Thursday, August 18, 2011

ဒီတခါတော့ဘာရမလဲ

ဒါကတော့ကျနော်တို့ ရွာကရာဇဝင်တွင်ခဲ့တဲ့ဇာတ်လမ်းလေးဗျ.ဒီလို.ရွာထဲကလူတယောက်ပေါ့ဗျာနွားလေးတ 
ကောင်ကိုမောင်းလာရင်းနဲ့ နွားလေးကကောင်းကောင်းမသွားတော့ထုံးစံအတိုင်းဆူပူကြိမ်းမောင်းတော့တာပေါ့
သူကြိမ်းတာကဒီလို..လူလဲလုပ်ရအဖိုးလည်းမပေးရ.ဟနွားသွားဟတဲ့.ဆန်းတော့အဆန်းသားပေါ့ဗျာသူ့ နွားကို  
မောင်းပုံက.ဒါကိုကြားသွားတဲ့ရွာသားတယောက်ကလည်းဟာအကိုကြီးဟာကအဆန်းသားပဲဘယ်လိုလဲလုပ်ပါဦး
ဆိုတော့.ဟိုကလည်းပြောချင်နေတာနဲ့ အတော်ဖြစ်သွားတော့တာပေါ့ဗျာ.ဒါနဲ့ ရွာဓလေ့ထုံးစံအတိုင်းပြောစရာလေး
များရှိကြရင်ထန်းရေဆိုင်ဖက်ဒိုးကြတော့တာပေါ့ဗျာ.ပြီးတော့မှလက်တို့ ပြီးတော့ပြောရဦးမယ်လုပ်ချလိုက်တာဗျ
အဲကျနော်တို့ အညာဆိုတာကလည်းတပေါင်းတန်ခူးဆိုပူလွန်းလို့ သစ်ပင်တွေဆိုရိုးတံကျဲကျဲနေပူထဲမှာဆိုသလို ပဲ.လွမ်းစရာအလွန်ကောင်းတာဗျ.အဲသင်္ကြန်မိုးလေးလည်းကျလာရော.ရွာတခွင်လုံးသစ်ပင်တိုင်းအခက်အလက်
စုံစုံညီညီထွက်လာလိုက်တာသာယာလိုက်ပုံမပြောပါနဲ့ တော့.အစားသောက်ကလည်းအရမ်းပေါတော့တာပဲတော
စာတောင်စာပေါ့ဗျာ.အဲဒီအချိန်ဆိုရွာသားတွေလည်းနှပ်ချိန်လို့ ဆိုရမလားဗျ.အချိန်ကိုက်ပေါ်တဲ့ဆူးပုတ်ရွက်ညိုနဲ့ 
ရွှေအီကုတ်ရောတွယ်လိုက်လို့ ကတော့မြို့ သားတွေသုံးတဲ့viagraဆိုလားမသိပါဘူးဗျာ.အဲဒီထက်တောင်ကောင်း
သေး.ထားတော့ဗျာထန်းတောပြန်သွားကြစို့ .ငမူးကစပြောတယ်တနေ့ ပေါ့သူလည်းရေချိန်တော်တော်လွန်အောင်
သောက်ပြီးအိမ်အပြန်မှာဘယ်လိုမှမရတော့တာနဲ့ ထန်းတောဘေးကဆူးပုတ်ပင်တန်းမှာပဲကျိုးတော့တာပေါ့.လေ
လေးကလည်းတဖြူးဖြူးနဲ့ ဆိုတော့လုံချည်တွေဘာတွေလည်းမရှိတော့ပဲလွတ်လပ်စွာပြည်တော်သာနေတော့တာ
ပေါ့ဗျာ.အဲဒီကောင်ကလည်းစောစောကပြောခဲ့ရွှေအီကုတ်နဲ့ ဆူးပုတ်ရွက်စားထားတဲ့ကောင်ဆိုတော့လည်းကောင်း
ချင်တိုင်းကောင်းနေတော့တာပေါ့ဗျာ.အဲနေညိုညိုဟင်းချိုချက်ဖို့ ဆူးပုတ်ရွက်ခူးထွက်လာတဲ့မိန်းမတယောက်လဲဒီ
ကောင်ကိုတွေ့ တော့စိတ်ဝင်စားသွားတော့တာပေါ့.ဒီနေရာကလူလည်းပြတ်တော့မထူးပါဘူးလေဆိုပြီးတော့ပေါ့ဗျာ
အဲဒီကောင်လည်းနှပ်နေလိုက်ြပီးမှ.ဟိုမိန်းမကိုအပိုင်ကိုင်တော့တာပေါ့..ဟင်ခင်.ခင်ဗျားကျုပ်ကိုတက်ပြီးစော်ကား
တယ်ခင်ဗျားကို.ရ.ဝ.တနဲ့ တိုင်မယ်လုပ်ပါလေရော.ဒီတော့ဟိုမိန်းမလည်းရဝတတော့မတိုင်ပါနဲ့ ပေါ့သူမွေးထားတဲ့
နွားလေးနှစ်ကောင်ထဲကတကောင်ပေးပါ့မယ်ဆိုပြီကျေအေးလိုက်တာပေါ့ဗျာ.ဒါကြောင့်ငါကနွားကိုဒီလိုမောင်းတာဆို
တော့ဟိုတကောင်ကလည်းသဘောကျသွားတာပေါ့.သူကလည်းနွားလိုချင်နေ.ဟိုမှာကလည်းတကောင်ကျန်သေး
ဆိုတော့.ဒါနဲ့ ပဲသူလဲထန်းရေသောက်ပြီးဆူးပုတ်ပင်တန်းမှာသွားအိပ်နေတော့တာပေါ့.တနေ့ နေ့ တော့ဖြစ်လာ
လိမ့်မယ်ပေါ့.နေ့ တိုင်းဆူးပုတ်ပင်တန်းသွားပြီပြည်တော်သာစီမံကိန်းအကောင်ထည်ဖော်ရတာနဲ့ ကြာရင်အောက်
ပိုင်းလေဖြတ်မတတ်ပေါ့.ဒါပေမဲ့တတ်နိုင်ဘူးဗျာနွားလိုချင်တာကို..အဲဒီလိုနဲ့ တနေ့ မျှော်တုံးမျှော်ဆဲသူလည်းရောက်
လာဆိုဟိုမိန်းမလည်းခုံဖိနပ်သံတညံညံနဲ့ လာပါလေပြီ.အကြံသမားကတော့ရွှေအီကုတ်နဲ့ ဆူးပုတ်တန်ခိုးပြလို့ မာန်
တင်းရင်းဈေးခေါ်နေတော့တာပေါ့.ဟိုမိန်းမကလည်းအကြံသမားဆီကိုတန်းတန်းမတ်မတ်ကြီးကိုလာနေပါပြီ.ဟိုက
လည်းမကြေပွဲနွှဲချင်နေတာကိုး.ဒါကိုဟိုကောင်ကလည်းမရိပ်မိရှာဘူးပစ္စည်းကြော်ငြာရင်းနဲ့ ခုံဖိနပ်သံနီးလာလေလေ
နွားရတော့မယ်ဆိုပြီးကျိတ်ပြီးဝမ်းသာလေလေပဲပေါ့.ဟိုမိန်းမကသူ့ နားကိုရောက်တယ်ဆိုရင်ပဲစီးလာတဲ့ခံဖိနပ်နှစ်
ဖက်ကိုချွှတ်ပြီးလက်နဲ့ ခပ်တင်းတင်းကိုင်လိုက်တယ်.အဲဒီနောက်တော့.ဟဲ့အကောင်အရင်တခါကတော့ငါညံ့လို့ ခံ
လိုက်ရတာ.ဟင်းဒီတခါတော့ဘာရလိမ့်မလဲဆိုတဲ့ပြီးဟိုအကောင်ရဲ့ဈေးခေါ်နေတဲ့ပစ္စည်းကိုခုံဖိနပ်နဲ့ အားရပါးရညှပ်
ရိုက်ထည့်လိုက်တာ.ဘာပြောကောင်းမလဲဗျို့ အကြံသမားလည်းချေဦးတည့်ရာကိုခွေးပြေး.ဝက်ပြေးပြေးရတော့တာ
ပေါ့.ရွာကလူတွေကဘာဖြစ်လာတာလည်းလို့ မေးတာတောင်မဖြေနိုင်ရှာဘူး.ကိုယ့်အကုသိုလ်နဲ့ ကိုမဟုတ်လား..
နောက်တော့ဗျာလူသတင်းလူချင်းဆောင်ဆိုသလိုတနယ်လုံးပြန့် တော့တာပါပဲ.အဲဒီကစပြီးကျနော်တို့ ရွာမှာသူများ
လုပ်လို့ အဆင်ပြေနေတဲ့အလုပ်ကိုနောက်တယောက်ကလိုက်လုပ်မယ်လို့ ကြားရတိုင်း.ပြောတတ်ကြတာကအင်း
သူများလုပ်တုံးကနွားရပေမဲ့ကိုယ့်အလှဲ့ ကြမှတော်ကြာခုံဖိနပ်စုတ်နဲ့ တွေ့ နေဦးမယ်တဲ့..ဒီနေ့ တိုင်ပြောကြတုံးဗျ.
.


No comments:

Post a Comment