Tuesday, August 23, 2011

ပိုတောင်ပိုသေးတယ်

ဒါကတော့ရွှေခြံသားငယ်ငယ်ကအကြောင်းလေးပေါ့ဗျာ.အဲကျနော်တတိယနှစ်စက်မှုကျောင်းဘဝကပေါ့.ကျောင်း
ပိတ်တုံးအိမ်အလည်ပြန်တုံးဖေဖေကပြောတယ်..ငါ့သားကြီးရာမင်းရောက်တုံးဆိုင်ကယ်လေးကြည့်ပေးစမ်းပါဦးစက်
သံသိပ်မကောင်းဘူးပေါ့.အင်ဂျင်နီယာကျောင်းသားကြီးကျနော်ကိုပညာစမ်းချင်တာလား.အားကိုးချင်တာလားမသိ
ဘူးဗျ.ရွှေခြံသားလည်းဘာရမတုံးဗျအစွမ်းပြရတော့တာပေါ့ဗျာ.overallကိုင်လိုက်ရမလားဖေဖေဆိုတော့..ဖေဖေ 
လည်းဟာကောင်းတာပေါ့ငါ့သားရာချကွတဲ့..အိမ်မှာကလည်းစက်ပြင်ဘို့ အတွက်လိုအပ်တဲ့boxspannerတို့ တခြား
လိုအပ်တာမှန်သမျှအားလုံလည်းရှိနေတာဆိုတော့ချက်ချင်းပဲလက်စွမ်းပြတော့တာပေါ့ဗျာ.မကြာပါဘူးဆိုင်ကယ်တ 
စင်းလုံးတစစီဖြစ်သွားတော့တာပေါ့.ရွှေခြံသားကွအဟဲ.ဒီထိတော့အေးအေးဆေးဆေးပေါ့ဗျာ.ဖေဖေလည်းသား  
တော်မောင်အစွမ်းတွေကိုကြည့်ပြီးအားရနေတာပေါ့ဗျာ.အဲအကြောင်းမှမသိသေးတာကို..ပြီးတော့အားပေးသေး
တယ်.အားလုံးစစ်ကြည့်ပြီးသွားရင်လိုအပ်တာရှိလဲပြောပေါ့ကွာတဲ့.ဒါနဲ့ ရွှေခြံသားလည်းအကုန်လုံးသေသေချာချာ
စစ်ရတော့တာပေါ့..အင်းဒါကတော့ကောင်းတယ်.ဒါကတော့ကိစ္စမရှိဘူး..ဒါကတော့ဒီတိုင်းပြန်ထည့်ဆိုပြီးတော့လုပ်
ချလိုက်တာ..စစ်ဆေးရေးပြီးတော့မကြာခင်မှာပဲပြန်လည်တတ်ဆင်ရေးအပိုင်းကိုစတော့တာပေါ့ဗျာ.ဆိုင်ကယ်တ
စင်းလုံးလည်းပြန်တပ်ပြီးလို့ ရုပ်လုံးပေါ်လာရောဖြုတ်ချခဲ့တုံးကပစ္စည်းအသေးမွှားလေးတွေထည့်တဲ့ဆီခံတဲ့ကန်ထဲ
မှာဆိုင်ကယ်နဲ့ ဆိုင်တဲ့နတ်တို့ .မူလီတို့ .ဝါရှာတို့ စသည်ဖြင့်ပေါ့လေသေးသေးမွှားမွှားလေးတွေတော်တော်များများ
ပိုနေတာကိုတွေ့ လိုက်ရတော့တယ်.အဲဒီမှာပဲဖေဖေရောက်လာပြီး..ဘယ်လိုလဲကွသားရ.ဘာတွေလိုအပ်လဲလို့ မေး
ပါလေရော.ဒီအခါမှာကျနော်လည်းဆီကန်ကိုလက်ညိုးထိုးပြလိုက်ပြီး.ဘာမှကိုမလိုပါဘူးဖေဖေ..ဖေဖေမြင်တဲ့အတိုင်း
ပိုတောင်ပိုသေးတယ်လို့ ပြောလိုက်တယ်.အဲဒီတော့မှပဲဖေဖေလည်းသဘောပေါက်သွားပြီး.ကိုင်းကိုင်းငါ့သားပိုတာ
လေးတွေကိုစုပြီး.ဆိုင်ကယ်ကိုပြင်တဲ့ဆိုင်သာတွန်းပြီးအမြန်သွားပို့ လိုက်တော့လို့ ပြုံးပြီးပြောလိုက်တော့တယ်.    
(သားသမီးအပေါ်ယုံကြည်မှု.ခွင့်လွှတ်နားလည်မှု.များစွာဖြင့်ချစ်ခင်ပြုစုသွားခဲ့သောကွယ်လွန်သူကျေးဇူးရှင်ဖခင်ကြီး ဦးဖေညွှန့် အားလွမ်းဆွတ်သတိရစွာဖြင့်ဒီပိုစ်လေးကိုတင်ပါတယ်).မတော်တဆရွှေခြံမြို့ ကိုရောက်ခဲ့လို့ ဆိုင် 
ကယ်ပြင်လိုရင်.ရဲမြင့်အောင်(ရွှေခြံသား)ဆိုတဲ့ဆိုင်ကိုဝေးစွာရှောင်ကြ.ရှားကြပါကုန်..                                   
                                                                                                       ပျှော်တတ်တဲ့ရွှေခြံသား

No comments:

Post a Comment