Friday, July 22, 2011

အတော်ဆုံးဒါးသမား

တခါကဓါးစွမ်းရည်ပြိုင်ပွဲတခုမှာပေါ့.နောက်ဆုံးဗိုလ်လုပွဲမှာပြိုင်ပွဲဝင်ရမဲ့သူက( ၃ )ယောက်ပဲကျန်တော့တာပေါ့
ဒါနဲ့ အချက်ပေးလိုက်တယ်ဆိုရင်ပဲပထမဦးဆုံးပြိုင်ပွဲဝင်မဲ့အားကစားသမားကမတ်တတ်ရပ်လိုက်ပြီးပရိတ်သတ်
နဲ့ အကဲဖြတ်ဒိုင်လူကြီးတွေကိုဦးညွှတ်အလေးပြုလိုက်တယ်.ဒိုင်ကအချက်ပြလိုက်တယ်ဆိုရင်ပဲအကဲဖြတ်အဖွဲ့ က
ယင်ကောင်တကောင်ကိုလွှတ်ပေးလိုက်တော့တယ်.ဒါနဲ့ ဒါးသမားလည်းဒါးကိုသွက်သွက်လက်လက်နဲ့ ခုတ်ပိုင်း
လိုက်ပြီးတော့.လက်တဖက်နဲ့ ဖမ်းယူလိုက်ပြီးအကဲဖြတ်လူကြီးတွေကိုလက်ဖြန့် ပြီးပြလိုက်တယ်.ယင်ကောင်တော့
( ၂ )ပိုင်းဖြစ်သွားတယ်.လူကြီးတွေလဲခေါင်းငြိမ့် အသိမှတ်ပြုပြီးလက်ခုပ်တီးပြီးဂုဏ်ပြုလိုက်ကြတယ်.ဒုတိယလူ
လည်းထွက်လာပြီးပရိတ်သတ်နဲ့ အကဲဖြတ်တွေကိုအရိုသေပေးပြီးဒိုင်ရဲ့ အချက်ပေးသံကိုစောင့်နေတယ်.ယင်ကို 
လွှတ်လိုက်တယ်ဆိုရင်ပဲဒုတိယလူလည်းသွက်သွက်လက်လက်နဲ့ ခုတ်ပိုင်းလိုက်ပြီးလက်တဖက်နဲ့ လေထဲကိုလိုက်
ဖမ်းလိုက်တယ်.ပြီးတော့အကဲဖြတ်လူကြီးတွေကိုပြလိုက်ပြန်တယ်.ယင်ကောင်တော့(၄)ပိုင်းဖြစ်သွားပြန်တယ်.အ
ကဲဖြတ်လူကြီးတွေလဲတအံ့တသြနဲ့ ဂုဏ်ပြုကြပြန်တယ်.လာပါပြီနောက်ဆုံးဒါးသမား.ပရိတ်သတ်ကလဲသိတ်ကို
မျှော်လင့်နေကြပြီ.ဘယ်လိုအစွမ်းတွေများထပ်ပြီးမြင်ရမလဲလို့ ပေါ့.ပထမတယောက်က(၂)ပိုင်း..ဒုတိယကြပြန်
တော့(၄)ပိုင်းဆိုတော့နောက်ဆုံးတယောက်ဆိုဘယ်နှစ်ပိုင်းများမြင်ရမလဲပေါ့ရင်တထိတ်ထိတ်နဲ့ ပေါ့.သူထွက်လာ
ပြီးနေရာယူလိုက်တယ်ဆိုရင်ပဲပရိတ်သတ်ရဲ့ သြဘာသံတွေညံနေတော့တာပဲဗျို့ .သူကတည်တည်ပဲပရိတ်သတ်ကို
လက်ပြပြီးနုတ်ဆက်လိုက်တယ်.အကဲဖြတ်လူကြီးတွေကိုအရိုသေပေးပြီးအဆင်သင့်စောင့်နေလိုက်တယ်.ဒိုင်ရဲ့ အ
ချက်ပေးသံနဲ့ အတူဝဲပျံလာတဲ့ယင်တကောင်.အေးအေးဆေးဆေးပါပဲ.ဒါးကိုလေထဲတချက်ပဲခုတ်ထည့်လိုက်တယ်
ပြီးနောက်လက်တဖက်နဲ့ ခံလိုက်ပြီး.အကဲဖြတ်လူကြီးတွေကိုပြလိုက်တယ်.လူကြီးတွေထင်ထားတာယင်ကောင်(၈)
စိတ်များဖြစ်သွားမလားလို့ ဝိုင်းအုံကြည့်ကြတယ်.ဘာမှမမြင်ရပါလက်ချည်းသက်သက်..ပြူးကြည့်ကြလဲပြဲကြည့်ကြ
လဲဘာဆိုဘာမှမမြင်ရတော့မှ..အကဲဖြတ်အဖွဲ့ မှဟိတ်ဟောင်မင်းဟာကဘာမှမမြင်ရပါလားကွလုပ်ဦးဆိုတော့မှ..
နောက်ဆုံးဒါးသမားကပြောလိုက်ပုံက(ကျနော်ဒီကောင်ကိုနောက်ကိုမျိုးဆက်ပွှားလို့ မရနိုင်အောင်ဖြတ်လွှတ်လိုက်
ပါပြီ.)လို့ ပြောသတဲ့..ဒါနဲ့ အကဲဖြတ်တွေလည်းမင်းဟာကမဖြစ်နိုင်ပါဘူးကွာလို့ ပြောသတဲ့ .ဒါနဲ့ ဒါးသမားကဆရာ
တို့ မရုံလည်းအဲဒီကောင်ကိုပြန်ဖမ်းပြီးစစ်ဆေးကြည့်နိုင်ပါတယ်.ကျနော်အသေချာကိုဖြတ်လွှတ်လိုက်တာပါလို့ ထပ်
ပြောလိုက်တယ်.ဒါနဲ့ ဒီပွဲမှာအကောင်းဆုံးဒါးသမားဆုကိုအောင့်သက်သက်နဲ့ သူ့ ကိုပေးလိုက်ရတော့တာပေါ့ဗျာ..
သူပြောသလို(..)ဖြတ်ခံထားရတဲ့ယင်ကောင်ကိုပြန်ဖမ်းဘို့ ကလွယ်မှမလွယ်တာနော်.သူလုပ်ပုံကကိုးလို့ ကန့် 
လန့် ဆိုတော့ဆုပေးပွဲမှာလည်းကန့် လန့် ကန့် လန့် ပဲပေါ့ဗျာ.ဒီဒါးစွမ်းရည်ပြိုင်ပွဲမှာယင်ကောင်ကို(..)ဖြတ်လွှတ်
လိုက်နိုင်ပါသဖြင့်တတိယဒါးသမားကိုအကောင်းဆုံးဒါးသမားဆုချီးမြှင့် အပ်နှင်းလိုက်ပါကြောင်းနဲ့ နောင်နှစ်တွေ
မှာလည်းပြိုင်ပွဲကိုဆက်လက်ကျင်းပမှာဖြစ်ကြောင်းနဲ့ နောင်နှစ်ပွဲတွေမှာစည်းကမ်းဥပဒေသစ်တခုပြဌာန်းမှာဖြစ်
ပြီးအဲဒါကတော့.ဒါကလွဲပြီးအကုန်ဖြတ်နိုင်တဲ့ဥပဒေဖြစ်ပါကြောင်းပြောရင်းနဲ့ ပဲနိဂုဏ်းချုပ်လိုက်ပါတယ်ဗျာ..

No comments:

Post a Comment