Thursday, October 20, 2011

တကယ်ဝင်နေတာဆိုရင်တော့..ဟင်း

ဒါလေးကတော့ရွှေခြံသားနဲ့ ဝါသနာတူဘော်ဒါတယောက်ပေါင်းပြီးသင်ခန်းစာပေးခဲ့ဘူးတဲ့ဇာတ်လမ်းလေးဗျ.ဒီလို.ကျနော်
တို့ ရွာမှာဗျာခုဆိုအားလုံးသိကြတဲ့အတိုင်းစားဝတ်နေရေး.စီးပွှားရေးဆိုတာလဲဘာမှလုပ်လို့ ကိုင်လို့ ကိုမကောင်းတာဗျာ..
ကြီးပွှားတိုးတက်ဖို့ ဆိုတာအသာထားနေ့ နဲ့ ညစာကိုတောင်အလျှင်မှီအောင်ကိုအတော်ကိုကြိုးစားနေကြရတာမဟုတ်လား
ဗျာ.ရွှေခြံသားတောင်အဝေးကွင်းကိုဆယ်စုနှစ်တခုလောက်ထွက်ကန်ပြီးရလာတဲ့ငွေစုငွေရင်းလေးနဲ့ ရိုးရိုးသားသားလုပ်
ကိုင်စားသောက်နေတော့မိသားစုစားရိတ်ကာမိအောင်ကိုမနဲလုပ်နေရတာလေ.ဟန်မပျက်ယုံလေးပဲပေါ့ဗျာ.အင်းတနေ့ 
လုပ်မှတနေ့ စားနေရတဲ့သူတွေရဲ့ဘဝတွေများဆိုဘယ်လိုများရုံးကန်လှုပ်ရှားကြရပါမလဲဆိုတာစဉ်းစားပြီးအတော်ကိုစိတ်
မကောင်းဖြစ်မိတာ.ကိုယ်လဲဘာမှမတတ်နိုင်ပါဘူးလေကိုယ့်ကိုကိုယ်တောင်မတ်တတ်ရပ်နေရာကနေလေးဘက်ထောက်
ဖြစ်မသွားရအောင်အတော်လုပ်နေရတာမဟုတ်လား.ဒီတော့လဲစိတ်မကောင်းရုံကလွဲဘာများတတ်နိုင်မှာလဲလေထားတော့
ဗျာ.လူတွေပဲဗျာအငတ်တော့ဘယ်ခံနိုင်ကြမှာလဲတဲ့.ဒီတော့လဲစားရရင်ပြီးရောပေါ့ဘာပဲလုပ်ရ.လုပ်ရလေဖြစ်ကုန်ကြတော့
တာပေါ့ဗျာ...သီလစောင့်မှအူမတောင့်မယ်ဆိုတာတွေကိုလဲမေ့ကုန်ကြပြီးအူမတောင့်မှသီလစောင့်နိုင်မယ်တွေဖြစ်ကုန်ကြ
တော့တာပေါ့.ဒီတော့ငွေကိုလွယ်လွယ်ရမဲ့နည်းတွေကိုရှာကြလုပ်ကြတော့တာပေါ့ဗျာ.သိကြတဲ့အတိုင်းတစ်လုံး.နှစ်လုံး.သုံး
လုံးဆိုတဲ့ဝဲဂယက်သံသရာမှာပဲမထွက်နိုင်အောင်ဖြစ်ကြရတော့တယ်ပေါ့...ဒါကိုအခွင့်ကောင်းယူပြီးလုပ်စားကြမဲ့သူတွေလဲ
နည်းမျိုးစုံနဲ့ ပေါ်လာကြတော့တာပဲပေါ့ဗျာ.သိကြတဲ့အတိုင်းပေါ့နော်.ရွှေခြံသားတို့ အရပ်ထဲမှာတော့ဆိုက်ကားနင်းစားနေတဲ့
အကောင်ကတောင်ဆံပင်ရှည်ထား.မုတ်ဆိတ်မွှေးအရှည်ထားလက်ကပုတီးကြီးကိုင်အဝတ်နီညိုရောင်ကြီးပါတ်ပြီးဘိုးတော်
ဆိုပြီးလုပ်စားတော့တာပဲဗျို့ .နဲနဲဇလေးရှိတဲ့မိန်းမတွေကတော့မယ်တော်ပေါ့..တချို့ ကတော့အရပ်တကာလည်အတင်းဖျင်း
စုဆောင်းရင်းအကြားမြင်လိုလို.နတ်နဲ့ မင်္ဂလာဆောင်တယ်ဆိုပြီးလုပ်စားတဲ့သူတွေပေါ်လာကြတော့ပြန်တာပဲလေရွှေခြံသား
နဲ့ ထိပ်တိုက်တွေ့ ခဲ့ရသူကတော့အရပ်ထဲကနတ်ကတော်လုပ်စားနေတဲ့ခပ်ချောချောကောင်မလေးတယောက်ပေါ့ဗျာ.ဒီဟာ
မလေးကဆင်းရဲပေမဲ့အတော်ချောတာကလား...သူ့ ဟာသူလေးကောင်းကောင်းမွန်မွန်နေထိုင်နေမယ်ဆိုရင်ကတော်တ
ယောက်တောင်ဖြစ်နိုင်လောက်တဲ့ရုပ်ရည်မျိုးဗျ.ရွှေခြံသားတောင်နန္ဒာလှိုင်ရှိနေလို့ မချီးမြောက်ရတာဟီးဟီး.ချောတာပြော
ပါတယ်.သူဝင်ပူးတဲ့နတ်ကလဲနတ်တကာထဲမှာအတော်လေးကိုကြမ်းလှတဲ့ဒေါ်ကြမ်းကြီးပေါ့ဗျာသိတယ်ဟုတ်လ္ဘက်လေးဝါး
လိုက်.ထန်းရေလေးမော့လိုက်နဲ့ ခပ်ကြမ်းကြမ်းပြောတတ်တဲ့သူလေ.အိမ်ကနန္ဒာလှိုင်ကလဲဟိုစပ်စပ်ဒီစပ်စပ်ဆိုတော့ဗျာ.တ
နေ့ တော့အိမ်ပေါ်ကိုရောက်လာတော့တာပေါ့လေ.သူ့ ကျောင်းကဆရာမတွေနဲ့ စုလို့ ပေါ့.ရွှေခြံသားအိမ်မှာမရှိတုန်းလေ.ရှိ
နေတုံးဆိုလို့ ကတော့ဘယ်လုပ်ရဲမှာတုံးလေ.လူတွေကလဲအတော်ခက်တယ်ဗျာကိုယ့်အကြောင်းကိုကိုယ်မသိကြတော့ဘူး
ထင်ပါရဲ့.သူများကပြောပြမဲ့ကိုယ့်အကြောင်းကိုပဲအချိန်ကုန်ငွေကုန်ခံပြီးလိုက်မေးနေတတ်တာလေကျနော်တော့သူတို့ ကို
ဘယ်လိုနားလည်ရမှန်းကိုမသိတော့ပါဘူးဗျာ.ရှေ့ဖြစ်တွေနောက်ဖြစ်တွေကိုကိုယ့်ထက်များဘယ်သူကပိုသိနိုင်မှာမို့ လဲလေ.
ကောင်းတာလုပ်ထားရင်ကောင်းတာတွေဖြစ်လာမှာပဲလေ.ဘယ်သူ့ မှမေးစရာမလိုတာ.ဟုတ်တယ်မလားဗျာ.ထားပါတော့
လေ.ကျနော်အိမ်ကိုမမျှော်လင့်ပဲပြန်ပဲရောက်လာချိန်မှာပဲနတ်မေးကြတဲ့ဝိုင်းကအတော်လေးကိုစည်နေပြီလေ.ထုံးစံအတိုင်း
ထန်းရေလေးမော့လိုက်လ္ဘက်လေးဝါးလိုက်နဲ့ ပါးစပ်ကလဲတကယ့်ကိုအလေနတောစကားတွေနဲ့ ပလူကိုပျံနေတာလေ.ကြား
ဖူးကြမယ်ဟုတ်.အဲဘာတဲ့သောက်ပါတ်တဲ.စကားတခွန်းမပြောရသေးဘူး.တပါတ်ထဲကိုပါတ်နေတော့တာပဲဗျာ(နားနဲ့ မနာဖ
ဝါးနဲ့ သာနာကြပါတော့လို့ )နောက်ပြီးတော့လဲဟဲ့ကိုရွှေလီးတဲ့လေ..ဒါကိုလဲတော်တော်များပြောသံကြားတော့ရွှေခြံသားက
တော့ဒီနတ်ကဒါကိုတော့အတော်ကြိုက်တာနေမှာပဲလို့ စဉ်းစားမိတယ်လေ.မိန်းမတွေကြားမှာကျနော်တယောက်ထဲမျက်နှာ
ပူနေပေမဲ့သူကတော့အရှိန်လေးနဲ့ ဆက်လှိမ့်နေလေရဲ့လေသာမန်အချိန်မှာမိန်းကလေးတယောက်ရဲ့ပါးစပ်ဖြားကနေမထွက်
ဝံ့တဲ့စကားတွေကိုနတ်ဝင်တယ်ဆိုပြီးအကြောင်းပြသူပြောချင်နေသမျှကိုအတိုးချပြီးပြောနေသလားလို့ တောင်ထင်မိတယ်
ရွှေခြံသားလဲအကြံတခုရုတ်တရက်ပေါ်လာတာနဲ့ ပဲချက်ခြင်းဝင်လုံးတော့တာပေါ့လေ.အမေ့ ကအမေ့သမီးတွေနဲ့ ပဲပျှော်နေ
သားတော်ကြီးကိုတော့ပစ်ထားတယ်ပေါ့သားတော်ကြီးကအမေ့ခြေတော်ရင်းဝပ်စင်းပြီးအမေ့ထမီအောက်ကိုဝင်ပါတယ်ပေါ့
ဒီလိုလုပ်လိုက်ရင်ပဲဟဲ့ခြေတော်ရင်းခစားတယ်ဆိုရင်ပဲငါကျေနပ်လှပါပြီတဲ့ထမီအောက်ဝင်လိုက်ရင်တော့မချောင်ဘူးဆိုတာ
သူသိထင်ပါရဲ့ဗျာ.နောက်သားတော်ကြီးကိုလဲစောင့်ရှောက်ပါဆိုတော့.ဟဲ့နင့်ကိုငါ့ဟာနဲ့ ပွတ်တိုက်ထားလို့ နင်တို့ မိသားစု
ပြောင်ပြောင်ရောင်ရောင်ဖြစ်နေတာမဟုတ်လားတဲ့.လုပ်ချလိုက်တာဗျာ.ဘယ်တုံးကများရွှေခြံသားကိုကြည့်မရနေလဲမသိပါ
ဘူး.ကျနော်ကလဲအသက်လေးကရလာတော့ဆံပင်ကပါးလာချိန်မှာသူကထပ်လုပ်လိုက်တော့.မေးမိမှတော့ပြောင်ပြောင်ပဲ
ပေါ့လေနန္ဒာလှိုင်ကလဲမိန်းမတွေကြားမှာဝင်ရှုပ်နေတဲ့ရွှေခြံသားကိုအထာလေးနဲ့ ထွက်သားဖို့ ပြောတာနဲ့ ရွှေခြံသားလဲဒီမိန်း
မကိုသင်ခန်းစာကောင်းကောင်းပေးနိုင်ဘို့ အတွက်ဝါသနာတူ.ပုလင်းတူဗူးဆို့ ဖြစ်တဲ့လူပျိုကြီးတယောက်ဆီချီတက်ရင်းအ
ကျိုးကြောင်းပြောပြတိုင်ပင်ပြီး.အကြံညဏ်ကောင်းလေးရတယ်ဆိုရင်ပဲကျနော်တို့ နှစ်ယောက်လဲတိုက်ပွဲဝင်မဲ့သူရဲကောင်း
ကြီးတွေလိုခေါင်းကိုမော့ရင်ကိုကော့ပြီး.နတ်သင်ခန်းစာပေးဖို့ အတွက်အိမ်ကိုအမြန်ပြန်ပြီးချီတက်ခဲ့ကြတာပေါ့ဗျာ.စိတ်ထဲမ
တော့ဒီတခါတော့တွေ့ ကြသေးတာပေါ့ကွာလို့ .ကျနော်တို့ ရောက်တယ်ဆိုရင်ပဲဟိုနတ်ကတော်လဲထန်းရေမူးနေပြီးအတော်
ကိုမှန်နေသလို.မိန်းမတွေမေးသမျှကိုသူစပ်စုလို့ သိထားသမျှနဲ့ မှန်းရမ်းတုတ်ပြီးဟောက်စားလုပ်နေတော့တာပေါ့ဗျာ.မိန်းမ
တသိုက်ကတော့လက်အုပ်ကိုကိုယ်စီချီလို့ တော်တော့်ကိုအမြင်မသင့်တဲ့မြင်ကွင်းတခုဗျ.ဒီမှာတင်ပဲကျနော်တို့ နှစ်ယောက်
လဲပြိုင်တူပဲ.အမေကျနော်တို့ ကိုလဲစောင့်ရှောက်ပါဦး.အမေ့ခြေတော်ရင်းကိုသားတော်တို့ ဦးခိုက်ပါတယ်.ဘာညာပေါ့လေ.
ဝင်လုံးတော့တာပေါ့.ဟိုကောင်မကတော့အဟုတ်မှတ်ပြီးရမ်းပြီးတင်တော့တာပေါ့လေ.ရောက်လာတဲ့ကောင်တွေကမြွေနှစ်
ကောင်ဆိုတာမသိရှာသေးဘူးမဟုတ်ပါလားဒီတော့လဲသူ့ အရှိန်နဲ့ သူဆက်ပြီးလိမ့်နေတော့တာပေါ့ဗျာနင်တို့ နှစ်ကောင်လုံး
ကိုငါ့ဟာနဲ့ ပွတ်တိုက်ထားလို့ ပြောင်ရောင်နေကြတာမဟုတ်လားတဲ့ဒီမှာတင်ပဲကျနော့်ဘော်ဒါလူပျိုကြီးကဒါဆိုလဲသူ့ မိန်းမ
နဲ့ ကလေးတွေပါထပ်ပြီးစောင့်ရှောက်ပါလို့ လဲဆိုရော.ဟဲ့ငါကနင်တို့ တမိသားစုလုံးကိုအကုန်ပွတ်တိုက်ထားတာတဲ့ထပ်ပြီး
ရွှီးပါလေရော.ဘော်ဒါလူပျိုကြီးကိုတောင်မိန်းမကလေးရှိတယ်ဆိုပြီးရမ်းလှိမ့်နေမှတော့ကိုယ်ဆင်တဲ့ခွင်ထဲဝင်လာပြီပေါ့ဗျာ.
ဒီတော့လဲအပိုင်ကိုင်ဖို့ စရတော့တာပေါ့ဗျာ.ဒါနဲ့ ကျနော်လဲအဆင်းကိုဘီးတပ်ဖို့ အတွက်.အမေပေါ့....အမေကခုတကယ်ကို
နတ်ဝင်နေတာလားပေါ့မေးလိုက်တယ်ဆိုရင်ပဲ.လိမ်ပြီးစားနေတဲ့သူဆိုတော့အနာပေါ်တုတ်ကျတော့တာပေါ့လေ.ဒီမှာတင်ပဲ
ရွှေခြံသားကို.ဟဲ့အကောင်နင်ကငါ့ကိုတောင်မခန့် လေးစားလုပ်ရဲတယ်ပေါ့.နင်တို့ တမိသားစုလုံးငါ့အကြောင်းတော့ကောင်း
ကောင်းသိကြသေးတာပေါ့လို့ မာန်ပါပါကြိမ်းတော့တာပေါ့..ဒီမှာတင်နန္ဒာလှိုင်ဆိုကြောက်ရှာလွန်းလို့ လက်အုပ်လေးချီပြီး
ချက်ချင်းတောင်းပန်ရတော့တာပေါ့လေ.အမေ့သားအမိုက်မဲလေးကိုခွင့်လွှတ်တော်မူပါ.ဘာညာပေါ့လုပ်ရတော့တာပေါ့.ပြီး
တော့မှဧည့်သည်တွေပြန်ရင်တော့တွေ့ ကြသေးတာပေါ့ဆိုတဲ့အထာတွေပေးတော့တာပေါ့ဗျာမတတ်နိုင်ဘူးလေပွဲပြီးအောင်
တော့ကရဦးမှာမဟုတ်ပါလား.အဲဒီမှာတင်ပဲကျနော်ဘော်ဒါလူပျိုကြီးက...ဟုတ်ပါပြီကျနော့်အမေတကယ်ကိုဝင်နေတယ်ဆို
တာယုံပါပြီပေါ့.ဒီတော့အမေနဲ့ ကျနော့်ကြားမှာနှစ်ဦးထဲမေးစရာပြောစရာရှိပါတယ်.ဒါကြောင့်မဆိုင်တဲ့သူတွေခဏလောက်
အပြင်ကိုထွက်ပေးကြပါဆိုတာနဲ့ အားလုံးပဲအလိုက်တသိထွက်ပေးလိုက်ကြတယ်ဆိုရင်ပဲ..ကျနော်လဲဖွင့်ထားတဲ့တံခါးလေး
တွေကိုလိုက်ပိတ်ပေးနေတုံး.သူငယ်ချင်းက.အမေရေ.သားတော်ကြီးလဲဒီအသက်အရွယ်ထိလူကိုပဲလုပ်ဖူးပါသေးတယ်ပေါ့
နတ်ကိုတခါမှကိုမလုပ်ဖူးသေးလို့ ပေါ့.ဒီတော့ခုလိုနတ်တကယ်ကိုဝင်နေတုံးလေးမှာနတ်ကိုတခါလောက်တော့လုပ်ဖူးတယ်
ရှိအောင်လုပ်လွှတ်လိုက်ရဦးမယ်ဆိုပြီး.ပြောပြောဆိုဆိုအတင်းဝင်ပြီးလုံးတော့တာပေါ့ဗျာ.ဒီတော့ဟိုကောင်မလဲရုတ်တရက်
ကြီးဆိုတော့နတ်လိုဘာလိုတောင်မကြိမ်းဝါးနိုင်တော့ပါဘူး.လူလိုပဲအမလေးအရပ်ကတို့ ကယ်တော်မူကြပါဘာညာဖြစ်ကုန်
တော့တာပေါ့ဗျာ...လူပျိုကြီးကလဲလျှင်သလားမမေးနဲ့ လေစက္ကန့် ပိုင်းလေးအတွင်းမှာပဲအတော်ကိုခရီးရောက်သွားတာဗျ.
သူအော်ပေမဲ့ကယ်မဲ့သူမရှိလေတော့မှနတ်ကတော်လဲချက်ချင်းသတိရသွားပြီး....ဟားကနဲအသက်ရှုထုတ်သံနဲ့ အတူချက်
ချင်းပဲနတ်ပြန်ပြီးထွက်လိုက်ရတယ်လေ.မထွက်လို့ ကတော့ဒင်းနာပြီသာမှတ်လေသိတယ်ဟုတ်.ဒါတောင်လူပျိုကြီးကခြေ
သွက်လက်သွက်နဲ့ ဆို တော့နတ်ကတော်ကောင်မလေးခမျာ..ချဲသမားစကားနဲ့ ပြောရရင်မပူးပေမဲ့ ခွတော့ခွသွားခဲ့ကြောင်း
ပါခင်ဗျား.ရွှေခြံသားရဲ့သင်ခန်းစာပေးမှုကြောင့်ကောင်မလေးလဲနောက်ဆိုမိန်းမနတ်ဆိုလုံးဝဝင်ပူးခိုင်းလို့ ကိုမရတော့တာဗျ
အဲကျနော်လဲပဲနန္ဒာလှိုင်နဲ့ ရန်သတ်ပြီးအိမ်ပေါ်ကဆင်းသွားလို့ တပါတ်လောက်တော့ဒုက္ခရောက်ခဲ့ရကြောင်းပါဗျာ..
(ကျနော့်ညီ.ညီမငယ်များအမှားအမှန်သေချာစွာခွဲခြားနားလည်နိုင်ကြစေဖို့ .မိမိကိုယ်သာယုံကြည်ကိုးကွယ်အားထားတတ်
စေဖို့ .အလိမ်ညာခံရခြင်းများမှကင်းဝေးနိုင်ကြစေဖို့ ဒီပိုစ့်လေးကိုတင်ပါတယ်ဗျာ)..
                                                အားလုံးငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေလို့ ....ပျှော်တတ်တဲ့...
                                                                                                                    ရွှေခြံသား

ကွင်းမှားတဲ့..ဘက်ခမ်း

ပြောရဦးမယ်ဗျ.ရွှေခြံသားအကြောင်း.ကိုယ်ကိုတိုင်ကသာအသောက်အစားလောင်းကစားမလုပ်တတ်တာ.အပေါင်း
အသင်းကတော့အစုံပဲဗျ..ဘုရားဒကာကစပြီးအရက်သမား.ဖဲသမား.ဆိုက်ကားနင်း.မြင်းလှည်းမောင်းသမားအဆုံးအ
ကုန်ဘော်ဒါတွေကြည့်ပဲဗျ.ဒီတော့လည်းအကြားအမြင်စုံတာပေါ့ဗျာ.ဒီကနေ့ ပြောပြချင်တာကတော့ဘော်လုံးဝါသနာ
ရှင်ငမူးတယောက်အကြောင်းပေါ့.အတင်းတုတ်တယ်တော့မထင်ကြနဲ့ ပေါ့ဗျာ...ဆင်ခြင်စရာရှောင်စရာကိစ္စလေးမို့ 
တင်ပြချင်တာပါ.ဒီလိုဗျ.ဒီကောင်မိန်းမရတော့သူ့ မိန်းမနဲ့ အတူသူ့ ညီမလေးတယောက်ပါပါလာတယ်ဗျ..အစပိုင်းက
တော့ကလေးလေးတယောက်လိုပါပဲဗျာ.ဒီလိုနဲ့ အိမ်ထောင်သက်လေးငါးခြောက်နှစ်အတွင်းမှာဟိုကလေးမလေးလဲအ
ချိန်တန်အရွယ်ရောက်လာပြီဆိုတော့သဘာဝအလှသွေးတွေကြွလာတော့တာပေါ့ဗျာ.ဒါကိုဖရီးကစ်ကောင်းတဲ့ဘက်ခမ်း
ကြီးကလဲမြင်တော့တာပေါ့လေ.လူ့ သဘာဝအရငါးစိုငါးစိမ်းလေးမြင်လာတော့အိမ်ကငါးကင်ကြီးကိုပြစ်ချင်လာတော့တာ
ပဲဗျို့ .အိမ်ကမိန်းမနဲ့ လည်းအရာရာမှာအမြင်မကြည်လင်ဖြစ်လာတော့တာပေါ့.စားတဲ့သောက်တဲ့ကိစ္စကစပြီးအိပ်ယာဝင်
တဲ့အထိအရာရာပြသနာလုပ်လာတော့.ဟိုမိန်းမလဲအဆင်ပြေအောင်ကြိုးစားပြီးပြုစုပေးရှာပါတယ်.ဒါပေမဲ့ဘယ်လိုမှကိုအ
ဆင်မပြေရှာပါဘူး...ဒါနဲ့ မိန်းမလုပ်သူလဲအဆင်ပြေနေတဲ့အိမ်ထောင်ရေးချက်ချင်းကြီးပြောင်းသွားတာကိုနားမလည်နိုင်
တော့ပဲဗေဒင်.ယတြာ.အကြားမြင်.နတ်ကတော်.ဘိုးတော်စတာတွေကိုကူကြကယ်ကြပါဦးလုပ်တော့တာပေါ့.ဘာရမလဲ
ဗျာကျနော်တို့ ဘက်ခမ်းကဝါသနာအတိုင်းဖရီးကစ်ချင်နေတာမှမသိကြတာကို.ဒီတော့မှဟိုမိန်းမလဲမိန်းမအချင်းချင်းလက်
တို့ ပြီးသူ့ မှာဒီလို.ဒီလိုဖြစ်နေလို့ ပါ.ကယ်ကြပါဦးပေါ့.အဲဒီမှာတင်အတွေ့ ကြုံဗဟုသုတရှိကြတဲ့မိန်းမတွေကဝိုင်းပြီးစဉ်းစား
အကြံညဏ်ပေးကြတာပေါ့.အဆင်မပြေတာကြာပြီလား.အရင်ကဖြစ်ဘူးသလား.အိမ်မှာတယောက်ထဲလား..ညီမတွေဘာ
တွေခေါ်ထားတာရှိလား.သားသမီးရှိလား.ဘာညာပေါ့ဗျာမေးမြန်းပြီး.ဝိုင်းအဖြေထုတ်ပေးလိုက်ကြတာက.ဒီအကောင်နင့်ညီ
မကိုကြံခြင်နေလို့ နေမှာဒီတော့စမ်းကြည့်ဆိုတဲ့အဖြေရလာတယ်.ဒါနဲ့ တနေ့ ညနေစောင်းဟိုအကောင်လဲစံတော်ချိန်အရက်
ဆိုင်သွားခါနီးမိန်းမလုပ်သူလဲကောက်ကာငင်ကာခရီးသွားစရာရှိတယ်ဆိုပြီးလုပ်ပါရော.သူ့ အကောင်ကိုလည်းဒီညအိမ်ပြန်
နောက်မကျစေနဲ့ သူမရှိဘူးပေါ့.သူ့ ညီမကိုလည်းကြည့်ပြီးစောင့်ရှောက်ဖို့ မှာတော့တာပေါ့လေ..ဖရီးကစ်ဝါသနာပါတဲ့ဘက်
ခမ်းကြီးလဲအကြိုက်ကိုတွေ့ လို့ ပေါ့.တညလုံးအိမ်မှာသူနဲ့ ဟိုကောင်မလေးနှစ်ယောက်ထဲပဲရှိကြတော့မှာမဟုတ်ပါလား.ကံ
ကောင်းချင်တဲ့ခွေးများလျှောက်သွားရင်းချေးပုံကိုဟပ်မိသလိုပေါ့ဗျာ.မိန်းမလဲသူ့ ညီမကိုယောကျာင်္းအတွက်ထမင်းပွဲပြင်ဆင်
ပေးပြီး.စောစောအိပ်ရာဝင်ဘို့ မှာတော့တာပေါ့.အကြံသမားဘက်ခမ်းကတော့စိတ်ချသာသွားပါကိုယ်ဖိရင်ဖိစောင့်ရှောက်ပါ
မယ်ပေါ့လေ.အလုပ်ကိစ္စကိုတခါထဲပြီးအောင်လုပ်ခဲ့ပေါ့.နောက်ဆံတင်းမနေပါနဲ့ ငါတယောက်လုံးရှိပါတယ်.အဆင်မပြေရင်
သုံးလေးငါးရက်သာနေပေါ့အဟဲ.သဘောတွေအရမ်းကောင်းပြနေလိုက်တာဗျာဒါနဲ့ ပဲအရက်ဆိုင်ကိုချေဦးလှည့်တယ်ဆိုရင်
ပဲမိန်းမလဲသူညီမကိုအထုပ်အပိုးတွေနဲ့ သူစီစဉ်ထားတဲ့အိမ်ကိုလိုက်ပို့ ပြီးအိမ်ပြန်လာတာပေါ့...ပြီးရင်သူ့ ယောကျာင်္းအတွက်
ထမင်းပွဲပြင်ပေးပြီးသူ့ ညီမရဲ့အခန်းထဲကိုဝင်စောင်ခြုံပြီးကွေးနေတော့တာပေါ့ဗျာ...တအိမ်လုံးကိုလဲမီးမှောင်ချထားလိုက်ပြီး
ဘက်ခမ်းကြီးအကြိုက်ဖန်တီးပေးထားလိုက်တာပေါ့ဖရီးကစ်ချင်တဲ့ဇာတ်လိုက်ကြီးဘက်ခမ်းလဲအရက်လေးမြန်မြန်မော့ပြီး
အဝေးကွင်းမှာအချိန်မှီကစားနိုင်အောင်အိမ်ပြန်လာတယ်ဆိုရင်ပဲထမင်းဝိုင်းကလွဲလို့ တအိမ်လုံးတိတ်ဆိတ်နေပြီးမီးမှောင်
ချထားကိုတွေ့ လိုက်ရတော့တာပေါ့.ဒါနဲ့ ဘက်ခမ်းလဲဟညီမလေးရအစောကြီးရှိသေးတာအိပ်ပြီလားနေလို့ မှကောင်းရဲ့လား
ပေါ့အကိုကြီးစိတ်ပူလိုက်ရတာဆိုပြီးမေးလဲမေးသွားလဲသွားလိုက်တာ.ဟိုကောင်မလေးရဲ့အိပ်ခန်းထဲခုတင်ပေါ်ရောက်ရော
ဆိုပါတော့ဗျာ.အမှောင်ထဲမှာဟိုစမ်းသည်စမ်းရင်းနဲ့ နောက်ဆုံးတော့သမုဒ္ဒရာထဲပဲရောက်တော့တာပေါ့လေဘက်ခမ်းလဲနဂို
ကမှဖရီးကစ်ချင်နေတာနဲ့ အတော်ပဲဖြစ်သွားတော့တာပေါ့လေ.အဝေးကွင်းဆိုတော့လဲဘက်ခမ်းကြီးကအသားကုန်အစွမ်းပြ
ပြီးကစားတော့တာပေါ့လေဂိုးပေါက်ထဲကိုအဝေးကနေပဲလှမ်းထည့်လိုက်ခေါင်းတိုက်ပြီးသွင်းလိုက်.ပင်နယ်တီဧရိယာအစပ်
ကနေမနားတမ်းကန်သွင်းထောင့်ကိုလှန်းပြီးထည့်လိုက်ဘားရှော့လှမ်းပြီးသွင်းလိုက်ညာပြပြီးဘယ်ထောင့်ကိုလှမ်းထည့်
လိုက်နဲအစွမ်းကုန်ကျဲတော့တာပေါ့လေပြီးတော့လဲပြောလိုက်သေးညီမလေးရာအကိုကြီးတော့အိမ်ကွင်းမှာကစားလာတာ
ကြာပါပြီဒီလိုတခါမှကိုကန်လို့ မကောင်းဖူးဘူးပေါ့.ညီမလေးကွင်းကြမှပဲအကိုကြီးလဲခြေစလက်စတွေပေါ်လာပြီးကန်လို့ က
စားလို့ ကောင်းလိုက်တာပေါ့ညီးအမကွင်းကတော့တခါမှကိုကန်လို့ မကောင်းဖူးဘူးပေါ့ဒါကြောင့်နောက်နေ့ တွေလဲညီမရဲ့
ကွင်းမှာပဲလေ့ကျင့်ခန်းဆက်ပြီးဆင်းဖြစ်တော့မှာပါပဲပေါ့လေအဟဲ.ဒီလိုဒီလိုအကောင်ကအကြိုပွဲတွေဘာတွေတောင်စီစဉ်
လို့ ဗျာ.အသင်းပြောင်းရွှေ့ ကြေးကတော့မေတ္တာဖြင့်ပေါ့လေ.မိန်းမလုပ်သူကတော့ဘက်ခမ်းကြီးဘယ်လိုအစွမ်းပြပြီးကစား
နေနေအေးဆေးပေါ့ဗျာ.သိတယ်ဟုတ်သူကလဲသူ့ ကွင်းနဲ့ သူ့ လူကိုဗျအဲမသိသေးတာကတော့မူးနေတဲ့ဘက်ခမ်းကြီးလေ
မိန်းမလုပ်သူကလဲအသာလေးလွှတ်ပေးထားပြီးဖောင်းဘောလူကျွှံဘောတွေရနိုင်သမျှအပိုင်ဖမ်းဘို့ စောင့်နေတော့တာ
ပေါ့လေ.ဘက်ခမ်းကြီးကတော့ဂိုးသွင်းဘို့ ပဲအာရုံစိုက်နေတာဆိုတော့သူ့ ကိုသူလူကျွှံဖောင်းကြနေမှန်းမသိရှာဘူးပေါ့.ပြီး
သူကဆက်ပြောလိုက်သေးတယ်.အကိုကြီးကတော့ဒီလောက်ကစားလို့ ကောင်းကွင်းမှာပဲကစားတော့မယ်အိမ်ကွင်းကို
ဘယ်တော့မှပြန်ကစားတော့မှာမဟုတ်ပါဘူးပေါ့ပြောလိုက်တယ်ဆိုရင်ပဲလူကျွှံဘောစောင့်နေတဲ့မိန်းမလည်းတခါထဲအလံ
ထောင်ပြီးအပိုင်ဖမ်းလိုက်ပုံက.ဒီမယ်တော်ဘာတွေလျှောက်ပြောနေတာလဲ.အခုတော်ကန်လို့ ကောင်းလိုက်တာကစားလို့ 
ကောင်းလိုက်တာ.နောက်နေ့ တွေလဲလေ့ကျင့်ခန်းဆက်ပြီးဆင်းခြင်နေသေးတယ်ဆိုတာကျုပ်ပဲ.တော်ထင်နေသလိုအဝေး
ကွင်း(ကျုပ်ညီမ)လဲမဟုတ်ဘူး.တော်နေ့ တိုင်းကန်နေကျအိမ်ကွင်းဘယ်အဝေးကွင်းမှမဟုတ်ဘူးလို့ ပြောလိုက်တယ်ဆိုရင်
ပဲ.နှစ်ဝါနဲ့ တနီထိသွားတဲ့ဘက်ခမ်းကြီးလည်းတခါထဲအမူးပြေသွားပြီးပြောလိုက်ပုံက..တောက်ငါထင်တော့ထင်သားပဲကွာ.
ဒီကောင်မပဲဖြစ်လိမ့်မယ်လို့ .ဒါကြောင့်ကန်လို့ ကိုစိတ်တိုင်းကိုမကျတာလို့ ကွင်းပေါ်ကနေမဆင်းသေးပဲပြောလိုက်ပါသတဲ့.
ကဲကောင်းကြရောဗျာ..(ကျနော့်ဘော်ဒါတွေကွင်းမမှားကြစေဖို့ .မိန်းမ.ယောကျာင်္းသဘောသဘာဝကိုဆင်ခြင်နားလည်နိုင်ကြစေဖို့ .ကိုယ်အိမ်ကွင်း
ကွင်းကိုတန်ဘိုးထားတတ်ကြစေဖို့ အတွက်ဒီပိုစ့်လေးကိုတင်ပါတယ်ဗျာ)အားလုံးငြိမ်းချမ်းပျှော်ရွှင်ကြပါစေလို့ 
                                                                                               (ပျှော်တတ်တဲ့ရွှေခြံသား)




Tuesday, October 11, 2011

ဒါလည်းဂျပန်ပဲလေ..

တခါကဂျပန်လူမျိုးခရီးသွားတယောက်ဟာအမေရိကကိုအလည်ပါတ်ရောက်ခဲ့တယ်ပေါ့.သူတည်းခိုတဲ့မြို့ နဲ့ အနီးပါတ်
ဝန်းကျင်ကရှုခင်းတွေကိုလှည့်လည်ကြည့်ရှုဖို့ အတွက်တက္ကစီတစီးငှားပြီးစီးလာခဲ့တယ်.ရှုခင်းကြည့်ဖို့ ကားငှားလာတာ
ဆိုတော့လည်းဒရိုင်ဘာကကားကိုဖြေးဖြေးချင်းပဲမောင်းနေတော့တာပေါ့.ဒီမှာတင်ပဲသူစီးလာတဲ့ကားကိုဂျပန်ပြည်ဖြစ်
တိုယိုတာကားတစင်းဖြတ်ကျော်မောင်းသွားတယ်ဆိုရင်ပဲဂျပန်တိုးရစ်ကြီးက.သူ့ ကားမောင်းသမားကိုလက်မထောင်ပြ
လိုင်ပြီး.တွေ့ လားဂျပန်ပြည်ဖြစ်ကားအရမ်းမြန်တာပဲပေါ့.ဒီလိုသွားနေရင်းနဲ့ ပဲသူတို့ ကားကိုဂျပန်ဖြစ်.မစ်ဆူဘီရှိကားတ
စင်းကထပ်ပြီးကျော်တက်သွားပါလေရော.ဒီမှာတင်ပဲဂျပန်ကြီးလဲသူ့ လက်မကိုခပ်မာမာထောင်ပြလိုက်ပြီး.တွေ့ လားဂျ
ပန်ကား.အရမ်းကိုမြန်တာပဲလို့ ထပ်ပြီးပြောလိုက်တယ်.ကားသမားကတော့အတော့်ကိုတင်းနေပြီပေါ့.ဒါပေမဲ့ဘာမှတော့
ပြန်မပြောဘူးဗျ.ငြိမ်နေတာပဲ.ဒါနဲ့ သူ့ ခရီးသည်ဂျပန်ကြီးသွားချင်တဲ့နေရာကိုရောက်တယ်ဆိုရင်ပဲ..ကားကိုရပ်လိုက်ပြီး
ကားတံခါးကိုဖွင့်ပေးလိုက်တယ်.ဂျပန်ကြီးကကားခဘယ်လောက်ကျသလဲလို့ မေးလိုက်ရင်ပဲ.ဒေါ်လာ(၃၀၀)ကျကြောင်း
ပြောတော့တာပေါ့.ဒီမှာတင်ဂျပန်ကြီးလဲအတော်အံ့သြသွား.ပြီးဘာ.ဘယ်လိုဒီလောက်အနီးလေးကိုဒေါ်လာ(၃၀၀)ဘယ်
လိုလုပ်ကျရတာလဲပေါ့မေးပါလေရော.ဒီမှာတင်အမေရိကကကားဒရိုင်ဘာလဲ.တက္ကစီရဲ့မီတာကိုလက်ညိုးထိုးပြလိုက်ပြီး
ဒီမီတာကလည်းmade in japan လေတဲ့.အဲဒီတော့အရမ်းမြန်တာပေါ့တဲ့.အဲဒါကြောင့်ပါလို့ ပြောလိုက်သတဲ့.

Sunday, October 9, 2011

မေးစရာလိုသေးလို့ လား..

ဒါလေးကတော့ကျနော့်နန္ဒာလှိုင်ကိုမိခင်နဲ့ ကလေးစောင့်ရှောက်ရေးကိုလိုက်ပို့ ခဲ့ရတုံးကြုံခဲ့ရတဲ့အဖြစ်ပျက်လေးတ
ခုပေါ့ဗျာ.ဒီလို.ကျနော့်သားအကြီးဆုံးကိုယ်ဝန်နဲ့ တုံးကပေါ့.နန္ဒာလဲသားဦးဆိုတော့အထူးတလည်နဲ့ ကိုဂရုစိုက်ခဲ့ရတာ
ပေါ့.သားဦးအရူးလို့ ဆိုတယ်မဟုတ်လား.အတွေ့ အကြုံကလဲမရှိသေးတော့အရာရာမှတ်သားစရာတွေကြည့်ပဲပေါ့လေ.
ဒီလိုနဲ့ နန္ဒာလှိုင်ကိုမိခင်နဲ့ ကလေးစောင့်ရှောက်ရေးဌာနကိုသွားပြီးအပ်ရတယ်ဆိုပါတော့ဗျာ...အဲဒီမှာပဲလူပေါင်းစုံကို
မြင်ရတွေ့ ရတော့တာပေါ့လေ.တချို့ ကတော့ကျနော်လိုပဲသားဦးမို့ လားမသိကိုယ့်မိန်းမကိုလေတိုက်တာမခံရလောက်
အောင်ကိုပဲရရုစိုက်နေကြတာတွေရှိသလို.တချို့ ကျတော့လဲကလေးတယောက်ကိုလက်ကဆွဲလို့ တယောက်ကိုလက်
ကချီရင်းပူနေတဲ့သူတွေလဲမြင်ရပါရဲ့.တချို့ ကျပြန်တော့လဲကူညီစောင့်ရှောက်မဲ့သူမပါဘဲခပ်မှိုင်မှိုင်တယောက်ထဲရောက်
လာတဲ့မိန်းမတွေ.တချို့ ကျပြန်တော့လဲပူမိမှတော့မထူးပါဘူး.ကိုယ့်စားရိတ်ကိုစားပြီးပူတာပဲဆိုပြီးမျက်နှာခပ်ပြောင်ပြောင်
နဲ့ မိန်းမတွေလည်းတွေ့ ရတယ်ဗျ.အစကတော့ရွှေခြံသားလည်းဒီနေရာကိုလိုက်ကိုမပို့ ချင်ခဲ့ဘူးလေ.နန္ဒာလှိုင်ကဇွတ်ဆွဲ
လာလို့ ရောက်လာရတာ.ကျနော်ကရှက်တတ်တယ်လေအဟဲ.လူမြင်သူမြင်ကြီးဆိုတော့လဲ..နောက်တော့လဲတတ်နိုင်ပါ
ဘူးလေ.နန္ဒာလှိုင်ကလည်းမလွယ်ဘူးဗျ.ဘာခုမှတော်ဒီလိုရှောင်နေလို့ ရမှာလဲတဲ့.အင်းရိတ်မိမှတော့ပြောင်ပြောင်ပဲပေါ့.
ကိုယ်ဖော်တဲ့ဆေးကိုယ့်ဖာသာကုန်အောင်စားရမဲ့တာဝန်ရှိတယ်မဟုတ်ပါလား.အစကတော့ငါတယောက်ထဲပူတတ်တယ်
ထင်နေတာဗျ.ဒီကိုရောက်မှပဲလူတိုင်းပူတတ်တာကိုသိရတော့တယ်လေ.ပူသောသူကိုကြင်နာပါဆိုတာဒီနေရာရောက်မှပဲ
ခံစားမိတော့တယ်.မိန်းမတွေကလည်းသူတို့ ရဲ့တရားခံတွေကိုနည်းပေါင်းစုံသုံးပြီးဆွဲလာလိုက်ကြတာအများကြီးဗျ.ကိုယ်လို
သူလိုလူတွေလေ.တယောက်နဲ့ တယောက်မသိကြပါပဲနဲ့ မျက်နှာချင်းဆိုင်ဖြစ်ရင်သွားဖြဲပြနေလိုက်ကြတာ.မင်းလဲငါ့လိုပဲဆို
တဲ့သဘောမျိုးဗျအဟဲ.ဓာတ်တူနံတူတွေမဟုတ်ပါလား.ဒါနဲ့ သားဖွားဆရာမကမွေးစာရင်းသွင်းဘို့ ခေါ်ပါလေရော.တန်းစီပြီး
အလှည့်ကျလုပ်ရတာပေါ့လေ.ဆရာမမေးတာက.နာမည်..သားဦးလား.ကလေးအဖေနာမည်.အလုပ်အကိုင်.ဒါလောက်ပါပဲ
ဒီလိုနဲ့ စာရင်းသွင်းလာလိုက်တာ.အမျိုးသမီးတယောက်ရဲ့အလှည့်ကိုရောက်ပါလေရော.ဒါနဲ့ ဆရာမကထုံးစံအတိုင်းမေးပါ
တော့တယ်.နာမည်ဘယ်လိုခေါ်လဲဆိုရင်.ဟိုအမျိုးသမီးက.မခင်မျိုးလင်းပါပေါ့.ဒါနဲ့ ဆရာမလဲဒီမိန်းမကိုမော့်ကြည့်လိုက်ရင်း
သားဦးလားပေါ့ဟိုကလည်းဟုတ်ပါတယ်ဆိုတာနဲ့ စာရင်းသွင်းတဲ့ဆရာမလဲနောက်တယောက်လို့ ခေါ်လိုက်တယ်.ဒီမှာတင်
မခင်မျိုးလင်းလဲ.ကျမအမျိုးသားနာမည်နဲ့ အလုပ်အကိုင်လိုသေးတယ်လေလို့ ပြောလိုက်တယ်.အဲဒီမှာတင်စာရင်းသွင်းတဲ့
ဆရာမ.ကျမဒီအလုပ်ကိုလုပ်လာတာ(၁၅)နှစ်လောက်ရှိပါပြီ.မေးစရာမလိုတော့လို့ ကိုမမေးလိုက်တာပါ.ညီမလေးရဲ့နာမည်
သာမခင်မျိုးလင်းဆိုတာမှန်ခဲ့ရင်.ကျမအထင်လုံးဝလွဲနိုင်စရာမရှိပါဘူးပေါ့.ကျမအားလုံးကိုအဆင်ပြေအောင်ဖြည့်ပေးလိုက်
ပါတယ်ပေါ့.ဒီမှာကြည့်ပါလို့ သူ့ မှတ်တမ်းကိုပြလိုက်တယ်...အဲဒီမှာသူဖြည့်ထားတာကတော့.အမည်..ကမခင်မျိုးလင်း.တဲ့
ကလေးအဖေနေရာမှာတော့..ဦးမြင်း..အလုပ်အကိုင်..မြင်းလှည်းဆွဲ..တဲ့.ကဲကောင်းကြသေးရဲ့လား.အင်းသူ့ နာမည်ကလဲ
ထင်လဲထင်ချင်စရာပေကိုးဗျနှော.နောက်ပြီးသူကလည်းယောကျာင်္းမပါတယောက်ထဲလာမိတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဗျာ.
ဒီတော့ကိုယ့်မိန်းမကိုတယောက်ထဲတော့မိခင်ကလေးစောင့်ရှောက်ရေးကိုမလွှတ်ကြနဲ့ နော်.တခြားနာမည်ဆိုကိစ္စမရှိပေမဲ့
အဲ.အဲ.မခင်မျိုးလင်းဆိုရင်တော့(သမီးလေးများနာမည်ပေးမမှားကြစေဖို့ နဲ့ မိမိဇနီးကိုကြင်နာယုယတတ်ကြစေဖို့ ဒီပိုစ့်လေး
ကိုတင်ဖြစ်ပါတယ်ဗျာ)..အားလုံးငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေလို့ ..ပျှော်တတ်တဲ့.   .ရွှေခြံသား

Saturday, October 8, 2011

မိန်းမဆိုတာ..

မိန်းမဆိုတာဘာလဲလို့ ကျနော်စဉ်းစားမိသလောက်လက်ကမြင်းကြောထလိုက်ပါတယ်.ဘာကြောင့်မိန်းမဖြစ်ရတာ
လဲလို့ စဉ်းစားမိလိုက်တော့.မိန်းမဖြစ်တတ်တဲ့အကြောင်းလေးနှစ်မျိုးကိုသွားတွေ့ ရပါတယ်.အဲဒါကတော့မိန်းမဖြစ်ချင်
တဲ့စိတ်ဆန္ဒကြောင့်ဖြစ်ရတာတမျိုး.ဆုတောင်းယူထားတာမျိုးပေါ့ဗျာ.

Wednesday, October 5, 2011

အမှန်အတိုင်းပဲပြောတာပဲလေ..

တခါကဆရာမတယောက်ဟာသူ့ အတန်းသားတွေကိုပါတ်ဝန်းကျင်လေ့လာရေးအနေနဲ့ ပန်းခြံတခုထဲကိုခရီးထွက်
လာခဲ့ကြတယ်ပေါ့.ပန်းခြံထဲကိုရောက်တယ်ဆိုရင်ပဲကလေးတွေကိုသဘာဝပါတ်ဝန်းကျင်ကိုလေ့လာမှတ်သားတတ်
ဖို့ ပြောပြလိုက်ပြီး.ပန်းခြံထဲကိုလွတ်လွတ်လပ်လပ်ပဲနေခိုင်းလိုက်တယ်ပေါ့.ဒီအထဲကကလေးတယောက်ကတော့ပန်း
ခြံထဲမှာအမြင့်ကိုတက်ပြီးဆေးသုတ်နေတဲ့လူကြီးတယောက်ရဲ့အနားကိုရောက်သွားပြီးကလေးပီပီစပ်စုလိုစိတ်.သိလို
စိတ်နဲ့ မေးလိုက်တယ်ပေါ့.ဦးလေးကြီးဘာလုပ်နေတာလဲပေါ့..ဒါနဲ့ ဟိုလူကြီးလည်းဆေးသုတ်နေတာပေါ့ကွာလို့ ပြန်
ဖြေလိုက်တယ်ပေါ့.အဲဒီမှာတင်ကလေးလဲ.လှေခါးကိုကိုင်ပြီးတက်ဆော့မယ်ပြင်တာပေါ့.ဒီမှာတင်လှေခါးလဲလှုပ်ခါသွား
တော့တာပေါ့.ဒါနဲ့ ဟိုလူကြီးကလည်း.ဟကောင်လေးလှေခါးကိုမလှုပ်နဲ့ ကွလို့ ပြောရှာတယ်.ဒါပေမဲ့ကလေးဆိုတော့
ဆော့ချင်တာပဲသိတာဆိုတော့နားမထောင်ဘူးပေါ့.ဒါနဲ့ ဟိုလူကြီးလည်းဒေါသထွက်သွားပြီး.ဟာဒီကောင်လေးဒီလောက်
တောင်ပြောလို့ မှနားမထောင်တာ.ကဲမင်းအမေငါ..ကွာပေါ့.မကြာပါဘူးဆေးသုတ်သမားကြီးလဲ.ဝုန်းဒိုင်းဆိုပြီးအောက်
ကိုပြုတ်ကျသွားတော့တာပေါ့..အဲဒီနေရာကိုဆရာမနဲ့ ကျောင်းသားတွေရောက်လာပြီး.ဆရာမလဲအောက်ပြုတ်ကျသွား
တဲ့လူကြီးအတွက်လူနာတင်ကားတွေဘာတွေဖုန်းဆက်ပေးပြီး.သူ့ ကျောင်းသားတွေကိုသင်ခန်းစာတခုအနေနဲ့ မေးခွန်း
တခုကိုမေးလိုက်တယ်ပေါ့.သားတို့ သမီးတို့ ရေ.အခုနတုံးကအောက်ကိုပြုတ်ကျသွားတဲ့ဦးလေးကြီးဘာလို့ ပြုတ်ကျသွား
လဲလို့ မေးလိုက်တဲ့အခါမှာ.ကျောင်းသားတွေက.အန္တရယ်ကင်းခါးပါတ်မပါတ်ထားလို့ .လှေခါးကိုသေချာမထောင်လို့ .စ
သည်ဖြင့်ပေါ့လေအမျိုးမျိုးဖြေကြတယ်ပေါ့.ခုနကကလေးတယောက်ပဲထူးထူးခြားခြားအဖြေပေးလိုက်လို့ .ဆရာမလဲအံ့
သြသွားတော့တာပေါ့လေ.သူဖြေလိုက်တဲ့အဖြေကတော့..သူဘာလို့ ကျနော်အမေကိုဆဲလဲ.ဟူသတည်း.ကဲကောင်းကြ
ရောဗျာ(ရိုးသားဖြူစင်သောကလေးငယ်တို့ ရဲ့သဘောသဘာဝကိုတင်ပြလိုရင်းသာ..ငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေဗျာ)

နောက်တခါလာဦးမယ်နော်..

တခါကအဖိုးတန်လက်ဝတ်ရတနာပစ္စည်းတွေရောင်းချတဲ့ဆိုင်ကြီးတခုရဲ့ရှေ့ကို.အဖိုးတန်ကားကြီးတစီးထိုးဆိုက်လာ
ပြီးနောက်.ကားပေါ်ကနေအင်မတန်ချောမောလှပပြီး.ခန့် ညားမှုရှိကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဆင်းလာကြတယ်
အဲဒီနောက်တော့ဆိုင်တံခါးကိုတွန်းဖွင့်ဝင်သွားလိုက်တယ်ဆိုရင်ပဲ.ဆိုင်ရှင်အဒေါ်ကြီးကခရီးဦးကြိုဆိုလိုက်ပြီး.ဘာများ
အလိုရှိပါသလဲပေါ့ဒီမှာတင်အမျိုးသားလုပ်တဲ့သူကဟောဒီကကျနော်အမျိုးသမီးအတွက်မွေးနေ့ လက်ဆောင်ကောင်းလေး
ပေးချင်လို့ ပါဗျာ.ဒီတော့သူ့ စိတ်တိုင်းကျအကောင်းဆုံးတန်ဘိုးအကြီးဆုံးပစ္စည်းတွေပြပေးပါလို့ ပြောလိုက်တယ်ဆိုရင်
ပဲ.ဆိုင်ရှင်အဒေါ်ကြီးလဲသူ့ ဆိုင်ထဲမှာရှိသမျှထဲကအကောင်းဆုံးတန်ဘိုးအကြီးဆုံးတွေပဲပြလာလိုက်တာ.မှန်ကောင်တာ
ထဲမှာပြထားသမျှရတနာပစ္စည်းတွေလဲ.အကုန်နီးပါးလောက်ရတနာပြတဲ့ဗန်းထဲကိုရောက်ကုန်ပြီဆိုပါတော့ဗျာ.ဟိုအမျိုး
သမီးကတော့လက်ညိုးတထိုးထိုးနဲ့ ပြခိုင်းလို့ ကောင်းနေတုံး.ဒါနဲ့ ကောင်တာထဲကရှိသမျှလဲကုန်ရောဆိုပါတော့.ဒီမှာတင်
သူအမျိုးသားကိုအချက်ပြလိုက်တယ်ဆိုရင်ပဲ.သူ့ အမျိုးသားလည်းသူ့ အင်္ကျီထဲကိုနိုက်လိုက်.ဘောင်းဘီထဲနိုက်လိုက်နဲ့ အ
လုပ်တွေရှုပ်နေတော့တာပေါ့...အဲဒီနောက်တော့သူ့ အမျိုးသမီးကိုပြန်ကြည့်လိုက်ရင်းတွင်တွင်ကြီးခေါင်းခါပြလိုက်တော့
တယ်ပေါ့.ဒီတော့မှဟိုအမျိုးသမီးလည်းကောင်းကောင်းသဘောပေါက်သွားပြီး.ဆိုင်ရှင်အဒေါ်ကြီးကိုအင်မတန်ယဉ်ကျေး
သိမ်မွှေ့ စွာနဲ့ တောင်းပန်စကားပြောလိုက်ပါတော့တယ်.ဒီလိုပေါ့.ဝမ်းနဲပါတယ်ဒေါ်ဒေါ်.အရမ်းကိုဝမ်းနဲစရာဖြစ်သွားခဲ့ရ
ပါပြီ.ဒီတော့ခုပြခဲ့တဲ့ပစ္စည်းလေးတွေကိုကျေးဇူးပြုပြီးပြန်သိမ်းထားလိုက်ပါဦးနော်.ကျွန်မတို့ နောက်တခေါက်ဆက်ဆက်
ကိုလာခဲ့ပါဦးမယ်.ဒီတခေါက်ကတော့သူ့ ခြောက်လုံးပြူးက.ကားပေါ်မှာကျပြီးကျန်ရစ်ခဲ့လို့ ပါတဲ့.အဟဲ..
(ပုံစံအနေထားကိုကြည့်ပြီးအလွယ်တကူယုံကြည်လက်ခံမှုမပြုမိကြစေဖို့ .လူကဲခတ်တတ်ကြစေဖို့ .သတိတရားထားတတ်
စေရန်ရည်ရွယ်ပြီးဒီပိုစ့်လေးကိုတင်ပါတယ်..အလိမ်အညာခံရခြင်းဘေးမှကင်းဝေးနိုင်ကြပါစေလို့ )

ဒီလောက်ကောင်းမှန်းသိမှတော့ကွာ..

တခါကအညာသားတယောက်ဟာသူရဲ့ပိန်ချိချိနွားလေးတကောင်ကိုဆွဲလာပြီးဈေသွားဈေးလာတွေကိုရောင်းဘို့ ကြိုး
စားတော့တာပေါ့.သူကအကိုတို့ .အမတို့ ခင်ဗျားကျနော်တို့ အရပ်မှာမိုးကခေါင်တောင်သူအလုပ်လုပ်ရတာလဲအဆင်
မပြေတော့နွားလေးတကောင်ကိုတောင်ဝဝလင်လင်မကျွေးမွေးနိုင်ပါဘူးဗျာ.ဒီတော့လဲနွားလေးဟာပိန်ချိချိနဲ့ အကိုတို့ 
အမတို့ မြင်တဲ့အတိုင်းပါပဲဗျာ.တောင်သူအလုပ်ကလဲအဆင်မပြေဘူးဆိုတော့.ဒီကောင်လေးကိုသားသတ်သမားလက်
ကိုအပ်ပြီးမိသားစုစားဝတ်နေရေးကိုဖြေရှင်းရတော့မှာပါဗျာ.ဒီတော့ဇီဝိတဒါနလေးပြုတဲ့အနေနဲ့ တတ်နိုင်တဲ့သူများက
ဝယ်ပြီးစောင့်ရှောက်ပေးကြပါပေါ့.တသိန်းထဲနဲ့ ပဲရောင်းမှာပါဗျာလို့ အသံခပ်ကျယ်ကျယ်နဲ့ အော်ပြီးပြောဆိုနေတော့
တာပေါ့လေ..အညာသားတွေပဲဗျာခပ်ရိုးရိုးအအနဲ့ အမှန်အတိုင်းပဲပြောတတ်ကြတာလေ..ဒီတော့တနေသာကုန်သွား
တယ်.ဝယ်မည့်သူဝေးလို့ လာမေးမဲ့လူတောင်တယောက်မှမရှိဘူးပေါ့.ဒီလိုနဲ့ နွားလေးကိုရောင်းလာတာ(၃)ရက်သာ
ကြာသွားတယ်.အဆင်မပြေရှာပါဘူး.ဒီလိုနဲ့ နေ့ စဉ်အမှန်အတိုင်းပဲပြောပြီးနွားရောင်းနေတာ(၄)ရက်မြောက်တဲ့နေ့ မှာ
တော့.မြို့ သားလူရည်လည်တဲ့သူတယောက်ကလာမေးတယ်ပေါ့..အကိုကြီးနွားလေးကိုရောင်းနေတာအခုထိအဆင်မ
ပြေသေးဘူးလားပေါ့မေးလိုက်ပြီး.အကိုနွားလေးကို(၂)သိန်းရအောင်ဒီနေ့ ပဲရောင်းပေးပါမယ်လိုပြောလိုက်သတဲ့ဒီတော့
ရွာသားလဲဒါသိကြားမတာပဲဆိုပြီးဝမ်းသာနေတာပေါ့....ဒါနဲ့ မြို့ သားလူလည်ကအကိုဘာမှမပြောပဲဒီအတိုင်းသာထိုင်
ကြည့်နေပါ.ကျနော်စပြီးရောင်းပါတော့မယ်လို့ ပြောပြီးလုပ်ငန်းစတော့တာပေါ့.ကဲကဲ.ဈေးသွားဈေးလာမိဘပြည်သူအ
ပေါင်းတို့ ခင်ဗျာဟောဒီကပိန်ချိချိနဲ့ ကျနော့်ရဲ့နွားလေးကိုကြည့်လိုက်ကြစမ်းပါ...အထင်နဲ့ အမြင်ကိုပြောင်းပြန်လွဲသွား
အောင်စွမ်းဆောင်ပေးနိုင်မှာကတော့ဟောဒီကကောင်လေးပေါ့.မယုံပါဘူးလို့ ပြောချင်သူများဝယ်ပြီးသုံးကြည့်လိုက်ကြ
စမ်းပါ.နွားကောင်းမကောင်းချောင်းကျမှသိဆိုသလို.ကဲထိုက်တန်တဲ့ကံထူးရှင်ကိုငွေ၂သိန်းထဲနဲ့ အပိုင်ပေးလိုက်ဖို့ စောင့်
နေပါပြီခင်ဗျာပေါ့.ဒီလိုပြောလိုက်တယ်ဆိုရင်ပဲလူတွေလဲစိတ်ဝင်စားလာပြီးဒီနွားလေးကိုဝိုင်းပြီးကြည့်တော့တာပေါ့လေ.
အဲဒီတော့မှမြို့ သားလည်းကြော်ငြာအစီစဉ်ကိုစရတော့တာပေါ့.ဟောဒီကောင်လေးရဲ့အဘိုးကနေသူ့ အဖေထိကျနော့်ရဲ့
အိမ်ခြံပေါက်နွားတွေကြည့်ပါပဲ.တောင်ယာအလုပ်တွေကိုကျနော်တို့ မိသားစုတွေနဲ့ အတူရုန်းကန်လှုပ်ရှားရင်းနောက်ဆုံး
ခြေကုန်လက်ပန်းကျလို့ အိပ်ရာထဲဘုန်းဘုန်းလဲ.အဲလေယောင်သွားလို့ .နွားစာကျင်းမှာဘုန်းဘုန်းလဲလို့ ..မတတ်သာပဲ
သားသတ်သမားလက်ထဲကိုရင်နာနာနဲ့ အပ်နေတုံးမှာတောင်.မျက်ရည်လည်ရွှဲနဲ့ ငိုပွဲကြီးကိုဆင်ပြီး.နောက်ဆုံးအနေနဲ့ 
ဘာများခိုင်းစရာရှိပါသေးလဲသခင်ရယ်လို့ တောင်မေးသွားရှာကြသေးတာဗျ..ဟောဒီကောင်လေးကလည်းမျိုးနဲ့ ရိုးနဲ့ ဆို
သလိုသူ့ အလှည့်ကြတော့လဲအစွမ်းပြတော့တာပဲဗျို့ .တနေ့ ကုန်အပြည့်တင်ထားတဲ့လှည်းကိုဆွဲဖို့ သူနဲ့ တခြားတကောင်
ကိုထမ်းပိုးတင်ပြီးဆွဲခိုင်တာ.လုံးဝမသွားဘူးဗျ.ဒီလောက်လေးကိုနှစ်ကောင်ဆွဲခိုင်းရမလားဆိုပြီးစိတ်ဆိုးနေတာပေါ့.ဒါနဲ့ 
ဟိုတကောင်ကိုဖြုတ်ပြီး.သူတကောင်တည်းဆွဲရအောင်ထမ်းပိုးတုံးလဲပြင်ပေးလိုက်ရောဆွဲချလိုက်တာတချက်တည်းပါပဲ.
လူတွေလဲမြို့ သားအပြောမှာသဘောကျပြီးအာရုံစိုက်နေကြတာပေါ့.အဲနောက်ပြီး...မြို့ သားလည်းစကားဆက်ပြောဖို့ အား
ယူနေတုံး.အညာသားတောကလူလဲ.ကမန်းကတန်းထလိုက်ပြီး.ခေါင်းပေါင်းလေးကိုပြင်ပေါင်းလိုက်ပြီးသူ့ နွားသူဇွတ်ထပြီး
ဆွဲတော့တာပဲဗျို့ .ပြီးတော့မှသူပြောလိုက်ပုံက.ကိုယ့်နွားကိုဒီလောက်ကောင်းမှန်းသိနေမှတော့ဘယ်ရောင်းတော့မှာလဲကွ
ငါလူအမဟုတ်ဘူး.လို့ ပြောလိုက်သတဲ့(မိမိလက်ရှိရောက်ရှိ.ရရှိထားဘဝအဆင့်တန်း.အခြေနေ.ပစ္စည်းစသည်တို့ ကိုတန်
ဘိုးမရှိ.မကောင်းဟုထင်မြင်နေတတ်သောလူရဲ့သဘောသဘာဝနဲ့ သူတပါးပါးစပ်ဖျားတွင်လမ်းဆုံးနေတတ်ကြသောလူသ
ဘာဝကိုသင်ခန်းစာယူတတ်ကြစေဖို့ ဒီပိုစ့်လေးကိုတင်ပါတယ်)အားလုံးပျှော်ရွှင်ချမ်းမြေ့ နိုင်ကြပါစေ....ရွှေခြံသား

ကဲ...မင်းပဲပြော.

 အလုပ်ကနေမောမောပန်းပန်းနဲ့ ပြန်လာတဲ့ယောကျာင်္းတယောက်ဟာသူ့ ရဲ့အိမ်ကိုရောက်တယ်ဆိုရင်ပဲ.ညစ်ပတ်
ပေရေတဲ့အနေထားနဲ့ ဆော့ကစားနေတဲ့သူ့ ရဲ့ကလေးနှစ်ယောက်ကိုတွေ့ လိုက်ရတယ်.ဒီတော့သားတို့ ရုပ်ရည်သီ
တာမည်သား.မဖြစ်နိုင်တော့ပဲအတော့်ကိုစိတ်ကုန်သွားတော့တာပေါ့ဗျာ.ဒါနဲ့ တွေ့ ရာကုလားထိုင်တလုံးမှာချေပစ်
လက်ပစ်ထိုင်ချလိုက်ပြီး..မျက်စေ့မှိတ်.နဖူးပေါ်လက်တင်ပြီးအတော်ကြာအောင်စဉ်းစားနေလိုက်တယ်.ပြီးတော့မှ
အင်မတန်ပျင်းရိထိုင်းမှိုင်းလှတဲ့.သူ့ ရဲ့ချစ်ဇနီးကိုလှမ်းခေါ်ပြီးပြောလိုက်ပုံကတော့..မိန်းမရေမင်းဒီကလေးနှစ်ယောက်
ကိုအမြဲသန့် သန့် ရှင်းရှင်းဖြစ်နေအောင်ထားမလား.ဒါမှမဟုတ်သူတို့ ကိုစွန့် ပစ်လိုက်ပြီး.ဒို့ ကလေးအသစ်ထပ်လုပ်
ကြရရင်ကောင်းမလား.ကဲမင်းပဲပြောတဲ့..