Showing posts with label သားလေးဖတ်ဖို့ . Show all posts
Showing posts with label သားလေးဖတ်ဖို့ . Show all posts

Thursday, August 18, 2011

မိမိကိုယ်သာကိုးကွယ်ရာ

သားရေဖေဖေဒီနေ့ ပြောချင်တဲ့အကြောင်းကတော့လူဘဝရလာတဲ့လူတိုင်း.ကြီးပွှားတိုးတက်လိုသူတိုင်းလိုက်နာ
ရမဲ့ကျင့်သုံးရမဲ့အချက်တွေထဲကတခုပေါ့ကွာ.အဲဒါကတော့မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့ဆောင်ပုဒ်လေးတခုပေါ့
ကွာ.ဖေဖေသိပ်နှစ်သက်ခဲ့တဲ့ဆောင်ပုဒ်လေးတခုဆိုလည်းမမှားဘူးပေါ့ကွာ.လောကမှာထိပ်တန်းရောက်နေကြတဲ့
လူတော်တော်များများဟာလည်းဒီဆောင်ပုဒ်လေးကိုလက်ကိုင်ထားပြီးကျိုးစားခဲ့ကြတဲ့သူတွေဆိုရင်လည်းမမှားနိုင်
ကြဘူးသား.တို့ ဗုဒ္ဓကလည်းကြီးပွှားတိုးတက်လိုသူတိုင်းကိုယ့်ကိုကိုယ်သာအားကိုးကျိုးစားကြဘို့ ဆုံးမထားခဲ့ဘူး  
တယ်သား.ဒီတော့ကိုးကွယ်မှုဆိုတာနဲ့ ပါတ်သက်လို့ သားကိုနားလည်လွယ်အောင်ဖေဖေပြောပါမယ်.ကိုးကွယ်မှု  
ဆိုတာဘာလဲ?ဘယ်အချိန်ကစပြီးလူတွေကိုးကွယ်မှုကိုစခဲ့သလဲ.?ကမ္ဘာဦးအစကလူတွေဟာအသိညဏ်ကနိမ့်ကျ
နေသေးတော့ခုခေတ်လူတွေလိုစဉ်းစားဆင်ချင်နိုင်စွမ်းအားကလည်းမကောင်းဘူးပေါ့ကွာ.ဒီတော့အမှားမှန်ကိုခွဲခြား
နိုင်တဲ့အသိမရှိကြသေးဘူးလို့ ပြောရမှာပဲ.အဲဒီအချိန်မှာပဲသဘာဝအလျှောက်ဖြစ်တဲ့ရေကြီးတာ.တောင်ပျိုတာ
လေပြင်းကျတာ.မီးတောင်တွေပေါက်ကွဲတာ.မိုးကြိုးပစ်တာ.တောမီးလောင်တာ.ငလျှင်လှုပ်တာစသည်ဖြင့်ပေါ့  
လေသဘာဝဘေးအန္တာရယ်တွေနဲ့ ရင်ဆိုင်ခဲ့ကြရတာပေါ့.ဒါတွေကိုသဘာဝဘေးတွေလို့ အမှန်တိုင်းလည်းမသိခဲ့
ဘူးပေါ့.ဒါတွေဟာမမြင်ရတဲ့တန်ခိုးရှင်တယောက်ယောက်ကစိတ်ဆိုးပြီးဒဏ်ခတ်ခံရတာလို့ ပဲထင်မြင်ယူဆခဲ့ကြ
တယ်.ဒါကြောင့်ရေကြီးလာရင်မြစ်ဆီသွား.မီးတောင်ပေါက်လဲအဲဒီတောင်ဆီသွား.တောမီးလောင်လည်းမီးနားသွား
ပြီးတောင်းပန်ကန်တော့.သူတို့ စားသောက်သုံးစွဲနေတဲ့ပစ္စည်းတွေနဲ့ ပူဇော်ကြစသည်ဖြင့်ထင်ရာမြင်ရာလုပ်ကြတာ
ပေါ့ကွာ.အဲဒီလိုသူတို့ လုပ်နေတုံးသဘာဝအရရေကျသွားမယ်.မီးတောင်ပေါက်တာအရှိန်လျှော့သွားတယ်ဆိုရင်ပဲ  
သူတို့ ကိုမမြင်ရတဲ့သူတွေကစောင့်ရှောက်တယ်တယ်ဆိုပြီးယုံကြည်သွားကြတော့တာပေါ့.ဒီလိုလုပ်ရင်းနဲ့ ရေနစ်
သေ.မီးတောင်ပေါက်လို့ သေခဲ့ကြတဲ့သူတွေလည်းမနဲဘူးပေါ့.ကိုးကွယ်မှုဆိုအဲဒီကနေစခဲ့တယ်လို့ ပြောလို့ ရနိုင်
တယ်.ဘာကြောင့်ကိုးကွယ်ကြခဲ့လည်းဆိုရင်တော့ဘေးအန္တာရယ်တွေကိုကြောက်လို့ .ကောင်းကျိုးတွေကိုရယူခံ
စားချင်လို့ လို့ ပြောရမယ်.ဒီနေ့ ထိလည်းဒီအတိုင်းပါပဲ.

Sunday, July 10, 2011

သားငယ်အတွက်

သားလေးရေ..
          ဖေဖေသတိရလွမ်းဆွတ်ခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်ကွာ..သားရောနေကောင်းရဲ့လား.ကျန်းမာ
ပျှော်ရွှင်နိုင်ပါစေလို့ ဖေဖေဆုတောင်းပါတယ်ကွာ.ဖေဖေလည်းသားတို့ မိသားစုနဲ့ မခွဲခွါခြင်ပေမဲ့ဘ၀ပေးအခြေနေ
အရပေါ့ကွာ.မိသားစုနဲ့ အင်မတန်ဝေးကွာတဲ့အရပ်ဒေသတခုကိုရောက်နေခဲ့ရပြီပေါ့ကွာ.သားတို့ ကိုသတိရလို့ ဖုန်း
ဆက်ပြန်တော့လဲဖုန်းလိုင်းကBusy.တဲ့.Handphoneဆိုတဲ့ဟာကြီးကိုခေါ်ပြန်တော့လည်း.လူကြီးမင်းခေါ်ဆိုသော
ဖုန်းနံပါတ်မှာဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်နေပါသဖြင့်ခေါ်ဆိုလို့ မရနိုင်ပါဆိုတာကတမျိုး..စက်ပိတ်ထား
ပါသဖြင့်ခေါ်ဆိုမရနိုင်ပါဆိုတာကတဖုံဆိုတော့ဖေဖေလည်းတော်တော်စိတ်ကုန်မိတာပေါ့သားရယ်ဒါနဲ့ ဖေဖေလည်း
ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားမိတော့ဒီနေ့ လိုဆက်သွယ်ရေးတိုးတက်လျှင်မြန်နေတဲ့ခေတ်ကြီးမှာဒို့ ဆီမှာ
အင်တာနက်ဆိုတာလည်းရှိနေတာကိုသွားသတိရမိလိုက်တာပေါ့.ဒါနဲ့ ဖေဖေလည်းG.mail တို့ ဘာတို့ ကိုသုံးပြီး
သားတို့ နဲ့ စကားတွေအားပါးတရပြောလိုက်မယ်ဆိုပြီးဝမ်းသာလိုက်တာမပြောပါနဲ့ တော့သားရေ..ဘာလို့ လဲဆို
တော့ဈေးသက်သက်သာနဲ့ စကားတွေအများကြီးပြောနိုင်တော့မှာဆိုပြီးတော့လေ.ဖေဖေအတွက်တလတလကို
ဖုန်းဖိုးအတွက်ကုန်ရတဲ့ငွေကရတဲ့လစာရဲ့လေးပုံတပုံလောက်ကိုရှိနေလို့ ပဲသားရေ.ဒါပေမဲ့ကွာအင်တာနက်ဆိုတာ
ကြီးကလည်းမီးမလာရင်ဘာမှလုပ်လို့ မရဘူးဆိုတော့ဒီအစီစဉ်ကိုလည်းဖျက်လိုက်ရရောပေါ့ကွာ.ဒါနဲ့ ကိုယ့်ဆီမှာ
အဆင်ပြေလောက်မဲ့ဟာမျိုးနဲ့ လုပ်ရရင်တော့ကောင်းမှာဆိုပြီးတော့ဖေဖေလည်းအားတဲ့အချိန်မရှိတဲ့ကြားကပဲ အချိန်လုပြီးစာတွေရေးရတာပေါ့ကွာ.စာဆိုတာမျိုးကမီးမလာလဲအချိန်မရွှးဖတ်နိုင်တာမျိုးမဟုတ်လား.ဖယောင်း
 တိုင်နဲ့ လဲအဆင်ပြေတယ်လေ..စာကိုလည်းမပျောက်အောင်ဆိုပြီးမှတ်ပုံတင်စာလုပ်ပြီးပို့ တာပဲ.ဒါပေမဲ့မရောက်
ဘူးပြောတာနဲ့ ဖေဖေလည်းမတတ်နိုင်တော့ဘူးကွာ..ဒါကြောင့်အင်တာနက်သုံးလို့ ရတဲ့နေရာတိုင်းမှာဖေဖေ
စာလေးတွေဖတ်နိုင်အောင်စီစဉ်လိုက်ရတာသားရေ..သားကျန်းမာပျှော်ရွှင်နိုင်ပါစေလို့ ..........
                                                                                 သားကိုချစ်တဲ့ဖေဖေထွန်း

Saturday, July 9, 2011

အချိန်နဲ့ လူ

သားလေးရေ..
              ဒီနေ့ တော့အချိန်တန်ဘိုးအကြောင်းဖေဖေပြောပြချင်တယ်ကွာ..ဖေဖေတို့ သက်ရှိလူသားတွေဟာအချိန်လို့ ခေါ်
တဲ့သဘာဝဖြစ်စဉ်တခုရဲ့လည်ပါတ်မှုအောက်မှာပဲကိုယ့်ရဲ့ဘ၀တခုကိုဖန်တီးတည်ဆောက်ခွင့်ရကြလို့ ပဲသားရေ
ဒါကြောင့်အချိန်ဆိုတာဘ၀တခုလို့ ပြောလို့ ရနိုင်တယ်..အချိန်ဆိုတာမရှိခဲ့ရင်ဘ၀ဆိုတာလည်းမရှိနိုင်ပြန်ဘူးလေ
အချိန်ကိုဖြုံးတီးပစ်တယ်ဆိုရင်ကိုယ့်ရဲ့တန်ဘိုးရှိတဲ့ဘ၀တခုကိုအလကားဖြုံးတီးရာရောက်မယ်ဆိုတာနားလည်စေ
ချင်တယ်လေ.ဘ၀ဆိုတာရှင်သန်နေထိုင်ခွင့်ရတဲ့အချိန်ကာလသတ်မှတ်ချက်လေးတခုပါသားရေ.နောက်ပြီးအင်
မတန်လည်းတိုတောင်းလှပါတယ်ကွာ.ဒါကြောင့်တိုတောင်းလွန်းတဲ့အချိန်ကာလလေးတခုကိုဘယ်လိုတန်ဘိုးရှိရှိ
အသုံးချရမလဲဆိုတာနားလည်ဘို့ သိပ်အရေးကြီးပါတယ်ကွာ.လူတွေဟာကိုယ့်ဘ၀ကိုတန်ဘိုးထားတယ်ပြောနေ
ကြပေမဲ့အချိန်ကိုတော့သိပ်ပြီးတန်ဘိုးမထားတတ်ကြပြန်ဘူးလေ.တကယ်တော့ဘ၀ကိုတန်ဘိုးထားပါတယ်ဆိုရင်
အချိန်ကိုလည်းသေသေချာချာတန်ဘိုးထားရမှာပဲသား.အချိန်ဆိုတဲ့သဘာဝတရားဟာလူတိုင်းလူတိုင်းကိုတူညီတဲ့
အခွင့်ရေးပေးထားပါတယ်.အဲဒါကတော့တနေ့ (၂၄ )နာရီဆိုတဲ့ကာလသတ်မှတ်ချက်တခုပဲသား..ချမ်းသာလို့ 
လည်းပိုပြီး(၂၅.နာရီ)ဆိုပြီးပေးမထားသလို..ဆင်းရဲလို့ လည်းမင်းကတော့နာရီ(၂၀)လောက်ပဲယူဆိုတာမျိုးလုံးဝ
မရှိပါဘူးသား.အချိန်ဆိုတာလူမျိုးဘာသာ.ဆင်းရဲချမ်းသာမရွှေးတန်းတူညီမျှရနေတဲ့အခွင့်အရေးတခုဆိုတာပါပဲ
 အဲဒီတော့အချိန်ကိုတန်ဘိုးရှိအောင်အသုံးချတတ်တဲ့သူဆိုရင်ဘယ်လိုလူမျိုးမဆိုကြီးပွှားတိုးတက်အောင်မြင်နိုင်
တယ်ဆိုတာကိုနာလည်စေချင်တယ်သား.ဘ၀မှာကြီးပွှားတိုးတက်အောင်မြင်နေတယ်ဆိုတဲ့သူမှန်သမျှဟာအချိန်
ကိုတန်ဘိုးရှိရှိသုံးစွဲကြတဲ့သူတွေဆိုတာလေ့ကြည့်ရင်သိနိုင်ပါတယ်သားရေ နာရီလေးကိုခဏလောက်အချိန်ယူ
ပြီးစောင့်ကြည့်စဉ်းပါသား.နာရီလက်တံဟာနောက်ကိုပြန်လည်တာတွေ့ ဘူးသလားသား.