Wednesday, October 5, 2011

အမှန်အတိုင်းပဲပြောတာပဲလေ..

တခါကဆရာမတယောက်ဟာသူ့ အတန်းသားတွေကိုပါတ်ဝန်းကျင်လေ့လာရေးအနေနဲ့ ပန်းခြံတခုထဲကိုခရီးထွက်
လာခဲ့ကြတယ်ပေါ့.ပန်းခြံထဲကိုရောက်တယ်ဆိုရင်ပဲကလေးတွေကိုသဘာဝပါတ်ဝန်းကျင်ကိုလေ့လာမှတ်သားတတ်
ဖို့ ပြောပြလိုက်ပြီး.ပန်းခြံထဲကိုလွတ်လွတ်လပ်လပ်ပဲနေခိုင်းလိုက်တယ်ပေါ့.ဒီအထဲကကလေးတယောက်ကတော့ပန်း
ခြံထဲမှာအမြင့်ကိုတက်ပြီးဆေးသုတ်နေတဲ့လူကြီးတယောက်ရဲ့အနားကိုရောက်သွားပြီးကလေးပီပီစပ်စုလိုစိတ်.သိလို
စိတ်နဲ့ မေးလိုက်တယ်ပေါ့.ဦးလေးကြီးဘာလုပ်နေတာလဲပေါ့..ဒါနဲ့ ဟိုလူကြီးလည်းဆေးသုတ်နေတာပေါ့ကွာလို့ ပြန်
ဖြေလိုက်တယ်ပေါ့.အဲဒီမှာတင်ကလေးလဲ.လှေခါးကိုကိုင်ပြီးတက်ဆော့မယ်ပြင်တာပေါ့.ဒီမှာတင်လှေခါးလဲလှုပ်ခါသွား
တော့တာပေါ့.ဒါနဲ့ ဟိုလူကြီးကလည်း.ဟကောင်လေးလှေခါးကိုမလှုပ်နဲ့ ကွလို့ ပြောရှာတယ်.ဒါပေမဲ့ကလေးဆိုတော့
ဆော့ချင်တာပဲသိတာဆိုတော့နားမထောင်ဘူးပေါ့.ဒါနဲ့ ဟိုလူကြီးလည်းဒေါသထွက်သွားပြီး.ဟာဒီကောင်လေးဒီလောက်
တောင်ပြောလို့ မှနားမထောင်တာ.ကဲမင်းအမေငါ..ကွာပေါ့.မကြာပါဘူးဆေးသုတ်သမားကြီးလဲ.ဝုန်းဒိုင်းဆိုပြီးအောက်
ကိုပြုတ်ကျသွားတော့တာပေါ့..အဲဒီနေရာကိုဆရာမနဲ့ ကျောင်းသားတွေရောက်လာပြီး.ဆရာမလဲအောက်ပြုတ်ကျသွား
တဲ့လူကြီးအတွက်လူနာတင်ကားတွေဘာတွေဖုန်းဆက်ပေးပြီး.သူ့ ကျောင်းသားတွေကိုသင်ခန်းစာတခုအနေနဲ့ မေးခွန်း
တခုကိုမေးလိုက်တယ်ပေါ့.သားတို့ သမီးတို့ ရေ.အခုနတုံးကအောက်ကိုပြုတ်ကျသွားတဲ့ဦးလေးကြီးဘာလို့ ပြုတ်ကျသွား
လဲလို့ မေးလိုက်တဲ့အခါမှာ.ကျောင်းသားတွေက.အန္တရယ်ကင်းခါးပါတ်မပါတ်ထားလို့ .လှေခါးကိုသေချာမထောင်လို့ .စ
သည်ဖြင့်ပေါ့လေအမျိုးမျိုးဖြေကြတယ်ပေါ့.ခုနကကလေးတယောက်ပဲထူးထူးခြားခြားအဖြေပေးလိုက်လို့ .ဆရာမလဲအံ့
သြသွားတော့တာပေါ့လေ.သူဖြေလိုက်တဲ့အဖြေကတော့..သူဘာလို့ ကျနော်အမေကိုဆဲလဲ.ဟူသတည်း.ကဲကောင်းကြ
ရောဗျာ(ရိုးသားဖြူစင်သောကလေးငယ်တို့ ရဲ့သဘောသဘာဝကိုတင်ပြလိုရင်းသာ..ငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေဗျာ)

No comments:

Post a Comment