Wednesday, August 24, 2011

ဘယ်သူကပိုသလဲ

တခါတုံးကဘာကိုမှအကောင်းမမြင်တတ်တဲ့လူတယောက်ရှိခဲ့တယ်ဗျ.တနေ့ တော့ခပ်ရိုးရိုးအေးအေးနေတတ်တဲ့
အမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျပါလေရော.ဒီလူဟာနေရာတကာသူလုပ်ရတာမှမဟုတ်ရင်အရာရာကိုအ
ပြစ်မြင်အပြစ်ပြောလေ့ရှိတယ်.သိပ်ကိုအတ္တကြီးတတ်တဲ့လူတယောက်ပေါ့.ရထားတဲ့မိန်းမကလည်းအေးအေးဆို
တော့အမြဲပဲချီးတုံးခွေးနိုင်ဆိုသလိုပဲပေါ့ဗျာ.ကြာလာတော့သူ့ မိန်းမမပြောနဲ့ ဘေးကလူတွေတောင်သီးမခံနိုင်ဖြစ်
လာတော့တာ.တနေ့ တော့မိန်းမလုပ်သူကအလုပ်တခုလုပ်နေတယ်.မကောင်းမြင်ဝါဒသမားကတော့ဘာမှကူမ  
လုပ်တဲ့အပြင်ဘေးထိုင်ဘုပြောဒါပဲတတ်တာ.အဲဒီမှာတင်သူ့ ဝသီအတိုင်းအပြစ်ပဲစပြောတော့တာပေါ့.ဟဒါလေးများ
မလုပ်တတ်ဘူးလား.ဟာညံ့လှချီလားကွဟေ.ဟောဟောပြောရင်းဆိုရင်းနဲ့ ကိုညံ့ပြန်ပါပြီလို့ တရစပ်ပဲပြောတော့တာ
ပေါ့.မိန်းမလုပ်သူကအလုပ်ကိုခဏနားလိုက်ပြီး.သူ့ ယောကျာင်္းကိုလှည့်ကြည့်လိုက်တယ်.တင်းတော့အတော်တင်းနေ
ပြီပေါ့.ဒါပေမဲ့တော်တော်သီးခံရှာပါတယ်..သူကသီးခံနေပေမဲ့လို့ ဟိုအကောင်ကတော့ဆက်ရန်ရှိသေးသည်ဆိုသလို
ငါလေမင်းကိုယူမိတာများမှားပါတယ်ကွာ.မင်းဟာငါထင်ထားတာထက်တောင်ပိုပြီးညံ့နေပါရောလားကွဟေ.ငါ့စိတ်ထဲ
မတော့မင်းထက်ညံ့တဲ့သူတောင်မင်းလောက်တော့ညံ့မယ်မထင်ဘူးလို့ ပြောလိုက်တယ်ဆိုရင်ပဲ..မိန်းမလည်းဆက်သီး
မခံနိုင်တော့တာကြောင့်လုပ်လက်စအလုပ်ကိုဝုန်းကနဲပြစ်ချလိုက်ပြီး..ဒီမယ်.ဒီမယ်လောကကြီးထဲမှာအလွန်တော်တဲ့
တတ်တဲ့မိန်းမတွေအများကြီးရှိတယ်ဆိုတာဟုတ်သလားလို့ မေးလိုက်တယ်ဆိုရင်ပဲ..ဟိုအကောင်ကသိပ်ဟုတ်တာပေါ့
ကွာမင်းနဲ့ ယှဉ်လိုက်လို့ ကတော့အားလုံးဟာအတော်တွေဘဲကွ..အဲဒီမှာတင်ဟိုမိန်းမကပြန်ပက်တော့တာပဲဗျို့ .ချကွ
ရွှေခြံသားတို့ ကလည်းဘေးကနေအမြင်ကပ်နေတာကြာပြီပေါ့..အဲဒီလောက်တော်တဲ့.တတ်တဲ့မိန်းမတွေအများကြီးရှိ
တဲ့ အထဲကနေမှ.ကျုပ်လိုအညံ့ဆုံးမိန်းမတယောက်ကိုပဲရအောင်ယူနိုင်တယ်ဆိုကတည်းကရှင်အရမ်းကိုညံ့လိုဆိုတာ
သဘောပေါက်..အဲဒါရှင်အရမ်းကိုညံ့လို့ .တော်တော်လေးကိုညံ့လို့ တဲ့..ကဲမှတ်ကရော.                                   
(သက်ရောက်မှုတိုင်းမှာတူညီတဲ့တန်ပြန်သက်ရောက်မှုတွေရှိကြောင်းနဲ့ .ယခုလက်ရှိလက်ဝယ်ပိုင်ဆိုင်ရရှိထားသော
အရာအားလုံးထက်မရသေးသောအရာများကပိုကောင်းသည်ထင်တတ်သောလူ့ သဘောသဘာဝကိုတင်ပြလို၍ဒီပိုစ့်
လေးကိုတင်ပါတယ်).IF i devalue you..i devalue my self..တဲ့..

No comments:

Post a Comment