Monday, August 29, 2011

ကျနော်လေးဖြူ

ကျနော်နန္ဒာလမ်းလျှောက်ထွက်ကြလို့ ကိုယ့်သားသမီးအရွယ်တူတူမအရွယ်လေးတွေနဲ့ တွေ့ လို့ နုတ်ဆက်ကြရင်
ကျနော့်မဟေသီကိုတော့အံတီနန္ဒာလမ်းလျှောက်လား.ဘာလားပေါ့.အဲကျနော်ကိုတော့ဦးလေးဖြူကြီးတဲ့.အဲသလို
နုတ်ဆက်လိုက်လို့ ကတော့ရွှေခြံသားတို့ ကဘဝင်ကခပ်ကိုင်ကိုင်ရယ်.မြှောက်ပေးမှန်းသိပေမဲ့ပြုံးပြုံးနဲ့ ပဲပေါ့.ငါ့ကို
အဆိုတော်လေးဖြူနဲ့ တူလို့ နေမှာဆိုပြီးထူးလိုက်ရတာဗျာအမောဗျာခြင်းကိုထပ်နေတော့တာပေါ့အဟဲ.စိတ်ထဲမှာ
တော့တွေးမိလိုက်သေး.ပြည်သူတွေမြှောက်စားမှတော့တောက်ကြွားရမဲ့သားပါပေါ့.အဲသူတို့ ကပွဲတောင်းနေမှတော့
ကိုယ်ကလည်းမြို့ မေတ္တာခံယူ.အဲလေအရပ်မေတ္တာခံယူရတော့မှပေါ့လေ.ဒါနဲ့ ပဲအိမ်ပြန်ရောက်ရောက်ချင်းဖျော်ဖြေ
ရေးအစီစဉ်စရတော့တာပေါ့လေလေးဖြူရဲ့ဗွီစီဒီခွေရှာ.မိုက်တွေဘာတွေတပ်ပြီး.ဟဲလိုအသံစမ်းနေပါတယ်ပေါ့.ဟလို
testing 123.ဟဲလိုပေါ့.အဲဒီမှာပဲနန္ဒာရောက်လာပြီးနေပါဦးရှင်ဘာတွေလုပ်နေတာလဲအချိန်မတော်ညကြီးမင်း  
ကြီးမှာ.ဒီတော့ကျနော်လည်းဟနန္ဒာလှိုင်ရမင်းလည်းမကြားဘူးလားလမ်းလျှောက်ထွက်တုံးကငါ့ကိုဦးလေးဖြူကြီး
ဦးလေးဖြူကြီးနဲ့ ဝိုင်းပြီးပွဲတောင်းနေလိုက်ကြတာမင်းလည်းသိသားနဲ့ .ဒီတော့ငါလည်းသူတို့ စိတ်ကျေနပ်လောက်
အောင်တော့လုပ်ပေးရမှာပေါ့ကွမဟုတ်ဘူးလား.ဘာလဲမင်းကငါ့ကိုမယုံတော့ဘူးလား.အသက်ကြီးပေမဲ့မပျက်စီး
သေးပါဘူးကွမင်းလည်းသိသားနဲ့ ပေါ့.ကိုယ်ငယ်ငယ်ကျောင်းတက်နေတုံးကဆိုတညလုံးအဆောင်စဉ်လျှောက်အ
သံနဲ့ နှိပ်စက်.ဟုတ်ပေါင်လိုက်ပြီးဖျော်ဖြေခဲ့တာတွေကိုမင်းလည်းခံစားဖူးခဲ့သားနဲ့ ဟုတ်တယ်ဟုတ်.အဲကျနော်နဲ့ ဝါ
သနာတူစောက်ဆိုးများရဲ့ကောင်းမှုကြောင့်နန္ဒာတို့ တဆောင်လုံးညစဉ်အိပ်ရေးပျက်ခဲ့ရတာတွေကိုပါ.အဟဲကျနော်
နဲ့ ညားပြီးမှသူပြန်ပြောပြတာ.ဒီတော့မှနန္ဒာလည်းဒီမယ်တော်မကြီးမငယ်နဲ့ ထဖို့ တော့မစဉ်းစားနဲ့ တဲ့ .ကျနော်လည်း
သူ့ စကားကြောင့်ကျိတ်ပြီးတော့ပြုံးလိုက်မိတယ်ကျနော်ကကိုယ့်ကိုကိုယ်တော့နဲနဲလေးကြီးတယ်ထင်ထားတာ(အသက်
အသက်)ခုတော့မဟေသီကိုယ်တိုင်ဖွင့်ပြောလာတာတော်မကြီးမငယ်နဲ့ ဆိုတော့အရွယ်တော်ပေါ့ဖစ်ဆိုက်ပေါ့.အမ
လေးဒါဆိုတော်ပါသေးပေါ့ဟုတ်တယ်ဗျလောကကြီးထဲမှာဘယ်အရာမဆိုသိပ်ပြီးအစွန်းရောက်လွန်းရင်ကောင်းတာ
မဟုတ်ဘူးလေ.သိပ်ကြီးလွန်း.သိပ်ငယ်လွန်း.သိပ်လည်လွန်း.သိပ်အလွန်း.အဲဒါတွေကိုပြောတာပါဗျာ.ခုတော့ရွှေခြံသား
လေးအရွယ်တော်ဆိုတော့အဲဒါကိုသဘောကျလို့ ပြုံးတာပါဗျာ.ဒီတော့နန္ဒာလှိုင်ကဆက်ပြီးဒီမယ်တော်ဘာတွေကလီ
ကမာလုပ်ဖို့ စဉ်းစားပြီးပြုံးနေပြန်တာလဲ.တော့်ကိုဘယ်သူကမှလဲသီချင်းတောင်းဆိုထားတာမရှိပါဘူး.ဒီတော့တော်သီ
ချင်းဆိုဖို့ လုံးဝမစဉ်းစားနဲ့ တော့.ကျုပ်တိုက်ဆောက်ဖို့ အတွက်လဲခဲတွေ.အုတ်ခဲကျိုးတွေလဲမလိုသေးဘူးတဲ့.အဲလို
ပဲနန္ဒာလှိုင်ကအားပေးကောင်းတာဗျ.အဲဒါနဲ့ ကျနော်လည်းဟ.ဒါဆိုငါ့ကိုဦးလေးဖြူကြီး..လေးဖြူကြီးလို့ ဘာလို့ ခေါ်လဲ
ပေါ့ဂုတ်ကျားမှန်းသိအောင်ဟောင်ပြ.အဲလေလေးဖြူမှန်းသိအောင်နဲနဲလေးတော့ဟဲပြလိုက်ချင်သေးတာပေါ့လေ.ဘာ
လို့ ခေါ်လဲသိချင်ရင်တဲ့တော့်ကိုတော်မှန်ထဲမှာပြန်ကြည့်လိုက်တဲ့..ဆံပင်ဖြူ.နုတ်ခမ်းမွှေးဖြူ.မုတ်ဆိတ်မွှေးဖြူ.ပါးသိုင်း
မွှေးဖြူ.တာတွေပေါင်းပြီး..လေးဖြူလို့ ခေါ်ကြတာသိပလားတဲ့.အဲလိုနန္ဒာကအကြောင်းစုံရှင်းပြလိုက်ရော.ကျနော်လည်း
အရမ်းတင်းသွားတော့တာပေါ့.အချိန်တန်ပြီကိုဗျနော်.ညရောက်တိုင်းလည်းရွှေခြံသားတို့ ကအမြဲပဲတင်းနေကြပါ.ဂုတ်
ကြောတို့ .ဇက်ကြောတို့ .ဒူးကြော.ပေါင်ကြောစသည်ဖြင့်ပေါ့လေ.အဲလိုအဲလိုတင်းတတ်တာ.ကိစ္စမရှိပါဘူးဗျာဘေးမှာ
အားကိုးစရာနန္ဒာတယောက်လုံးရှိနေတာပဲ.တယောက်ထဲတင်းနေရင်သာမလွယ်တာဗျအဟဲ.ကျနော်ဘယ်လောက်ပဲ
တင်းတင်းနန္ဒာကိုပဲအားကိုးရပါတယ်ဗျာသူကအပြုစုကောင်းတော့တင်းသမျှကိုပြေလို့ .ဒါကြောင့်ရွှေခြံသားတို့ လန်းနေ
ကျနော်လည်းခပ်တင်းတင်းရှိတာနဲ့ နန္ဒာဖက်လှည့်ပြီးထောင်ပေးလိုက်တော့တာပဲပေါ့.တလွဲတော့မထင်လိုက်ကြပါနဲ့ ဗျာ
ဒီလိုကျနော့်နန္ဒာကသဘောကောင်းတယ်ဆိုပေမဲ့သူ့ ယောကျာင်္းကိုထိလာရင်တော့နဲနဲလေးမှသီးခံတတ်တာမဟုတ်ဘူး
တရပ်လုံးနဲ့ တယောက်ထဲလဲလာထားချဲလင်းပဲ.ဒါကြောင့်သူ့ ဘက်ကိုလှည့်ပြီးထောင်လိုက်တယ်လို့ ပြောတာဗျ.အဲလိုအဲလို
ဒီမယ်နန္ဒာ.မင်းယောကျာင်္းကိုအဲဒီလိုမှိုချိုး.မျှစ်ချိုးပြောကြတာကို.မင်းဒီအတိုင်းပဲလက်ခံနေတော့မှာလားလို့ .အဲလိုထောင်
ပေးလိုက်ရော.ဝုန်းဆိုသူလည်းထပြီးတင်းတော့တာပဲဗျို့ .သူတင်းပြီဆိုမှတော့ဖြင့်ရွှေခြံသားတာဝန်ကျလာတော့တာပေါ့
လင်မယားဆိုတာဒီလိုပါပဲလေ.သူတင်းကိုယ်လျှော့.ကိုယ်တင်းသူလျှော့ပေါ့.ဒါနဲ့ ကျနော်လည်းမိုက်ကြိုးလေးအသာဖြုတ်သူ
လက်ထဲအပ်.ပြီးတော့မှ.အလင်းရောင်.အလင်းရောင်..ရင်ခုန်သံတွေနီးစပ်ပါရစေအချစ်ရယ်လို့ နန္ဒာကြားရုံဟဲလိုက်ပြီး
သူတင်းနေတာတွေဆွဲပေး(အဲဂုတ်ကြော.ဒူးကြော.ပေါင်ကြော.အဲ.အဲ)လိုက်ရကြောင်းပါဗျား...

No comments:

Post a Comment