Sunday, October 9, 2011

မေးစရာလိုသေးလို့ လား..

ဒါလေးကတော့ကျနော့်နန္ဒာလှိုင်ကိုမိခင်နဲ့ ကလေးစောင့်ရှောက်ရေးကိုလိုက်ပို့ ခဲ့ရတုံးကြုံခဲ့ရတဲ့အဖြစ်ပျက်လေးတ
ခုပေါ့ဗျာ.ဒီလို.ကျနော့်သားအကြီးဆုံးကိုယ်ဝန်နဲ့ တုံးကပေါ့.နန္ဒာလဲသားဦးဆိုတော့အထူးတလည်နဲ့ ကိုဂရုစိုက်ခဲ့ရတာ
ပေါ့.သားဦးအရူးလို့ ဆိုတယ်မဟုတ်လား.အတွေ့ အကြုံကလဲမရှိသေးတော့အရာရာမှတ်သားစရာတွေကြည့်ပဲပေါ့လေ.
ဒီလိုနဲ့ နန္ဒာလှိုင်ကိုမိခင်နဲ့ ကလေးစောင့်ရှောက်ရေးဌာနကိုသွားပြီးအပ်ရတယ်ဆိုပါတော့ဗျာ...အဲဒီမှာပဲလူပေါင်းစုံကို
မြင်ရတွေ့ ရတော့တာပေါ့လေ.တချို့ ကတော့ကျနော်လိုပဲသားဦးမို့ လားမသိကိုယ့်မိန်းမကိုလေတိုက်တာမခံရလောက်
အောင်ကိုပဲရရုစိုက်နေကြတာတွေရှိသလို.တချို့ ကျတော့လဲကလေးတယောက်ကိုလက်ကဆွဲလို့ တယောက်ကိုလက်
ကချီရင်းပူနေတဲ့သူတွေလဲမြင်ရပါရဲ့.တချို့ ကျပြန်တော့လဲကူညီစောင့်ရှောက်မဲ့သူမပါဘဲခပ်မှိုင်မှိုင်တယောက်ထဲရောက်
လာတဲ့မိန်းမတွေ.တချို့ ကျပြန်တော့လဲပူမိမှတော့မထူးပါဘူး.ကိုယ့်စားရိတ်ကိုစားပြီးပူတာပဲဆိုပြီးမျက်နှာခပ်ပြောင်ပြောင်
နဲ့ မိန်းမတွေလည်းတွေ့ ရတယ်ဗျ.အစကတော့ရွှေခြံသားလည်းဒီနေရာကိုလိုက်ကိုမပို့ ချင်ခဲ့ဘူးလေ.နန္ဒာလှိုင်ကဇွတ်ဆွဲ
လာလို့ ရောက်လာရတာ.ကျနော်ကရှက်တတ်တယ်လေအဟဲ.လူမြင်သူမြင်ကြီးဆိုတော့လဲ..နောက်တော့လဲတတ်နိုင်ပါ
ဘူးလေ.နန္ဒာလှိုင်ကလည်းမလွယ်ဘူးဗျ.ဘာခုမှတော်ဒီလိုရှောင်နေလို့ ရမှာလဲတဲ့.အင်းရိတ်မိမှတော့ပြောင်ပြောင်ပဲပေါ့.
ကိုယ်ဖော်တဲ့ဆေးကိုယ့်ဖာသာကုန်အောင်စားရမဲ့တာဝန်ရှိတယ်မဟုတ်ပါလား.အစကတော့ငါတယောက်ထဲပူတတ်တယ်
ထင်နေတာဗျ.ဒီကိုရောက်မှပဲလူတိုင်းပူတတ်တာကိုသိရတော့တယ်လေ.ပူသောသူကိုကြင်နာပါဆိုတာဒီနေရာရောက်မှပဲ
ခံစားမိတော့တယ်.မိန်းမတွေကလည်းသူတို့ ရဲ့တရားခံတွေကိုနည်းပေါင်းစုံသုံးပြီးဆွဲလာလိုက်ကြတာအများကြီးဗျ.ကိုယ်လို
သူလိုလူတွေလေ.တယောက်နဲ့ တယောက်မသိကြပါပဲနဲ့ မျက်နှာချင်းဆိုင်ဖြစ်ရင်သွားဖြဲပြနေလိုက်ကြတာ.မင်းလဲငါ့လိုပဲဆို
တဲ့သဘောမျိုးဗျအဟဲ.ဓာတ်တူနံတူတွေမဟုတ်ပါလား.ဒါနဲ့ သားဖွားဆရာမကမွေးစာရင်းသွင်းဘို့ ခေါ်ပါလေရော.တန်းစီပြီး
အလှည့်ကျလုပ်ရတာပေါ့လေ.ဆရာမမေးတာက.နာမည်..သားဦးလား.ကလေးအဖေနာမည်.အလုပ်အကိုင်.ဒါလောက်ပါပဲ
ဒီလိုနဲ့ စာရင်းသွင်းလာလိုက်တာ.အမျိုးသမီးတယောက်ရဲ့အလှည့်ကိုရောက်ပါလေရော.ဒါနဲ့ ဆရာမကထုံးစံအတိုင်းမေးပါ
တော့တယ်.နာမည်ဘယ်လိုခေါ်လဲဆိုရင်.ဟိုအမျိုးသမီးက.မခင်မျိုးလင်းပါပေါ့.ဒါနဲ့ ဆရာမလဲဒီမိန်းမကိုမော့်ကြည့်လိုက်ရင်း
သားဦးလားပေါ့ဟိုကလည်းဟုတ်ပါတယ်ဆိုတာနဲ့ စာရင်းသွင်းတဲ့ဆရာမလဲနောက်တယောက်လို့ ခေါ်လိုက်တယ်.ဒီမှာတင်
မခင်မျိုးလင်းလဲ.ကျမအမျိုးသားနာမည်နဲ့ အလုပ်အကိုင်လိုသေးတယ်လေလို့ ပြောလိုက်တယ်.အဲဒီမှာတင်စာရင်းသွင်းတဲ့
ဆရာမ.ကျမဒီအလုပ်ကိုလုပ်လာတာ(၁၅)နှစ်လောက်ရှိပါပြီ.မေးစရာမလိုတော့လို့ ကိုမမေးလိုက်တာပါ.ညီမလေးရဲ့နာမည်
သာမခင်မျိုးလင်းဆိုတာမှန်ခဲ့ရင်.ကျမအထင်လုံးဝလွဲနိုင်စရာမရှိပါဘူးပေါ့.ကျမအားလုံးကိုအဆင်ပြေအောင်ဖြည့်ပေးလိုက်
ပါတယ်ပေါ့.ဒီမှာကြည့်ပါလို့ သူ့ မှတ်တမ်းကိုပြလိုက်တယ်...အဲဒီမှာသူဖြည့်ထားတာကတော့.အမည်..ကမခင်မျိုးလင်း.တဲ့
ကလေးအဖေနေရာမှာတော့..ဦးမြင်း..အလုပ်အကိုင်..မြင်းလှည်းဆွဲ..တဲ့.ကဲကောင်းကြသေးရဲ့လား.အင်းသူ့ နာမည်ကလဲ
ထင်လဲထင်ချင်စရာပေကိုးဗျနှော.နောက်ပြီးသူကလည်းယောကျာင်္းမပါတယောက်ထဲလာမိတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဗျာ.
ဒီတော့ကိုယ့်မိန်းမကိုတယောက်ထဲတော့မိခင်ကလေးစောင့်ရှောက်ရေးကိုမလွှတ်ကြနဲ့ နော်.တခြားနာမည်ဆိုကိစ္စမရှိပေမဲ့
အဲ.အဲ.မခင်မျိုးလင်းဆိုရင်တော့(သမီးလေးများနာမည်ပေးမမှားကြစေဖို့ နဲ့ မိမိဇနီးကိုကြင်နာယုယတတ်ကြစေဖို့ ဒီပိုစ့်လေး
ကိုတင်ဖြစ်ပါတယ်ဗျာ)..အားလုံးငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေလို့ ..ပျှော်တတ်တဲ့.   .ရွှေခြံသား

1 comment:

  1. ခင်မျိုးလင်းဆိုတော့...@##$$%% အော် ပေါက်ပီ ပေါက်ပီ... ဟိ ဟိ

    ReplyDelete