Wednesday, October 5, 2011

ဒီလောက်ကောင်းမှန်းသိမှတော့ကွာ..

တခါကအညာသားတယောက်ဟာသူရဲ့ပိန်ချိချိနွားလေးတကောင်ကိုဆွဲလာပြီးဈေသွားဈေးလာတွေကိုရောင်းဘို့ ကြိုး
စားတော့တာပေါ့.သူကအကိုတို့ .အမတို့ ခင်ဗျားကျနော်တို့ အရပ်မှာမိုးကခေါင်တောင်သူအလုပ်လုပ်ရတာလဲအဆင်
မပြေတော့နွားလေးတကောင်ကိုတောင်ဝဝလင်လင်မကျွေးမွေးနိုင်ပါဘူးဗျာ.ဒီတော့လဲနွားလေးဟာပိန်ချိချိနဲ့ အကိုတို့ 
အမတို့ မြင်တဲ့အတိုင်းပါပဲဗျာ.တောင်သူအလုပ်ကလဲအဆင်မပြေဘူးဆိုတော့.ဒီကောင်လေးကိုသားသတ်သမားလက်
ကိုအပ်ပြီးမိသားစုစားဝတ်နေရေးကိုဖြေရှင်းရတော့မှာပါဗျာ.ဒီတော့ဇီဝိတဒါနလေးပြုတဲ့အနေနဲ့ တတ်နိုင်တဲ့သူများက
ဝယ်ပြီးစောင့်ရှောက်ပေးကြပါပေါ့.တသိန်းထဲနဲ့ ပဲရောင်းမှာပါဗျာလို့ အသံခပ်ကျယ်ကျယ်နဲ့ အော်ပြီးပြောဆိုနေတော့
တာပေါ့လေ..အညာသားတွေပဲဗျာခပ်ရိုးရိုးအအနဲ့ အမှန်အတိုင်းပဲပြောတတ်ကြတာလေ..ဒီတော့တနေသာကုန်သွား
တယ်.ဝယ်မည့်သူဝေးလို့ လာမေးမဲ့လူတောင်တယောက်မှမရှိဘူးပေါ့.ဒီလိုနဲ့ နွားလေးကိုရောင်းလာတာ(၃)ရက်သာ
ကြာသွားတယ်.အဆင်မပြေရှာပါဘူး.ဒီလိုနဲ့ နေ့ စဉ်အမှန်အတိုင်းပဲပြောပြီးနွားရောင်းနေတာ(၄)ရက်မြောက်တဲ့နေ့ မှာ
တော့.မြို့ သားလူရည်လည်တဲ့သူတယောက်ကလာမေးတယ်ပေါ့..အကိုကြီးနွားလေးကိုရောင်းနေတာအခုထိအဆင်မ
ပြေသေးဘူးလားပေါ့မေးလိုက်ပြီး.အကိုနွားလေးကို(၂)သိန်းရအောင်ဒီနေ့ ပဲရောင်းပေးပါမယ်လိုပြောလိုက်သတဲ့ဒီတော့
ရွာသားလဲဒါသိကြားမတာပဲဆိုပြီးဝမ်းသာနေတာပေါ့....ဒါနဲ့ မြို့ သားလူလည်ကအကိုဘာမှမပြောပဲဒီအတိုင်းသာထိုင်
ကြည့်နေပါ.ကျနော်စပြီးရောင်းပါတော့မယ်လို့ ပြောပြီးလုပ်ငန်းစတော့တာပေါ့.ကဲကဲ.ဈေးသွားဈေးလာမိဘပြည်သူအ
ပေါင်းတို့ ခင်ဗျာဟောဒီကပိန်ချိချိနဲ့ ကျနော့်ရဲ့နွားလေးကိုကြည့်လိုက်ကြစမ်းပါ...အထင်နဲ့ အမြင်ကိုပြောင်းပြန်လွဲသွား
အောင်စွမ်းဆောင်ပေးနိုင်မှာကတော့ဟောဒီကကောင်လေးပေါ့.မယုံပါဘူးလို့ ပြောချင်သူများဝယ်ပြီးသုံးကြည့်လိုက်ကြ
စမ်းပါ.နွားကောင်းမကောင်းချောင်းကျမှသိဆိုသလို.ကဲထိုက်တန်တဲ့ကံထူးရှင်ကိုငွေ၂သိန်းထဲနဲ့ အပိုင်ပေးလိုက်ဖို့ စောင့်
နေပါပြီခင်ဗျာပေါ့.ဒီလိုပြောလိုက်တယ်ဆိုရင်ပဲလူတွေလဲစိတ်ဝင်စားလာပြီးဒီနွားလေးကိုဝိုင်းပြီးကြည့်တော့တာပေါ့လေ.
အဲဒီတော့မှမြို့ သားလည်းကြော်ငြာအစီစဉ်ကိုစရတော့တာပေါ့.ဟောဒီကောင်လေးရဲ့အဘိုးကနေသူ့ အဖေထိကျနော့်ရဲ့
အိမ်ခြံပေါက်နွားတွေကြည့်ပါပဲ.တောင်ယာအလုပ်တွေကိုကျနော်တို့ မိသားစုတွေနဲ့ အတူရုန်းကန်လှုပ်ရှားရင်းနောက်ဆုံး
ခြေကုန်လက်ပန်းကျလို့ အိပ်ရာထဲဘုန်းဘုန်းလဲ.အဲလေယောင်သွားလို့ .နွားစာကျင်းမှာဘုန်းဘုန်းလဲလို့ ..မတတ်သာပဲ
သားသတ်သမားလက်ထဲကိုရင်နာနာနဲ့ အပ်နေတုံးမှာတောင်.မျက်ရည်လည်ရွှဲနဲ့ ငိုပွဲကြီးကိုဆင်ပြီး.နောက်ဆုံးအနေနဲ့ 
ဘာများခိုင်းစရာရှိပါသေးလဲသခင်ရယ်လို့ တောင်မေးသွားရှာကြသေးတာဗျ..ဟောဒီကောင်လေးကလည်းမျိုးနဲ့ ရိုးနဲ့ ဆို
သလိုသူ့ အလှည့်ကြတော့လဲအစွမ်းပြတော့တာပဲဗျို့ .တနေ့ ကုန်အပြည့်တင်ထားတဲ့လှည်းကိုဆွဲဖို့ သူနဲ့ တခြားတကောင်
ကိုထမ်းပိုးတင်ပြီးဆွဲခိုင်တာ.လုံးဝမသွားဘူးဗျ.ဒီလောက်လေးကိုနှစ်ကောင်ဆွဲခိုင်းရမလားဆိုပြီးစိတ်ဆိုးနေတာပေါ့.ဒါနဲ့ 
ဟိုတကောင်ကိုဖြုတ်ပြီး.သူတကောင်တည်းဆွဲရအောင်ထမ်းပိုးတုံးလဲပြင်ပေးလိုက်ရောဆွဲချလိုက်တာတချက်တည်းပါပဲ.
လူတွေလဲမြို့ သားအပြောမှာသဘောကျပြီးအာရုံစိုက်နေကြတာပေါ့.အဲနောက်ပြီး...မြို့ သားလည်းစကားဆက်ပြောဖို့ အား
ယူနေတုံး.အညာသားတောကလူလဲ.ကမန်းကတန်းထလိုက်ပြီး.ခေါင်းပေါင်းလေးကိုပြင်ပေါင်းလိုက်ပြီးသူ့ နွားသူဇွတ်ထပြီး
ဆွဲတော့တာပဲဗျို့ .ပြီးတော့မှသူပြောလိုက်ပုံက.ကိုယ့်နွားကိုဒီလောက်ကောင်းမှန်းသိနေမှတော့ဘယ်ရောင်းတော့မှာလဲကွ
ငါလူအမဟုတ်ဘူး.လို့ ပြောလိုက်သတဲ့(မိမိလက်ရှိရောက်ရှိ.ရရှိထားဘဝအဆင့်တန်း.အခြေနေ.ပစ္စည်းစသည်တို့ ကိုတန်
ဘိုးမရှိ.မကောင်းဟုထင်မြင်နေတတ်သောလူရဲ့သဘောသဘာဝနဲ့ သူတပါးပါးစပ်ဖျားတွင်လမ်းဆုံးနေတတ်ကြသောလူသ
ဘာဝကိုသင်ခန်းစာယူတတ်ကြစေဖို့ ဒီပိုစ့်လေးကိုတင်ပါတယ်)အားလုံးပျှော်ရွှင်ချမ်းမြေ့ နိုင်ကြပါစေ....ရွှေခြံသား

No comments:

Post a Comment