Sunday, August 21, 2011

ေ၇ွှဘနောက်ပိုင်းကြမ်းမယ်.

တခါကမင်းသားရွှေဘခေတ်ကောင်းစားနေချိန်ကပေါ့.ကျနော်တို့ ရွာကိုမြို့
ကရုပ်ရှင်ပြတဲ့အဖွဲ့ ရောက်လာတယ်ဗျ.ခုခေတ်လိုတီဗွီကြီးနဲ့ ခန်းခန်းနားနား
ပြနိုင်သေးတာမဟုတ်ဘူး.သမဆိုင်ကပိတ်ဖြူစတွေစပ်ဟပ်ချုပ်ပြီးပိတ်ကား
လုပ်ပြီးစက်ကနေစလိုက်ထိုးပြရတာပေါ့.ပြမဲ့ဇာတ်ကားကလည်းကျနော်တို့ 
ရွာရဲ့အသဲစွဲမင်းသားကြီးကိုရွှေဘဆိုတော့လည်းတရွာလုံးကလေးကစခွေးအ
ဆုံးအားပေးကြတာပေါ့ဗျာ.ပရိတ်သတ်ကြီးကလည်းရွှေဘရဲ့ဖိုက်ကွက်တိုက်
ကွက်လေးတွေကိုအားပေးချင်လို့ မျှော်တလင့်လင့်နဲ့ ပေါ့.သူတို့ မျှော်နေတုံး
မှာပဲရုပ်ရှင်ကစပါပြီ.စစချင်းပဲဇာတ်လမ်းအရရွှေဘကြီးနှိပ်စက်အနိုင်ကျင့်ခံရ
ခန်းဆိုတော့သူကြမ်းတွေကဝိုင်းပြီးသမကြတော့တာပေါ့.ရွှေဘကြီးခံရပြီဆို
တော့ရွှေဘကိုချစ်ကြတဲ့ရွာသူရွာသားတွေလဲမခံမရပ်နိုင်အောင်ကိုဖြစ်ကုန်ကြ
တာပေါ့ဗျာ.အဲဒီတော့ဝိုင်းပြီးအာပေးကြတော့တာပဲပေါ့မြန်မာ.အိုမန်ပွဲလို.ချပါ
တော့လား.တွယ်လိုက်ပါတော့လား.ဟေ့ကောင်မင်းနောက်မှာချ.စသည်ဖြင့်
ပေါ့လေအားပေးကြတယ်ပေါ့.ဘယ်လောက်ပဲအားပေးပေးရွှေဘကြီးကပြန်မ
ချနိုင်တော့ပွဲဆူလာတော့တာပေါ့ဗျ.ရွှေဘမှမနိုင်ရင်ငါတို့ ပါကူချဆိုပြီးလူဆိုး
တွေကိုရရာထီးတွေ.ဖိနပ်တွေ.ခဲတွေ.ေ၇သန့် ဘူးခွံတွေနဲ့ အားပေးကြတာ
ပေါ့ဗျာ.ဒီတော့မှရုပ်ရှင်အဖွဲ့ တွေလည်းပြတာကိုခဏနားပြီးလော်ကြီးနဲ့ အော်
ရတော့တာပေါ့.ရွှေဘကိုချစ်တဲ့ရွာသူရွာသားအပေါင်းတို့ ခင်ဗျား.ကျနော်တို့ 
ရဲ့အချစ်တော်ကြီးကိုရွှေဘဟာဇာတ်လမ်းအရအစပိုင်းမှာခံနေရပေမဲ့.နောက်
ပိုင်းကြရင်ရွှေဘဟာပြန်ပြီးကြမ်းပါလိမ့်မယ်.လို့ ကျေညာလိုက်တော့မှပဲရုပ်
ရှင်ကိုဆက်ပြီးပြရတော့တယ်တဲ့..ကျုပ်တို့ ရွာကဒီလိုပဲ.....

No comments:

Post a Comment