Friday, July 15, 2011

ခံတွင်းမြိန်ဆေး

ခံတွင်းမြိန်ဆေးဆိုတော့(ဦးချိန်တီ.အစာကြေလျှက်ဆားတို့ ဦးအေးမြင့်သွေးဆေးလျှက်ဆား)အကြောင်းတော့မ  
ဟုတ်ဘူးနော်.ကျနော်တို့ အညာဒေသကရယ်စရာအကြောင်းတခုကိုပြောချင်လို့ ဗျာ.ကျနော်တို့ အညာကအချို့ 
ရွာတွေမှာစကားပြောရင်အဆဲလေးပါမှကိုပြောတတ်ကြတာ.ဆိုပါစို့ မတွေ့ တာကြာနေတဲ့သူငယ်ချင်းတွေပြန်ဆုံ
လို့ နုတ်ဆက်စကားပြောတာကအစ.ဒီလို...ဟာသူငယ်ချင်းမတွေ့ ရတာကြာပြီ.အဆင်ရောပြေရဲ့လား?မိသားစု 
တွေရောနေကောင်းကြရဲ့လား.ငါ...တဲ့မှပါဘဲတဲ့..အဲဒီလိုအဆဲလေးမှမပါရရင်စကားကိုမပြောတတ်တာ.ဘာရယ်
လို့ တော့မဟုတ်ဘူးပေါ့အကျင့်ကိုပါနေကြတာ.ကိုယ့်အရပ်ဒေသမှာကြားနေပြောနေကြမို့ ဘာမှမထူးပေမဲ့တခြား
ကလူလာလည်ရင်ဖြစ်ဖြစ်.ကိုယ်ကပဲအခြားကိုသွားလို့ ပဲဖြစ်ဖြစ်စကားပြောကြရရင်တော့တော်တော်ကိုခွကြကုန်
တော့တာပဲဗျို့ ..အဲပွားနေတာနဲ့ လိုရာမရောက်ဖြစ်ဦးမယ်. အဲဒီရွာကလင်မယားနှစ်ယောက်မှာ(၁၀)နှစ်သားအ
ရွယ်သားလေးတယောက်ရှိတယ်.ဒီကလေးကလည်းထုံးစံအတိုင်းကြားဖန်များတော့နားရည်ဝနေတယ်ပေါ့ဗျာ.. ဒီလိုနဲ့ ကလေးအမေလည်းတော်တော်ကြာအောင်နေထိုင်မကောင်းဖြစ်တယ်ပေါ့ဆေးကုလိုက်လို့ ရောဂါသက်  
သာသွားပေမဲ့အားမရှိသေးတော့အိပ်ယာထဲမှာပဲနေနေရတုန်းပဲပေါ့လေ.သူ့ ယောကျာင်္းကတော့အမြန်နေကောင်း
 စေချင်ပြီလေဘာကြောင့်လဲဆိုမိန်းမနေမကောင်းတော့ယောကျာင်္းမှာလည်းအလုပ်ပျက်အကိုင်ပျက်မဟုတ်လားခံတွင်း လိုက်မဲ့အစာလေးတွေကျွေးမယ်ဆိုပြီးသူ့ မိန်းမကိုမေးတယ်ဘာစားချင်လဲပေါ့.အားရှိသွားအောင်ကြက်စွပ်  
ပြုတ်လေးဆိုတော့လဲ.စားချင်စိတ်ကိုမရှိဘူးတဲ့..ဒါဆိုဝက်သားပေါင်းလေးဆိုတော့လဲ ..ဟင့်အင်း..ဒါဆိုဆိုင်က  
ခေါက်ဆွဲကြော်လေးရော..ဒါလည်းခေါင်းခါတာပဲ..ဒါနဲ့ ယောကျာင်္လည်းတော်တော်စိတ်လေနေတာပေါ့.အမေ  
ဘယ်လောက်ခေါင်းခါနေနေသားလုပ်တဲ့သူကတော့အမေမစားရင်ကျနော်စားမှာလို့ ကလေးပြီပြီပြောနေတော့ 
တာ.အဖေကျွေးချင်တာသူ့ ကိုမဟုတ်ဘူးဆိုတာကိုနားမလည်ဘူးပေါ့.သူ့ အဖေဒေါသကသူ့ အပေါ်ကြလာပြီး.   
ဟာဒီငါ..မသားအခန်းထဲကထွက်သွားစမ်းဆိုပြီးအဆဲခံလိုက်ရရောဆိုပါတော့..အဲဒီမှာတင်ကလေးကသူမသွား
ခင်သူ့ အမေအတွက်ခံတွင်းမြိန်မဲ့နည်းကောင်းတခုပေးထားခဲ့တယ်တဲ့ ..ကလေးပေးသွားတဲ့နည်းကတော.......
(ဒီလောက်တောင်ဖြစ်နေမှတော့ဘာမှကိုကျွေးမနေစမ်းပါနဲ့ အဖေတခါတည်းသာ.(.   )သာချလိုက်လိုက်စမ်းပါ
ဟူသတည်း..အဲဒီတော့မှနေမကောင်းတဲ့အမေလည်းသူ့ ယောကျာင်္းလှမ်းကြည့်..ပြုံးပြ..ခေါင်းလေးငြိမ့်ပြီးပြော  
လိုက်ပုံက..(ကလေးကမှသိသေးသတဲ့....)

No comments:

Post a Comment