲဒီနောက်တော့သူ့ မိန်းမကိုအ
ချိုသာဆုံးလေသံလေးနဲ့ လှန်းပြီးပြောလိုက်ပုံက..အချစ်ရေ့မင်းအတွက်အထူးဧည့်သည်ရောက်နေတယ်လေထွက်
ပြီးတွေ့ လိုက်ပါကွာနော်.မောင်တော့အပြင်သွားစရာရှိလို့ သွားလိုင်ဦးမယ်..တဲ့

Sunday, August 14, 2011

တရားခံဘယ်သူလဲဟေ့

တခါကဘုန်းလက်ရုံးနဲ့ ပြည့်စုံတဲ့ဘုရင်ကြီးတပါးဟာမောင်းမစစ်သည်ဗိုလ်ပါပြစုံစွာနဲ့ တိုင်ပြည်အနှံ့ ဖောင်စကြာင်္
နဲ့ တိုင်းခန်းလှည့်လည်တော်မူရင်းမိကျောင်းတွေကျက်စားတဲ့မြစ်ထဲမှာခဏတာနားနေတော်မူရင်းနဲ့ ပေါ့.သူ့ စစ်
သည်ဗိုလ်ပါတွေတွေကိုဘယ်လောက်ရဲရင့်မှုရှိလဲသိချင်တာနဲ့ သူစစ်သည်ဗိုလ်ပါတွေထဲကမြစ်ထဲရေဆင်းကူးရင်း
ဖောင်တော်ဆီကိုဘေးကင်းရန်ကင်းပြန်ကူးလာနိုင်ရင်သီဟသူရရေကူးချန်ပီယံဘွဲ့ ချီးမြှင့်ပြီးသူကောင်းပြုမယ်လို့ 
ပြောလိုက်ရင်ပဲထုံးစံအတိုင်း.မှန်လှပါဘုန်းတော်ကြောင့်ဆိုပြီး..နောက်ဘာစကားမှထွက်မလာကြတော့ဘူးပေါ့ဗျာ
ကြုံတုန်းပြောရဦးမယ်.အဲဒီလိုမြှောက်ပေးပြီးစားလာဝါးလာတာဒီခေတ်မှမဟုတ်ဘူးဗျ.ဒါထုံးစံလေ.ဘုရင်ကြီးလည်း
ဘယ်သူများရေထဲဆင်းပြီးအစွမ်းပြမလဲလို့ စောင့်နေသေးတာပေါ့.ဒါပေမဲ့ဘာလျှောက်တင်သံမှထွက်မလာတဲ့အ 
တွက်ဘုရင်လည်းအတော်တင်းသွားပြီ.ကြိမ်းတော့တာပေါ့.ဒီလောက်မူးမတ်ဗိုလ်ပါအများကြီးကြားမှရေထဲဆင်းကူး
ရဲတဲ့သူတယောက်မှမရှိဘူးလားကွလို့ လည်းပြောလိုက်ရော.ရေထဲကိုဝုန်းကနဲ့ ခုန်ချလိုင်တဲ့အသံကိုကြားလိုက်ရ
တော့တာပေါ့.ဒီတော့မှပဲမှုးကြီးမတ်ရာတွေလည်းစိတ်သက်သာရာရသွားတော့တာပေါ့.လူမိုက်တယောက်ရလိုက်
လို့ လေ.ဒါနဲ့ ပဲသူ့ ကိုဝိုင်းပြီးအားပေးကြတော့ဗျာ(အိုမန်နဲ့ မြန်မာဘောလုံးပွဲလိုတော့ဟုတ်ဘူး).အဲမြန်မာကွ.တို့ ဗ
မာသာကီမျီုးကွ.အဲအဲနောက်ပြီးအာရှမှာမြန်မာကသာ...ဒါတွေနဲ့ စုံနေတာပေါ့ဗျာ.ကိုယ်တိုင်မှဆင်းပြီးမကူးရဲတာ
ကိုနော်.ကျနော်တို့ လူမျိုးကဒါမျိုးကြတော့သိတ်တော်တာကိုယ်မလုပ်ရပြီးရောပေါ့ရေထဲကလူကတော့ခွေးကူးနွား
ကူး.မျောက်ကူး.ဖားကူးအစုံသုံးပြီးမိကျောင်းရန်ကလွတ်အောင်ကူးနေရာဗျို့ .ဒီလိုနဲ့ ဖောင်စင်္ကြာနားရောက်လာမှ
အပေါ်ကလူတွေဝိုင်းဆွဲတင်လို့ ဖောင်ပေါ်ရောက်လာတယ်ပေါ့.အပေါ်ရောက်လာတယ်ဆိုရင်ပဲမိကျောင်းလိုက်လို့ 
ကြောက်တဲ့စိတ်ရောရေကူးရလို့ ပင်ပန်းတာရောပေါင်းပြီးတန်းဖလက်ပြသွားတော့တာပဲပေါ့ဗျာ.ဒီမှာတင်ဘုရင်ကြီး
လည်းသူပေးထားတဲ့ကတိအတိုင်းသီဟသူရဘွဲ့ ပေးဘို့ ချက်ချင်းစီစဉ်ရတော့တာပေါ့ဗျာ.အမိန့် အမှတ်၁/၂၀၁၁
ဘာညာနဲ့ ပြန်တမ်းထုတ်ပေါ့.ဒါပေမဲ့သူရဲကောင်းကြီးကတော့ဘာဆိုဘာမှမသိဖလက်ပြလို့ ကောင်းနေတုံးပေါ့.အစီ
စဉ်အရသူရဲကောင်းကြီးမှကျေးဇူးတင်စကားပြောကြားပေးပါရန်ဆိုတဲ့အထိဘာဆိုဘာမှမသိဖလက်ပြကောင်းနေ
တုံး.အဲဒီတင်မှအမြင်မတော်တဲ့လူနှစ်ယောက်ကဝိုင်းပြီးဆွဲထူပေးလိုက်ပြီး..ဟေ့လူစကားလေးဘာလေးပြောလိုက်
လေဗျာဆိုတော့မှ.သူပြောလိုက်တဲ့စကားက(စောစောကဘယ်မအေ...ငါ့ကိုရေထဲတွန်းချလိုက်သလဲကွဟေ..?)
                      ပျှော်ရွှင်စွာရယ်မောခြင်းဖြင့်..ဘဝအမောတွေပြေပျောက်နိုင်ကြပါစေဗျာ..