Sunday, July 10, 2011

သားငယ်အတွက်

သားလေးရေ..
          ဖေဖေသတိရလွမ်းဆွတ်ခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်ကွာ..သားရောနေကောင်းရဲ့လား.ကျန်းမာ
ပျှော်ရွှင်နိုင်ပါစေလို့ ဖေဖေဆုတောင်းပါတယ်ကွာ.ဖေဖေလည်းသားတို့ မိသားစုနဲ့ မခွဲခွါခြင်ပေမဲ့ဘ၀ပေးအခြေနေ
အရပေါ့ကွာ.မိသားစုနဲ့ အင်မတန်ဝေးကွာတဲ့အရပ်ဒေသတခုကိုရောက်နေခဲ့ရပြီပေါ့ကွာ.သားတို့ ကိုသတိရလို့ ဖုန်း
ဆက်ပြန်တော့လဲဖုန်းလိုင်းကBusy.တဲ့.Handphoneဆိုတဲ့ဟာကြီးကိုခေါ်ပြန်တော့လည်း.လူကြီးမင်းခေါ်ဆိုသော
ဖုန်းနံပါတ်မှာဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်နေပါသဖြင့်ခေါ်ဆိုလို့ မရနိုင်ပါဆိုတာကတမျိုး..စက်ပိတ်ထား
ပါသဖြင့်ခေါ်ဆိုမရနိုင်ပါဆိုတာကတဖုံဆိုတော့ဖေဖေလည်းတော်တော်စိတ်ကုန်မိတာပေါ့သားရယ်ဒါနဲ့ ဖေဖေလည်း
ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားမိတော့ဒီနေ့ လိုဆက်သွယ်ရေးတိုးတက်လျှင်မြန်နေတဲ့ခေတ်ကြီးမှာဒို့ ဆီမှာ
အင်တာနက်ဆိုတာလည်းရှိနေတာကိုသွားသတိရမိလိုက်တာပေါ့.ဒါနဲ့ ဖေဖေလည်းG.mail တို့ ဘာတို့ ကိုသုံးပြီး
သားတို့ နဲ့ စကားတွေအားပါးတရပြောလိုက်မယ်ဆိုပြီးဝမ်းသာလိုက်တာမပြောပါနဲ့ တော့သားရေ..ဘာလို့ လဲဆို
တော့ဈေးသက်သက်သာနဲ့ စကားတွေအများကြီးပြောနိုင်တော့မှာဆိုပြီးတော့လေ.ဖေဖေအတွက်တလတလကို
ဖုန်းဖိုးအတွက်ကုန်ရတဲ့ငွေကရတဲ့လစာရဲ့လေးပုံတပုံလောက်ကိုရှိနေလို့ ပဲသားရေ.ဒါပေမဲ့ကွာအင်တာနက်ဆိုတာ
ကြီးကလည်းမီးမလာရင်ဘာမှလုပ်လို့ မရဘူးဆိုတော့ဒီအစီစဉ်ကိုလည်းဖျက်လိုက်ရရောပေါ့ကွာ.ဒါနဲ့ ကိုယ့်ဆီမှာ
အဆင်ပြေလောက်မဲ့ဟာမျိုးနဲ့ လုပ်ရရင်တော့ကောင်းမှာဆိုပြီးတော့ဖေဖေလည်းအားတဲ့အချိန်မရှိတဲ့ကြားကပဲ အချိန်လုပြီးစာတွေရေးရတာပေါ့ကွာ.စာဆိုတာမျိုးကမီးမလာလဲအချိန်မရွှးဖတ်နိုင်တာမျိုးမဟုတ်လား.ဖယောင်း
 တိုင်နဲ့ လဲအဆင်ပြေတယ်လေ..စာကိုလည်းမပျောက်အောင်ဆိုပြီးမှတ်ပုံတင်စာလုပ်ပြီးပို့ တာပဲ.ဒါပေမဲ့မရောက်
ဘူးပြောတာနဲ့ ဖေဖေလည်းမတတ်နိုင်တော့ဘူးကွာ..ဒါကြောင့်အင်တာနက်သုံးလို့ ရတဲ့နေရာတိုင်းမှာဖေဖေ
စာလေးတွေဖတ်နိုင်အောင်စီစဉ်လိုက်ရတာသားရေ..သားကျန်းမာပျှော်ရွှင်နိုင်ပါစေလို့ ..........
                                                                                 သားကိုချစ်တဲ့ဖေဖေထွန်း

No comments:

Post a Comment