Sunday, August 14, 2011

တရားခံဘယ်သူလဲဟေ့

တခါကဘုန်းလက်ရုံးနဲ့ ပြည့်စုံတဲ့ဘုရင်ကြီးတပါးဟာမောင်းမစစ်သည်ဗိုလ်ပါပြစုံစွာနဲ့ တိုင်ပြည်အနှံ့ ဖောင်စကြာင်္
နဲ့ တိုင်းခန်းလှည့်လည်တော်မူရင်းမိကျောင်းတွေကျက်စားတဲ့မြစ်ထဲမှာခဏတာနားနေတော်မူရင်းနဲ့ ပေါ့.သူ့ စစ်
သည်ဗိုလ်ပါတွေတွေကိုဘယ်လောက်ရဲရင့်မှုရှိလဲသိချင်တာနဲ့ သူစစ်သည်ဗိုလ်ပါတွေထဲကမြစ်ထဲရေဆင်းကူးရင်း
ဖောင်တော်ဆီကိုဘေးကင်းရန်ကင်းပြန်ကူးလာနိုင်ရင်သီဟသူရရေကူးချန်ပီယံဘွဲ့ ချီးမြှင့်ပြီးသူကောင်းပြုမယ်လို့ 
ပြောလိုက်ရင်ပဲထုံးစံအတိုင်း.မှန်လှပါဘုန်းတော်ကြောင့်ဆိုပြီး..နောက်ဘာစကားမှထွက်မလာကြတော့ဘူးပေါ့ဗျာ
ကြုံတုန်းပြောရဦးမယ်.အဲဒီလိုမြှောက်ပေးပြီးစားလာဝါးလာတာဒီခေတ်မှမဟုတ်ဘူးဗျ.ဒါထုံးစံလေ.ဘုရင်ကြီးလည်း
ဘယ်သူများရေထဲဆင်းပြီးအစွမ်းပြမလဲလို့ စောင့်နေသေးတာပေါ့.ဒါပေမဲ့ဘာလျှောက်တင်သံမှထွက်မလာတဲ့အ 
တွက်ဘုရင်လည်းအတော်တင်းသွားပြီ.ကြိမ်းတော့တာပေါ့.ဒီလောက်မူးမတ်ဗိုလ်ပါအများကြီးကြားမှရေထဲဆင်းကူး
ရဲတဲ့သူတယောက်မှမရှိဘူးလားကွလို့ လည်းပြောလိုက်ရော.ရေထဲကိုဝုန်းကနဲ့ ခုန်ချလိုင်တဲ့အသံကိုကြားလိုက်ရ
တော့တာပေါ့.ဒီတော့မှပဲမှုးကြီးမတ်ရာတွေလည်းစိတ်သက်သာရာရသွားတော့တာပေါ့.လူမိုက်တယောက်ရလိုက်
လို့ လေ.ဒါနဲ့ ပဲသူ့ ကိုဝိုင်းပြီးအားပေးကြတော့ဗျာ(အိုမန်နဲ့ မြန်မာဘောလုံးပွဲလိုတော့ဟုတ်ဘူး).အဲမြန်မာကွ.တို့ ဗ
မာသာကီမျီုးကွ.အဲအဲနောက်ပြီးအာရှမှာမြန်မာကသာ...ဒါတွေနဲ့ စုံနေတာပေါ့ဗျာ.ကိုယ်တိုင်မှဆင်းပြီးမကူးရဲတာ
ကိုနော်.ကျနော်တို့ လူမျိုးကဒါမျိုးကြတော့သိတ်တော်တာကိုယ်မလုပ်ရပြီးရောပေါ့ရေထဲကလူကတော့ခွေးကူးနွား
ကူး.မျောက်ကူး.ဖားကူးအစုံသုံးပြီးမိကျောင်းရန်ကလွတ်အောင်ကူးနေရာဗျို့ .ဒီလိုနဲ့ ဖောင်စင်္ကြာနားရောက်လာမှ
အပေါ်ကလူတွေဝိုင်းဆွဲတင်လို့ ဖောင်ပေါ်ရောက်လာတယ်ပေါ့.အပေါ်ရောက်လာတယ်ဆိုရင်ပဲမိကျောင်းလိုက်လို့ 
ကြောက်တဲ့စိတ်ရောရေကူးရလို့ ပင်ပန်းတာရောပေါင်းပြီးတန်းဖလက်ပြသွားတော့တာပဲပေါ့ဗျာ.ဒီမှာတင်ဘုရင်ကြီး
လည်းသူပေးထားတဲ့ကတိအတိုင်းသီဟသူရဘွဲ့ ပေးဘို့ ချက်ချင်းစီစဉ်ရတော့တာပေါ့ဗျာ.အမိန့် အမှတ်၁/၂၀၁၁
ဘာညာနဲ့ ပြန်တမ်းထုတ်ပေါ့.ဒါပေမဲ့သူရဲကောင်းကြီးကတော့ဘာဆိုဘာမှမသိဖလက်ပြလို့ ကောင်းနေတုံးပေါ့.အစီ
စဉ်အရသူရဲကောင်းကြီးမှကျေးဇူးတင်စကားပြောကြားပေးပါရန်ဆိုတဲ့အထိဘာဆိုဘာမှမသိဖလက်ပြကောင်းနေ
တုံး.အဲဒီတင်မှအမြင်မတော်တဲ့လူနှစ်ယောက်ကဝိုင်းပြီးဆွဲထူပေးလိုက်ပြီး..ဟေ့လူစကားလေးဘာလေးပြောလိုက်
လေဗျာဆိုတော့မှ.သူပြောလိုက်တဲ့စကားက(စောစောကဘယ်မအေ...ငါ့ကိုရေထဲတွန်းချလိုက်သလဲကွဟေ..?)
                      ပျှော်ရွှင်စွာရယ်မောခြင်းဖြင့်..ဘဝအမောတွေပြေပျောက်နိုင်ကြပါစေဗျာ..

No comments:

Post a Comment