Monday, January 23, 2012

တောင်သာတောင်

ဒါလေးကတော့ကျနော်အဝေးကွင်းမှာနေခဲ့စဉ်တုံးကညီအကိုလိုခင်မင်ခဲ့ဘူးတဲ့မွန်လေးတယောက်ကျနော်အိမ်ကို
အလည်ပြန်တုံးကသူရဲ့အလုပ်ကိစ္စနဲ့ ရွှေခြံသားတို့ မြို့ ကိုအလည်လာရင်းကြုံခဲ့ရဘူးတာလေးပါဗျာ.ဒီလို.ကျနော်အ
လည်ပြန်ရောက်တယ်ကြားရင်ပဲဒုက္ခမပေးရတာကြာလို့ ထင်ပါရဲ့ဗျာ.အိမ်တိုင်ယာရောက်ရောက်လာတော့တာပဲဗျို့ 
ဒီတော့လဲအိမ်ရှင်ဝတ္တရားအတိုင်းတာဝန်ကျေရတော့တာပေါ့ဗျာ.ရွှေခြံမြို့ ကရောက်သင့်တဲ့နေရာလေးတွေ.သိသင့်
တာလေးတွေလိုက်ပို့ ရင်းနှစ်ရက်သုံးရက်ရှိတော့ပြန်တော့မယ်ပေါ့.ရွှေခြံသားလဲတာဝန်ကျေအောင်ငါ့ညီဘာတွေ
လုပ်ချင်တာရှိသေးလဲပြောစရာရှိတာပြောအားမနာနဲ့ ပေါ့.ဒီလိုပြောလိုက်တယ်ဆိုရင်ပဲညီတော်မောင်ကအကိုအပန်း
မကြီးဘူးဆိုရင်တဲ့..တောင်သာမြို့ ကတောင်သာတောင်ဆိုတဲ့နေရာကိုသွားချင်တယ်တဲ့.မဝေးဘူးဆိုရင်ပေါ့တဲ့.ဒီတော့
ရွှေခြံသားလဲ..ဟာတောင်သာနဲ့ မြင်းခြံဆိုတာရေအိုးနဲ့ ရေမှုတ်လိုပဲကွာနီးနီးလေးပဲပေါ့.ဒါနဲ့ ဘာလုပ်စရာရှိသေးလို့ လဲ
မေးရတာပေါ့ဗျာ.ဒီမှာတင်နန္ဒာလှိုင်လဲ..ဟဲ့တောင်သာတောင်မှာဘာရှိတာမှတ်လို့ မင်းကဘာလုပ်ဖို့ သွားမှာလဲပေါ့.အဲ
ဒီမှာတင်ညီတော်မောင်လဲစပ်ဖြဲဖြဲနဲ့ ဘာရယ်ညာရယ်တော့မဟုတ်ပါဘူးအမရာဗဟုသုတပေါ့တဲ့.ဒီတော့လဲနန္ဒာလှိုင်လဲ
မနက်ဖြန်တောင်တက်ခရီးအတွက်အစီစဉ်လုပ်ရတော့တာပေါ့ဗျာ.ကျနော့်ကိုလဲထုံးစံအတိုင်းမေးတော့တာပေါ့.ဘာလဲ
တော့်အတွက်အဖုတ်ပဲလုပ်ပေးရမှာလားတဲ့.ဒီတော့ရွှေခြံသားလဲအေးပေါ့ကွာလို့ ပြောလိုက်ရင်ပဲ..နန္ဒာလှိုင်လဲသူ့ အဖုတ်
ကိစ္စအတွက်မီးဖိုဆောင်ဖက်ကိုချီတက်တော့တာပေါ့ဗျာ.ဒီတော့မှညီတော်မောင်လဲဟာအကိုကြီးရဘယ်လိုလဲအမကကြမ်း
လှချီလားပေါ့.ဒီတော့မှရွှေခြံသားလဲရှင်းပြရတော့တာပေါ့လေ.ဒီလိုကွပေါ့မင်းအကိုကြီးကလည်းကျန်းမာရေးကသိပ်ကောင်း
တာမဟုတ်ဘူးလေ.ဒီတော့ကျန်းမာရေးကိုဂရုစိုက်ရတောပေါ့ကွာ.မင်းအမကလဲအညာသူဆီစက်ပိုင်ရှင်သမီးဆိုတော့ဆီ
သုံးတာကရေချိုးသလိုပဲလေဒီတော့ကျန်းမာရေးအရမင်းအမချက်တဲ့ဟင်းကိုနဲနဲပဲစားပြီး.အကိုကြီးအတွက်အထူးအနေနဲ့ အ
ဖုတ်လုပ်ခိုင်းရတာကွ.အိမ်ထောင်ကျကတည်းကအဖုတ်ကိုနေ့ စဉ်အမှန်တကယ်စားသုံးလာလိုက်တာဒီနေ့ ထိပဲဆိုပါတော့
ကွာပေါ့.ဒါကြောင့်မို့ မင်းအကိုကြီးလဲကိုလက်စတောတွေနဲပြီးအဆီကျအသားကျစ်ပြီးစလင်းဘော်ဒီဖြစ်နေတာပေါ့လို့ ပြော
လိုက်တော့မှသဘောပေါက်သွားတော့တယ်လေ.ဘော်ဒါတွေအတွက်လဲကျန်းမာကောင်းစေမဲ့အစားသောက်အဖြစ်အဖုတ်
ကိုနေ့ တိုင်းစားသုံးပါလို့ အကြံပေးချင်ပါတယ်နော်.ကျနော်ရွှေခြံသားရဲ့ကိုယ်တွေ့ နေ့ စဉ်အဖုတ်စားသုံးခြင်းကြောင့်ရနိုင်တဲ့
ကျန်းမာရေးအကျိုးကျေးဇူးတွေကိုနောက်မှ(အဖုတ်စားသုံးခြင်းရဲ့ကိုယ်တွေ့ အကျိုးကျေးဇူးများ)ဆိုပြီးဆောင်းပါးတပုဒ်ရေးပါ
ဦးမယ်.စောင့်မျှော်အားပေးကြပါကုန်.အဓိကတော့ကိုလက်စတောကိုနဲစေပြီးသွေးတိုး.နှလုံး.လေဖြတ်.အဝလွန်တာတွေကို
ကာကွယ်နိုင်ပါတယ်ဗျာ.ကျနော့်နန္ဒာလှိုင်လဲကျနော်နဲ့ ရကတည်းကနေ့ စဉ်ကျနော့်အတွက်အဖုတ်လုပ်ပေးနေရတော့သူလဲ
အခုဆိုအဖုတ်နဲ့ ပတ်သက်လို့ ကတောကျွမ်းသလားမမေးနဲ့ လေ.အဖုတ်ဆရာမကြီးကိုဖြစ်လို့ ပေါ့အဟဲ.ရွှေခြံသားရဲ့ကောင်း
မှု.ကောင်းမှု..အမဲခြောက်ဖုတ်မလား.ငါးရံ့ခြောက်ဖုတ်မလား.ကြိုက်တာကိုရွေးစမ်းကိုယ့်လူဆိုသလိုပေါ့.ကန်စွန်းဥ..ပိန်းဥ
ပြောင်းဖူးကြိုက်တာသာဖုတ်နန္ဒာလှိုင်တို့ ကတော့ဆရာမကြီးပဲလေ..အဲဒီလောက်ကိုကျွမ်းနေတာ.အဖုတ်လိုင်းနဲ့ ပါတ်သက်
လို့ ကတော့မယှဉ်နဲ့ လေ.ရွှေခြံသားတို့ ကံကောင်းပုံများပြောပါတယ်.နန္ဒာတို့ ဖုတ်လိုက်ပြီဆိုမှဖြင့်တခါထဲနီရဲပြီးကြွရွနေတာ
ပဲလေ.လုံးဝကျွမ်းတာတူးတာမဖြစ်ဘူးဗျအဲတခုတော့သတိပေးရဦးမယ်လေအဖုတ်ကိုအမှန်တကယ်စားသုံးမယ်ဆိုရင်တော့
မီးကျွမ်းတာတူးနေတာကိုတော့လုံးဝရှောင်ရမယ်လေ.ကင်ဆာဖြစ်တတ်တယ်တဲ့ဗျ.ကျွမ်းနေပြီဆိုရင်တော့ဝေးဝေးကသာ
ရှောင်ပေတော့နော်.ကျနော်ကတော့နန္ဒာလှိုင်လက်ရာကိုစိတ်ချလက်ချစားနိုင်တယ်လေ.အင်းစားပြီးရင်းစားချင်ဖြစ်ရတဲ့အ
ကေကြာင်းကအဖုတ်ကချိုနိုင်လို့ လား.အဲလေအဲလေ.ငါးခြောက်ကချိုနိုင်လို့ လားလိုတောင်သီချင်းလေးဟဲရမလိုဗျ.ကျနော်
နန္ဒာလှိုင်ကလဲဒီလိုင်းကိုကျွမ်းတော့ရွှေခြံသားလဲဒီလိုစဉ်းစားမိလာတယ်လေ.ခုဆိုကျနော်တို့ ဆီမှာစကာင်္ပူစတိုင်.ကိုရီးယား
စတိုင်အကင်ဆိုင်တို့ အသုပ်ဆိုင်တို့ စီးပွှားဖြစ်နေကြတော့ကျနော်လည်းမြန်မာပီပီမြန်မာစားသောက်လေးတွေကိုကျန်းမာ
ရေးနဲ့ အညီစားသောက်နိုင်ဖို့ မြန်မာအမျိုးသားစစ်စစ်ပိုင်တဲ့မြန်မာအဖုတ်ဆိုင်တဆိုင်လောက်ကိုဝန်ဆောင်မှုကောင်းလေး
တွေနဲ့ ဖွင့်ရကောင်းမလားစဉ်းစားမိတယ်လေ.ရွှေခြံသားအညာအဖုတ်မျိုးစုံရနိုင်ပါသည်ပေါ့.အားပေးကြမယ်မဟုတ်လားဗျာ
ကန်စွန်းဥ.ပိန်းဥ.ပြောင်းဖူးတို့ ပေါ့ဗျာအညာစာစစ်စစ်လေးတွေပါ.အင်းရွှေခြံသားလဲနန္ဒာလှိုင်အဖုတ်တော်ကြောင်းကြော်ငြာ
နေရတာနဲ့ ဘယ်ရောက်ကုန်ပါလိမ့်ဗျာ.အဲနန္ဒာလှိုင်လဲကျနော်တို့ တောင်တက်ခရီးအတွက်စားစရာငါးရံ့ခြောက်ဖုတ်..အမဲ
ခြောက်ဖုတ်.စတာတွေကိုလက်စွမ်းပြဖုတ်ပေးလိုက်ပြီးလ္ဘက်သုပ်နဲ့ ရေနွေးကြမ်းစတာတွေကိုစီစဉ်ပေးလိုက်တယ်ကျနော်လဲ
ညီတော်မောင်တောင်တက်ခရီးအတွက်မှတ်တမ်းတင်ရအောင်လက်စွဲတော်ကင်မရာကိုဆွဲရင်းနန္ဒာလှိုင်စီစဉ်ပေးလိုက်တဲ့
စားစရာအဖုတ်မျိုးစုံကိုဆွဲထွက်လာတော့ညီတော်မောင်ကအဲဒါဘာတွေလဲမေးတာနဲ့ ဒို့ တောင်တက်ခရီးအတွက်ရိက္ခာလေ
ကွာဆိုတော့ဟိုကောင်မျက်နှာကတော့စပ်ဖြဲဖြဲလေဒါနဲ့ ပဲကျနော်တို့ နှစ်ယောက်လဲမနက်စောစောပဲဆိုင်ကယ်နဲ့ တောင်သာ
မြို့ ဆီချီတက်ခဲ့ကြတယ်ပေါ့ဗျာမြင်းခြံကထွက်လို့ မကြာခင်မှာပဲတောင်သာတောင်ကြီးကိုအဝေးကနေလှမ်းပြီးမြင်နေရပြီပေါ့
ဗျာ.ဒါနဲ့ ကျနော်လဲညီတော်မောင်ကို.ဟောဟိုမှာလှမ်းပြီးမြင်နေရတဲ့တောင်ကြီးဟာမင်းသွားချင်တဲ့တောင်သာတောင်ပေါ့ကွ
ဆိုတော့သူကမေးတယ်ဗျ.အဲဒီကကောင်မလေးတွေချောလားအကိုတဲ့.ဘာရမလဲရွှေခြံသားပဲ.ခွင်တည့်တုံးလေးရွှေညာသူ
အချောအလှတွေအကြောင်းဖွင့်တော့တာပေါ့လေဆိုင်ကယ်စီးရင်းပြောနေတာဆိုတော့သူပြောတာကိုမကြားတချက်ကြား
တချက်နဲ့ ပေါ့ဗျာဒီလိုနဲ့ ချီတက်လာလိုက်ကြတာတောင်သာမြို့ ထဲရောက်ဆိုပါတော့ဗျာဒါနဲ့ ဆိုင်ကယ်လဲနားရင်းတောင်
သာတောင်ကိုလဲတက်ရဦးမှာဆိုတော့ဒီဒေသကိုကျွမ်းကျင်တဲ့သူတယောက်ပါမှသင့်မယ်ထင်တာနဲ့ လ္ဘက်ရည်ဆိုင်မှာထိုင်
ရင်းလူရှာမယ်ဆိုပြီးတွေ့ တဲ့ဆိုင်မှာလ္ဘက်ရည်နဲ့ စားစရာတွေမှာစားပြီစကားပြောကြည့်တော့မှညီတော်မောင်သွားချင်နေတဲ့
တောင်သာတောင်ဆိုတာကိုသဘောပေါက်တော့တာပဲဗျိုသူသွားချင်နေတဲ့တောင်သာတောင်ဆိုတာဟိုသစ်ပင်တွေဝါးပင်
နဲ့ တောင်မဟုတ်ဘူးတဲ့ဗျ.ဟီးဟီးဟိုဗျာ.ကျနော်တို့ တက်ချင်နေကြတဲ့ဟိုတောင်ဟိုတောင်ဒါနဲ့ ရွှေခြံသားလဲညီတော်မောင်
ကိုခဏထားခဲ့ပြီးဆိုင်နောက်ထဲကိုဝင်မြို့ ခံတယောက်ကိုလက်တို့ ပြီးတော့မေးရဦးမယ်လုပ်ရတော့တာပေါ့လေဒီမှာညီလေး
မင်းတို့ ဆီမှာတောင်သာတောင်ဆိုတာရှိလားပေါ့မေးလိုက်တယ်ဆိုရင်ပဲသူလဲကြောင်တောင်တောင်နဲ့ ဖြစ်သွားပြီးဟာအကို
ကြီးကလဲတောင်သာတောင်ဆိုတာဟောဟိုကမြင်နေရတာတောင်ကြီးဟာတောင်သာတောင်ပေါ့တဲ့.ဒါနဲ့ ရွှေခြံသားလဲ.ငါ့ညီ
ရာအကိုကမြင်းခြံကပါမင်းပြောတဲ့တောင်သာတောင်ကိုတော့သိတာပေါ့လို့ .အကိုမေးတဲ့တောင်သာတောင်ဆိုတာဟိုကွာ..
မင်းတို့ ဆီမှာဒို့ ယောင်္ကျားတွေသာတက်လို့ ရတဲ့ဟိုတောင်သာတောင်လေကွာလို့ ရှင်းပြလိုက်တော့မှသဘောပေါက်တော့
တယ်လေ.ပြီးတော့မှအကိုနဲ့ ပါလာတဲ့ဧည့်သည်ကတောင်သာမြို့ ကိုရောက်တုံးလေးအဲဒီတောင်သာတောင်ဆိုတာကိုတက်
သွားချင်လို့ အကူညီပေးပါဆိုတော့မှအဆင်ပြေသွားတာဗျအဟဲ.ဒါနဲပဲညီတော်မောင်ကိုသူနဲ့ ထည့်ပေးလိုက်ရင်းရွှေခြံသား
လဲတယောက်ထဲကျိတ်ပြီးဒေါကန်နေမိတယ်လေ.ညီတော်မောင်တောင်သာတောင်ကိုတက်ချင်တဲ့အကြောင်းကလဲဒီလိုဗျ.
သူနဲ့ ခင်တဲ့တောင်သာသားတယောက်ကပြောတယ်တဲ့ဗျ.သူတို့ မြို့ ကိုရောက်ရင်တဲ့တောင်သာတောင်ဆိုတဲ့နေရာကိုတော့
ရောက်အောင်သာသွားခဲ့တသက်မေ့မရနိုင်အောင်ဖြစ်သွားရမယ်လို့ ပြောထားလို့ တဲ့ဗျကောင်းကြရောနော်.သူတို့ နောက်
လိုက်တာပြသာနာမရှိပေမဲ့.လူကဲခတ်ညံ့ခဲ့တဲ့ရွှေခြံသားတယောက်တော့အကွက်မသိတော့ဆက်ရက်ကိုဂျိုးထင်ပြီးတောင်
သာတောင်အတွက်ဆီကုန်ဘီးပွန်းခံပြီးတောင်သာမြို့ ထဲရောက်ခဲ့ရပါလေပြီ.သူဆိုလိုတဲ့တောင်သာတောင်ကိုသာရွှေခြံသား
ခပ်စောစောသဘောပေါက်ခဲ့မယ်ဆိုရင်တော့ကိုယ့်ဆီမှာလဲတောင်သာတောင်တွေပြည့်လို့ ပေါ့ကွာလို့ ဟင်း.ကိုယ့်မြို့ ကိုယ့်
ရွာဆိုတော့လဲသူများကိုအားကိုးစရာမလိုတော့ဘူးမဟုတ်ပါလား.ရွှေခြံသားတို့ ကလဲဒီလိုင်းဆိုကျွမ်း.အဲလေယောင်သွားလို့ 
လမ်းကိုပြောတာပါဗျာနော်.ခုတော့ဗျာရွှေခြံသားတယောက်တောင်သာတောင်တက်သွားနေတဲ့ညီတော်မောင်ကိုစောင့်ရင်း
တလိပ်လိပ်တက်နေတဲ့ဒေါသတွေကိုရေနွေးနဲ့ မျှောချပြီး.အင်းနောက်တခါတောင်သာတောင်သွားချင်တဲ့ကောင်ဆိုရင်တော့
ရွှေခြံသားနဲ့ တွေ့ ကြသေးတာပေါ့ကွာလို့ ကြိမ်းဝါးရင်း..အော်တောင်သာတောင်..တောင်..သာ..တောင်..မင်းငါ့ကိုဒုက္ခပေး
လှချီလားတောင်သာတောင်ရယ်ဟုသာညီးတွားနေယုံမှတပါး....အခြားမရှိတော့ပါပေ.
.(မထင်တာတွေဖြစ်တတ်တဲ့လူ့ သဘောသဘာဝနဲ့ ကျန်းမာရေးအတွက်အဆီစားသုံးမှုရှောင်ကျဉ်ပြီးအဖုတ်စားသုံးနိုင်ကြ
စေဖို့ ဒီပိုစ့်လေးကိုတင်ပါတယ်ဗျာ)..အားလုံးငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေလို့ ..ပျှော်တတ်တဲ့ရွှေခြံသား

No comments:

Post a Comment