Wednesday, October 5, 2011

နောက်တခါလာဦးမယ်နော်..

တခါကအဖိုးတန်လက်ဝတ်ရတနာပစ္စည်းတွေရောင်းချတဲ့ဆိုင်ကြီးတခုရဲ့ရှေ့ကို.အဖိုးတန်ကားကြီးတစီးထိုးဆိုက်လာ
ပြီးနောက်.ကားပေါ်ကနေအင်မတန်ချောမောလှပပြီး.ခန့် ညားမှုရှိကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဆင်းလာကြတယ်
အဲဒီနောက်တော့ဆိုင်တံခါးကိုတွန်းဖွင့်ဝင်သွားလိုက်တယ်ဆိုရင်ပဲ.ဆိုင်ရှင်အဒေါ်ကြီးကခရီးဦးကြိုဆိုလိုက်ပြီး.ဘာများ
အလိုရှိပါသလဲပေါ့ဒီမှာတင်အမျိုးသားလုပ်တဲ့သူကဟောဒီကကျနော်အမျိုးသမီးအတွက်မွေးနေ့ လက်ဆောင်ကောင်းလေး
ပေးချင်လို့ ပါဗျာ.ဒီတော့သူ့ စိတ်တိုင်းကျအကောင်းဆုံးတန်ဘိုးအကြီးဆုံးပစ္စည်းတွေပြပေးပါလို့ ပြောလိုက်တယ်ဆိုရင်
ပဲ.ဆိုင်ရှင်အဒေါ်ကြီးလဲသူ့ ဆိုင်ထဲမှာရှိသမျှထဲကအကောင်းဆုံးတန်ဘိုးအကြီးဆုံးတွေပဲပြလာလိုက်တာ.မှန်ကောင်တာ
ထဲမှာပြထားသမျှရတနာပစ္စည်းတွေလဲ.အကုန်နီးပါးလောက်ရတနာပြတဲ့ဗန်းထဲကိုရောက်ကုန်ပြီဆိုပါတော့ဗျာ.ဟိုအမျိုး
သမီးကတော့လက်ညိုးတထိုးထိုးနဲ့ ပြခိုင်းလို့ ကောင်းနေတုံး.ဒါနဲ့ ကောင်တာထဲကရှိသမျှလဲကုန်ရောဆိုပါတော့.ဒီမှာတင်
သူအမျိုးသားကိုအချက်ပြလိုက်တယ်ဆိုရင်ပဲ.သူ့ အမျိုးသားလည်းသူ့ အင်္ကျီထဲကိုနိုက်လိုက်.ဘောင်းဘီထဲနိုက်လိုက်နဲ့ အ
လုပ်တွေရှုပ်နေတော့တာပေါ့...အဲဒီနောက်တော့သူ့ အမျိုးသမီးကိုပြန်ကြည့်လိုက်ရင်းတွင်တွင်ကြီးခေါင်းခါပြလိုက်တော့
တယ်ပေါ့.ဒီတော့မှဟိုအမျိုးသမီးလည်းကောင်းကောင်းသဘောပေါက်သွားပြီး.ဆိုင်ရှင်အဒေါ်ကြီးကိုအင်မတန်ယဉ်ကျေး
သိမ်မွှေ့ စွာနဲ့ တောင်းပန်စကားပြောလိုက်ပါတော့တယ်.ဒီလိုပေါ့.ဝမ်းနဲပါတယ်ဒေါ်ဒေါ်.အရမ်းကိုဝမ်းနဲစရာဖြစ်သွားခဲ့ရ
ပါပြီ.ဒီတော့ခုပြခဲ့တဲ့ပစ္စည်းလေးတွေကိုကျေးဇူးပြုပြီးပြန်သိမ်းထားလိုက်ပါဦးနော်.ကျွန်မတို့ နောက်တခေါက်ဆက်ဆက်
ကိုလာခဲ့ပါဦးမယ်.ဒီတခေါက်ကတော့သူ့ ခြောက်လုံးပြူးက.ကားပေါ်မှာကျပြီးကျန်ရစ်ခဲ့လို့ ပါတဲ့.အဟဲ..
(ပုံစံအနေထားကိုကြည့်ပြီးအလွယ်တကူယုံကြည်လက်ခံမှုမပြုမိကြစေဖို့ .လူကဲခတ်တတ်ကြစေဖို့ .သတိတရားထားတတ်
စေရန်ရည်ရွယ်ပြီးဒီပိုစ့်လေးကိုတင်ပါတယ်..အလိမ်အညာခံရခြင်းဘေးမှကင်းဝေးနိုင်ကြပါစေလို့ )

No comments:

Post a Comment