Tuesday, October 11, 2011

ဒါလည်းဂျပန်ပဲလေ..

တခါကဂျပန်လူမျိုးခရီးသွားတယောက်ဟာအမေရိကကိုအလည်ပါတ်ရောက်ခဲ့တယ်ပေါ့.သူတည်းခိုတဲ့မြို့ နဲ့ အနီးပါတ်
ဝန်းကျင်ကရှုခင်းတွေကိုလှည့်လည်ကြည့်ရှုဖို့ အတွက်တက္ကစီတစီးငှားပြီးစီးလာခဲ့တယ်.ရှုခင်းကြည့်ဖို့ ကားငှားလာတာ
ဆိုတော့လည်းဒရိုင်ဘာကကားကိုဖြေးဖြေးချင်းပဲမောင်းနေတော့တာပေါ့.ဒီမှာတင်ပဲသူစီးလာတဲ့ကားကိုဂျပန်ပြည်ဖြစ်
တိုယိုတာကားတစင်းဖြတ်ကျော်မောင်းသွားတယ်ဆိုရင်ပဲဂျပန်တိုးရစ်ကြီးက.သူ့ ကားမောင်းသမားကိုလက်မထောင်ပြ
လိုင်ပြီး.တွေ့ လားဂျပန်ပြည်ဖြစ်ကားအရမ်းမြန်တာပဲပေါ့.ဒီလိုသွားနေရင်းနဲ့ ပဲသူတို့ ကားကိုဂျပန်ဖြစ်.မစ်ဆူဘီရှိကားတ
စင်းကထပ်ပြီးကျော်တက်သွားပါလေရော.ဒီမှာတင်ပဲဂျပန်ကြီးလဲသူ့ လက်မကိုခပ်မာမာထောင်ပြလိုက်ပြီး.တွေ့ လားဂျ
ပန်ကား.အရမ်းကိုမြန်တာပဲလို့ ထပ်ပြီးပြောလိုက်တယ်.ကားသမားကတော့အတော့်ကိုတင်းနေပြီပေါ့.ဒါပေမဲ့ဘာမှတော့
ပြန်မပြောဘူးဗျ.ငြိမ်နေတာပဲ.ဒါနဲ့ သူ့ ခရီးသည်ဂျပန်ကြီးသွားချင်တဲ့နေရာကိုရောက်တယ်ဆိုရင်ပဲ..ကားကိုရပ်လိုက်ပြီး
ကားတံခါးကိုဖွင့်ပေးလိုက်တယ်.ဂျပန်ကြီးကကားခဘယ်လောက်ကျသလဲလို့ မေးလိုက်ရင်ပဲ.ဒေါ်လာ(၃၀၀)ကျကြောင်း
ပြောတော့တာပေါ့.ဒီမှာတင်ဂျပန်ကြီးလဲအတော်အံ့သြသွား.ပြီးဘာ.ဘယ်လိုဒီလောက်အနီးလေးကိုဒေါ်လာ(၃၀၀)ဘယ်
လိုလုပ်ကျရတာလဲပေါ့မေးပါလေရော.ဒီမှာတင်အမေရိကကကားဒရိုင်ဘာလဲ.တက္ကစီရဲ့မီတာကိုလက်ညိုးထိုးပြလိုက်ပြီး
ဒီမီတာကလည်းmade in japan လေတဲ့.အဲဒီတော့အရမ်းမြန်တာပေါ့တဲ့.အဲဒါကြောင့်ပါလို့ ပြောလိုက်သတဲ့.

No comments:

Post a Comment