Thursday, October 20, 2011

ကွင်းမှားတဲ့..ဘက်ခမ်း

ပြောရဦးမယ်ဗျ.ရွှေခြံသားအကြောင်း.ကိုယ်ကိုတိုင်ကသာအသောက်အစားလောင်းကစားမလုပ်တတ်တာ.အပေါင်း
အသင်းကတော့အစုံပဲဗျ..ဘုရားဒကာကစပြီးအရက်သမား.ဖဲသမား.ဆိုက်ကားနင်း.မြင်းလှည်းမောင်းသမားအဆုံးအ
ကုန်ဘော်ဒါတွေကြည့်ပဲဗျ.ဒီတော့လည်းအကြားအမြင်စုံတာပေါ့ဗျာ.ဒီကနေ့ ပြောပြချင်တာကတော့ဘော်လုံးဝါသနာ
ရှင်ငမူးတယောက်အကြောင်းပေါ့.အတင်းတုတ်တယ်တော့မထင်ကြနဲ့ ပေါ့ဗျာ...ဆင်ခြင်စရာရှောင်စရာကိစ္စလေးမို့ 
တင်ပြချင်တာပါ.ဒီလိုဗျ.ဒီကောင်မိန်းမရတော့သူ့ မိန်းမနဲ့ အတူသူ့ ညီမလေးတယောက်ပါပါလာတယ်ဗျ..အစပိုင်းက
တော့ကလေးလေးတယောက်လိုပါပဲဗျာ.ဒီလိုနဲ့ အိမ်ထောင်သက်လေးငါးခြောက်နှစ်အတွင်းမှာဟိုကလေးမလေးလဲအ
ချိန်တန်အရွယ်ရောက်လာပြီဆိုတော့သဘာဝအလှသွေးတွေကြွလာတော့တာပေါ့ဗျာ.ဒါကိုဖရီးကစ်ကောင်းတဲ့ဘက်ခမ်း
ကြီးကလဲမြင်တော့တာပေါ့လေ.လူ့ သဘာဝအရငါးစိုငါးစိမ်းလေးမြင်လာတော့အိမ်ကငါးကင်ကြီးကိုပြစ်ချင်လာတော့တာ
ပဲဗျို့ .အိမ်ကမိန်းမနဲ့ လည်းအရာရာမှာအမြင်မကြည်လင်ဖြစ်လာတော့တာပေါ့.စားတဲ့သောက်တဲ့ကိစ္စကစပြီးအိပ်ယာဝင်
တဲ့အထိအရာရာပြသနာလုပ်လာတော့.ဟိုမိန်းမလဲအဆင်ပြေအောင်ကြိုးစားပြီးပြုစုပေးရှာပါတယ်.ဒါပေမဲ့ဘယ်လိုမှကိုအ
ဆင်မပြေရှာပါဘူး...ဒါနဲ့ မိန်းမလုပ်သူလဲအဆင်ပြေနေတဲ့အိမ်ထောင်ရေးချက်ချင်းကြီးပြောင်းသွားတာကိုနားမလည်နိုင်
တော့ပဲဗေဒင်.ယတြာ.အကြားမြင်.နတ်ကတော်.ဘိုးတော်စတာတွေကိုကူကြကယ်ကြပါဦးလုပ်တော့တာပေါ့.ဘာရမလဲ
ဗျာကျနော်တို့ ဘက်ခမ်းကဝါသနာအတိုင်းဖရီးကစ်ချင်နေတာမှမသိကြတာကို.ဒီတော့မှဟိုမိန်းမလဲမိန်းမအချင်းချင်းလက်
တို့ ပြီးသူ့ မှာဒီလို.ဒီလိုဖြစ်နေလို့ ပါ.ကယ်ကြပါဦးပေါ့.အဲဒီမှာတင်အတွေ့ ကြုံဗဟုသုတရှိကြတဲ့မိန်းမတွေကဝိုင်းပြီးစဉ်းစား
အကြံညဏ်ပေးကြတာပေါ့.အဆင်မပြေတာကြာပြီလား.အရင်ကဖြစ်ဘူးသလား.အိမ်မှာတယောက်ထဲလား..ညီမတွေဘာ
တွေခေါ်ထားတာရှိလား.သားသမီးရှိလား.ဘာညာပေါ့ဗျာမေးမြန်းပြီး.ဝိုင်းအဖြေထုတ်ပေးလိုက်ကြတာက.ဒီအကောင်နင့်ညီ
မကိုကြံခြင်နေလို့ နေမှာဒီတော့စမ်းကြည့်ဆိုတဲ့အဖြေရလာတယ်.ဒါနဲ့ တနေ့ ညနေစောင်းဟိုအကောင်လဲစံတော်ချိန်အရက်
ဆိုင်သွားခါနီးမိန်းမလုပ်သူလဲကောက်ကာငင်ကာခရီးသွားစရာရှိတယ်ဆိုပြီးလုပ်ပါရော.သူ့ အကောင်ကိုလည်းဒီညအိမ်ပြန်
နောက်မကျစေနဲ့ သူမရှိဘူးပေါ့.သူ့ ညီမကိုလည်းကြည့်ပြီးစောင့်ရှောက်ဖို့ မှာတော့တာပေါ့လေ..ဖရီးကစ်ဝါသနာပါတဲ့ဘက်
ခမ်းကြီးလဲအကြိုက်ကိုတွေ့ လို့ ပေါ့.တညလုံးအိမ်မှာသူနဲ့ ဟိုကောင်မလေးနှစ်ယောက်ထဲပဲရှိကြတော့မှာမဟုတ်ပါလား.ကံ
ကောင်းချင်တဲ့ခွေးများလျှောက်သွားရင်းချေးပုံကိုဟပ်မိသလိုပေါ့ဗျာ.မိန်းမလဲသူ့ ညီမကိုယောကျာင်္းအတွက်ထမင်းပွဲပြင်ဆင်
ပေးပြီး.စောစောအိပ်ရာဝင်ဘို့ မှာတော့တာပေါ့.အကြံသမားဘက်ခမ်းကတော့စိတ်ချသာသွားပါကိုယ်ဖိရင်ဖိစောင့်ရှောက်ပါ
မယ်ပေါ့လေ.အလုပ်ကိစ္စကိုတခါထဲပြီးအောင်လုပ်ခဲ့ပေါ့.နောက်ဆံတင်းမနေပါနဲ့ ငါတယောက်လုံးရှိပါတယ်.အဆင်မပြေရင်
သုံးလေးငါးရက်သာနေပေါ့အဟဲ.သဘောတွေအရမ်းကောင်းပြနေလိုက်တာဗျာဒါနဲ့ ပဲအရက်ဆိုင်ကိုချေဦးလှည့်တယ်ဆိုရင်
ပဲမိန်းမလဲသူညီမကိုအထုပ်အပိုးတွေနဲ့ သူစီစဉ်ထားတဲ့အိမ်ကိုလိုက်ပို့ ပြီးအိမ်ပြန်လာတာပေါ့...ပြီးရင်သူ့ ယောကျာင်္းအတွက်
ထမင်းပွဲပြင်ပေးပြီးသူ့ ညီမရဲ့အခန်းထဲကိုဝင်စောင်ခြုံပြီးကွေးနေတော့တာပေါ့ဗျာ...တအိမ်လုံးကိုလဲမီးမှောင်ချထားလိုက်ပြီး
ဘက်ခမ်းကြီးအကြိုက်ဖန်တီးပေးထားလိုက်တာပေါ့ဖရီးကစ်ချင်တဲ့ဇာတ်လိုက်ကြီးဘက်ခမ်းလဲအရက်လေးမြန်မြန်မော့ပြီး
အဝေးကွင်းမှာအချိန်မှီကစားနိုင်အောင်အိမ်ပြန်လာတယ်ဆိုရင်ပဲထမင်းဝိုင်းကလွဲလို့ တအိမ်လုံးတိတ်ဆိတ်နေပြီးမီးမှောင်
ချထားကိုတွေ့ လိုက်ရတော့တာပေါ့.ဒါနဲ့ ဘက်ခမ်းလဲဟညီမလေးရအစောကြီးရှိသေးတာအိပ်ပြီလားနေလို့ မှကောင်းရဲ့လား
ပေါ့အကိုကြီးစိတ်ပူလိုက်ရတာဆိုပြီးမေးလဲမေးသွားလဲသွားလိုက်တာ.ဟိုကောင်မလေးရဲ့အိပ်ခန်းထဲခုတင်ပေါ်ရောက်ရော
ဆိုပါတော့ဗျာ.အမှောင်ထဲမှာဟိုစမ်းသည်စမ်းရင်းနဲ့ နောက်ဆုံးတော့သမုဒ္ဒရာထဲပဲရောက်တော့တာပေါ့လေဘက်ခမ်းလဲနဂို
ကမှဖရီးကစ်ချင်နေတာနဲ့ အတော်ပဲဖြစ်သွားတော့တာပေါ့လေ.အဝေးကွင်းဆိုတော့လဲဘက်ခမ်းကြီးကအသားကုန်အစွမ်းပြ
ပြီးကစားတော့တာပေါ့လေဂိုးပေါက်ထဲကိုအဝေးကနေပဲလှမ်းထည့်လိုက်ခေါင်းတိုက်ပြီးသွင်းလိုက်.ပင်နယ်တီဧရိယာအစပ်
ကနေမနားတမ်းကန်သွင်းထောင့်ကိုလှန်းပြီးထည့်လိုက်ဘားရှော့လှမ်းပြီးသွင်းလိုက်ညာပြပြီးဘယ်ထောင့်ကိုလှမ်းထည့်
လိုက်နဲအစွမ်းကုန်ကျဲတော့တာပေါ့လေပြီးတော့လဲပြောလိုက်သေးညီမလေးရာအကိုကြီးတော့အိမ်ကွင်းမှာကစားလာတာ
ကြာပါပြီဒီလိုတခါမှကိုကန်လို့ မကောင်းဖူးဘူးပေါ့.ညီမလေးကွင်းကြမှပဲအကိုကြီးလဲခြေစလက်စတွေပေါ်လာပြီးကန်လို့ က
စားလို့ ကောင်းလိုက်တာပေါ့ညီးအမကွင်းကတော့တခါမှကိုကန်လို့ မကောင်းဖူးဘူးပေါ့ဒါကြောင့်နောက်နေ့ တွေလဲညီမရဲ့
ကွင်းမှာပဲလေ့ကျင့်ခန်းဆက်ပြီးဆင်းဖြစ်တော့မှာပါပဲပေါ့လေအဟဲ.ဒီလိုဒီလိုအကောင်ကအကြိုပွဲတွေဘာတွေတောင်စီစဉ်
လို့ ဗျာ.အသင်းပြောင်းရွှေ့ ကြေးကတော့မေတ္တာဖြင့်ပေါ့လေ.မိန်းမလုပ်သူကတော့ဘက်ခမ်းကြီးဘယ်လိုအစွမ်းပြပြီးကစား
နေနေအေးဆေးပေါ့ဗျာ.သိတယ်ဟုတ်သူကလဲသူ့ ကွင်းနဲ့ သူ့ လူကိုဗျအဲမသိသေးတာကတော့မူးနေတဲ့ဘက်ခမ်းကြီးလေ
မိန်းမလုပ်သူကလဲအသာလေးလွှတ်ပေးထားပြီးဖောင်းဘောလူကျွှံဘောတွေရနိုင်သမျှအပိုင်ဖမ်းဘို့ စောင့်နေတော့တာ
ပေါ့လေ.ဘက်ခမ်းကြီးကတော့ဂိုးသွင်းဘို့ ပဲအာရုံစိုက်နေတာဆိုတော့သူ့ ကိုသူလူကျွှံဖောင်းကြနေမှန်းမသိရှာဘူးပေါ့.ပြီး
သူကဆက်ပြောလိုက်သေးတယ်.အကိုကြီးကတော့ဒီလောက်ကစားလို့ ကောင်းကွင်းမှာပဲကစားတော့မယ်အိမ်ကွင်းကို
ဘယ်တော့မှပြန်ကစားတော့မှာမဟုတ်ပါဘူးပေါ့ပြောလိုက်တယ်ဆိုရင်ပဲလူကျွှံဘောစောင့်နေတဲ့မိန်းမလည်းတခါထဲအလံ
ထောင်ပြီးအပိုင်ဖမ်းလိုက်ပုံက.ဒီမယ်တော်ဘာတွေလျှောက်ပြောနေတာလဲ.အခုတော်ကန်လို့ ကောင်းလိုက်တာကစားလို့ 
ကောင်းလိုက်တာ.နောက်နေ့ တွေလဲလေ့ကျင့်ခန်းဆက်ပြီးဆင်းခြင်နေသေးတယ်ဆိုတာကျုပ်ပဲ.တော်ထင်နေသလိုအဝေး
ကွင်း(ကျုပ်ညီမ)လဲမဟုတ်ဘူး.တော်နေ့ တိုင်းကန်နေကျအိမ်ကွင်းဘယ်အဝေးကွင်းမှမဟုတ်ဘူးလို့ ပြောလိုက်တယ်ဆိုရင်
ပဲ.နှစ်ဝါနဲ့ တနီထိသွားတဲ့ဘက်ခမ်းကြီးလည်းတခါထဲအမူးပြေသွားပြီးပြောလိုက်ပုံက..တောက်ငါထင်တော့ထင်သားပဲကွာ.
ဒီကောင်မပဲဖြစ်လိမ့်မယ်လို့ .ဒါကြောင့်ကန်လို့ ကိုစိတ်တိုင်းကိုမကျတာလို့ ကွင်းပေါ်ကနေမဆင်းသေးပဲပြောလိုက်ပါသတဲ့.
ကဲကောင်းကြရောဗျာ..(ကျနော့်ဘော်ဒါတွေကွင်းမမှားကြစေဖို့ .မိန်းမ.ယောကျာင်္းသဘောသဘာဝကိုဆင်ခြင်နားလည်နိုင်ကြစေဖို့ .ကိုယ်အိမ်ကွင်း
ကွင်းကိုတန်ဘိုးထားတတ်ကြစေဖို့ အတွက်ဒီပိုစ့်လေးကိုတင်ပါတယ်ဗျာ)အားလုံးငြိမ်းချမ်းပျှော်ရွှင်ကြပါစေလို့ 
                                                                                               (ပျှော်တတ်တဲ့ရွှေခြံသား)




No comments:

Post a Comment