Thursday, August 18, 2011

မိမိကိုယ်သာကိုးကွယ်ရာ

သားရေဖေဖေဒီနေ့ ပြောချင်တဲ့အကြောင်းကတော့လူဘဝရလာတဲ့လူတိုင်း.ကြီးပွှားတိုးတက်လိုသူတိုင်းလိုက်နာ
ရမဲ့ကျင့်သုံးရမဲ့အချက်တွေထဲကတခုပေါ့ကွာ.အဲဒါကတော့မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့ဆောင်ပုဒ်လေးတခုပေါ့
ကွာ.ဖေဖေသိပ်နှစ်သက်ခဲ့တဲ့ဆောင်ပုဒ်လေးတခုဆိုလည်းမမှားဘူးပေါ့ကွာ.လောကမှာထိပ်တန်းရောက်နေကြတဲ့
လူတော်တော်များများဟာလည်းဒီဆောင်ပုဒ်လေးကိုလက်ကိုင်ထားပြီးကျိုးစားခဲ့ကြတဲ့သူတွေဆိုရင်လည်းမမှားနိုင်
ကြဘူးသား.တို့ ဗုဒ္ဓကလည်းကြီးပွှားတိုးတက်လိုသူတိုင်းကိုယ့်ကိုကိုယ်သာအားကိုးကျိုးစားကြဘို့ ဆုံးမထားခဲ့ဘူး  
တယ်သား.ဒီတော့ကိုးကွယ်မှုဆိုတာနဲ့ ပါတ်သက်လို့ သားကိုနားလည်လွယ်အောင်ဖေဖေပြောပါမယ်.ကိုးကွယ်မှု  
ဆိုတာဘာလဲ?ဘယ်အချိန်ကစပြီးလူတွေကိုးကွယ်မှုကိုစခဲ့သလဲ.?ကမ္ဘာဦးအစကလူတွေဟာအသိညဏ်ကနိမ့်ကျ
နေသေးတော့ခုခေတ်လူတွေလိုစဉ်းစားဆင်ချင်နိုင်စွမ်းအားကလည်းမကောင်းဘူးပေါ့ကွာ.ဒီတော့အမှားမှန်ကိုခွဲခြား
နိုင်တဲ့အသိမရှိကြသေးဘူးလို့ ပြောရမှာပဲ.အဲဒီအချိန်မှာပဲသဘာဝအလျှောက်ဖြစ်တဲ့ရေကြီးတာ.တောင်ပျိုတာ
လေပြင်းကျတာ.မီးတောင်တွေပေါက်ကွဲတာ.မိုးကြိုးပစ်တာ.တောမီးလောင်တာ.ငလျှင်လှုပ်တာစသည်ဖြင့်ပေါ့  
လေသဘာဝဘေးအန္တာရယ်တွေနဲ့ ရင်ဆိုင်ခဲ့ကြရတာပေါ့.ဒါတွေကိုသဘာဝဘေးတွေလို့ အမှန်တိုင်းလည်းမသိခဲ့
ဘူးပေါ့.ဒါတွေဟာမမြင်ရတဲ့တန်ခိုးရှင်တယောက်ယောက်ကစိတ်ဆိုးပြီးဒဏ်ခတ်ခံရတာလို့ ပဲထင်မြင်ယူဆခဲ့ကြ
တယ်.ဒါကြောင့်ရေကြီးလာရင်မြစ်ဆီသွား.မီးတောင်ပေါက်လဲအဲဒီတောင်ဆီသွား.တောမီးလောင်လည်းမီးနားသွား
ပြီးတောင်းပန်ကန်တော့.သူတို့ စားသောက်သုံးစွဲနေတဲ့ပစ္စည်းတွေနဲ့ ပူဇော်ကြစသည်ဖြင့်ထင်ရာမြင်ရာလုပ်ကြတာ
ပေါ့ကွာ.အဲဒီလိုသူတို့ လုပ်နေတုံးသဘာဝအရရေကျသွားမယ်.မီးတောင်ပေါက်တာအရှိန်လျှော့သွားတယ်ဆိုရင်ပဲ  
သူတို့ ကိုမမြင်ရတဲ့သူတွေကစောင့်ရှောက်တယ်တယ်ဆိုပြီးယုံကြည်သွားကြတော့တာပေါ့.ဒီလိုလုပ်ရင်းနဲ့ ရေနစ်
သေ.မီးတောင်ပေါက်လို့ သေခဲ့ကြတဲ့သူတွေလည်းမနဲဘူးပေါ့.ကိုးကွယ်မှုဆိုအဲဒီကနေစခဲ့တယ်လို့ ပြောလို့ ရနိုင်
တယ်.ဘာကြောင့်ကိုးကွယ်ကြခဲ့လည်းဆိုရင်တော့ဘေးအန္တာရယ်တွေကိုကြောက်လို့ .ကောင်းကျိုးတွေကိုရယူခံ
စားချင်လို့ လို့ ပြောရမယ်.ဒီနေ့ ထိလည်းဒီအတိုင်းပါပဲ.

No comments:

Post a Comment