Tuesday, January 24, 2012

ဒီမိုဒယ်ကအသစ်ကွ

ဒါလေးကတော့ရွှေခြံသားတို့ ရွာကနံမည်ကျော်ကြီးမိုက်ကြီးတယောက်အကြောင်းပေါ့ဗျာ..ဘကြီးကွန်းလို့ ခေါ်တယ်
ငယ်ငယ်ကတော့ဗျာ.မိဘဘိုးဘွားတွေကမြေရှင်ယာရှင်.ဘုရားဒါယိကာကျောင်းအမတွေဆိုတော့တောဓလေ့စရိုက်အရ
ရွာနီးချုပ်စပ်ပါတ်ဝန်းကျင်မှာတော့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့ဗျာ.အင်းနှင်းဆီခိုင်ကြီးကလဲမိဘအရှိန်အဝါလေးက
လဲရှိပြန်.နဂိုကတည်းကလဲဇလေးကပါလာတော့ရွာစဉ်တလျှောက်ပါတ်ပြီးကြမ်းတော့ရမ်းတော့တာပဲပေါ့ဗျာ.ပျိုပျိုအိုအိုအ
စုံမက်တဲ့ယိုစုံပိညက်ဆိုတာသူပဲပေါ့ဗျာ.သူကြိုက်လို့ ကတော့အပျိုအိုမရွေးဘူးသူနဲ့ မကင်းသလောက်ကိုပဲတဲ့.သူပြောတာ
ပဲဗျာ.ဒါကိုလဲပြန်ပြောတိုင်းဂုဏ်ယူနေတုံးပဲဗျ.နှင်းဆီခိုင်ကြီးလဲရွာစဉ်တလျှောက်ပါတ်ကြမ်းလိုက်တာသူ့ ဆူးကတော့ဟိုငြိ
သည်ငြိနဲ့ ပေါ့ဗျာ.မိဘအရှိန်ဝါလေးနဲ့ ဆိုတော့လဲတော်ရုံကတော့ပြသာနာမရှိဘူးပေါ့လေ.နောက်ဆုံးတော့ကြတော့မှပဲမ
လှုပ်နိုင်တဲ့ချုံနဲ့ ငြိသွားတော့မှပဲနှင်းဆီခိုင်ကြီးလဲအရှိန်ကုန်သွားတော့တာပေါ့ဗျာ...အချိန်တန်အိမ်ထောင်ကြတော့မှပဲဘ
ကွန်းတို့ နဲနဲတော့ငြိမ်သွားတယ်ပြောရမယ်ဗျ..မငြိမ်လို့ လဲမရဘူးလေသူ့ မိန်းမဆိုတာလဲသူ့ ကိုမလှုပ်နိုင်အောင်အပိုင်ကိုင်
ထားလိုက်နိုင်သူပဲလေ.ဆရာမကြီးကိုဗျ...ဒီတော့လဲဘကွန်းအကြောင်းတော့နောကျေနေတော့တာပဲပေါ့..ဒီတော့ဘကွန်း
တယောက်လဲအိမ်ကွင်းမှာပဲကန်နေရတော့တာပဲပေါ့ဗျာ.အဝေးကွင်းဘယ်ကန်နိုင်မှာလဲလေ.ဒီတော့လဲနေသေးသပချုံထဲ
ကချိုသွေးတမြမြနဲ့ ဆိုပါတော့.ဒီလိုနဲ့ အိမ်ကွင်းမှာပဲကျိတ်မှိတ်ပြီးကန်လိုက်တာသားသမီး(၆)ယောက်ရတဲ့အချိန်ထိပဲဆိုပါ
တော့ဗျာ.ဒီလိုနဲ့ သားသမီးတွေတောင်အရွယ်ရောက်လို့ အိမ်ထောင်ကိုယ်စီကျကုန်ကြပြီလေ.အငယ်ဆုံးသားတယောက်
သာကျန်တော့တာလေမိန်းမကလဲဆုံးသွားပြီဆိုတော့ဘကွန်းတို့ လွတ်သွားတော့တာပေါ့.တကယ်ဆိုဒီအရွယ်မှာဘုရားတ
ရားအာရုံပြုရတော့မဲ့အရွယ်မဟုတ်ပါလား.ဒါပေမဲ့ဒီအချိန်ထိဇလေးကမကုန်သေးတော့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ခြောက်
ကြီးလဲရွာထဲကတခုလပ်.မုဆိုးမ.အပျိုပေါက်လေးတွေမကျန်ရသမျှတော့ဂွင်ဖန်နေတုံးလှုပ်ရှားနေတုံးပေါ့လေ.ဒီလိုနဲ့ သား
ဖြစ်သူအရွယ်ရောက်လာတော့ဘမျိုးဘိုးတူဆိုသလိုအဖေနဲ့ အပြိုင်ဇလေးပြလာတော့တာပေါ့လေ.တခါတလေရွာကလူငယ်
လေးတွေစုံရာကိုရောက်လာတတ်ပြီးငါငယ်ငယ်ကဒီလိုကွဆိုပြီးမဟုတ်တရုတ်ပညာတွေလဲပေးတတ်ပြန်သေးဗျ.ဒီတော့လဲ
သက်ကြီးစကားသက်ငယ်ကြားဆိုသလိုရွှေခြံသားတို့ လဲနားထောင်ရင်းပညာယူခဲ့ရသပေါ့လေအဲဒါကြောင့်လဲဒီလိုမဟုတ်
တရုတ်တွေပြန်ပြီးရေး.အဲလေအဲလေရှောင်စရာ.ဆောင်စရာလေးတွေ.ပညာယူစရာလေးတွေကိုရေးနေတာပေါ့နော်.ဒီလိုနဲ့ 
ဒီလိုနဲ့ တနေ့ တော့သားဖြစ်သူကအဖေကိုပြောတယ်.အဖေပေါ့ရွာထဲကလူတွေကပြောကြတယ်.အဖေငယ်ငယ်ကသိပ်ပြီးစွံ
တာပဲဆို.ဒါပေမဲ့ခုကျနော့်ကိုတော့မှီမယ်မထင်ပါဘူးပေါ့လေ.ပြောလိုက်တယ်ဆိုရင်ပဲဘကွန်းလဲအတော်တင်းသွားပြီး.ဒီမယ်
ဟေ့ကောင်ငါကအသက်ကြီးပေမဲ့မပျက်စီးသေးဘူးကွသိလား.ဒီရွာထဲနဲ့ ဒို့ ရွာနားပါတ်ဝန်းကျင်မှာအသက်(၁၆)နှစ်အထက်
မင်းကြိုက်တဲ့မိန်းမနဲ့ သာအဆင်ပြေအောင်လှုပ်ရှားခဲ့ပြီးရင်သာသူ့ ဆီကအထိမ်းမှတ်အနံ့ လေး(မိတ်ကပ်.နုတ်ခမ်းနီ.သနပ်
ခါး.ရေမွှး)တခုခုသာပါအောင်ယူခဲ့ကွာ.ငါကဘယ်သူဆိုတာတန်းကနဲပြောလိုက်မယ်ပေါ့.ဒါနဲ့ သားလုပ်သူလဲဟာငါ့အဖေ
တယ်အပြောကြီးလှချီလားတွေ့ ကြသေးတာပေါ့လို့ ကြိမ်းဝါးလိုက်ပြီးရွာထဲကမိန်းမတယောက်ကိုအဆင်ပြေအောင်ကြိုးစား
လိုက်ပြီးသူ့ အဖေပြောလိုက်တဲ့အတိုင်းအထိမ်းမှတ်အနံ့ လေးယူလာပြီးကဲအဖေရေသူကဘယ်သူလေးလဲဆိုပြီးသူ့ လက်ကို
လှမ်းပေးလိုက်တယ်ဆိုရင်ပဲဘကွန်းလဲသူ့ ရဲ့အနံ့ ခံကောင်းလှတဲ့နှာခေါင်းကြီးနဲ့ အားပါးတရနမ်းလိုက်ပြီးသူ့ ကိုပြုံးပြလိုက်
တယ်.ပြီးတော့မှခပ်တည်တည်ပဲဒါကတော့ဒို့ ရွာလယ်ကမုဆိုးမလေးမိကြည်ပါကွာလို့ အတိအကျပဲပြောလိုက်တာပေါ့.သား
ဖြစ်သူလဲခေါင်းလေးတဆတ်ဆတ်ငြိမ့်ရင်းသူ့ အဖေကိုတော်ပါပေတယ်ပေါ့..ဒီလိုနဲ့ နောက်ရက်တွေလဲသူအဆင်ပြေခဲ့သမျှ
သူ့ အဖေကိုပညာစမ်းတော့တာပဲလေဘကွန်းတို့ ကတော့စမ်းလိုက်တိုင်းအတိကျပဲပေါ့.ဒါကတော့တခုလပ်မလေးမိရီသူက
တော့ရွာထိပ်ကအကြော်သည်မလေးမိနီ..ဒါကတော့ရွာမြောက်ပိုင်းကသူကြီးတူမမိသီ.သူလေးကတော့တောင်ပိုင်းကမောင်
ဝိုင်းသမီးစသည်ဖြင့်အတိကျပဲဆိုတော့သားဖြစ်သူလဲသူ့ အဖေကိုအတော်အံ့သြလေးစားနေတော့တာပဲပေါ့လေ..ရွာထဲရှိသ
မျှရနိုင်သမျှလဲကုန်သလောက်ရှိပြီကိုး..ဒါနဲ့ သားဖြစ်သူလဲသူ့ အဖေကိုထပ်ပြီးစမ်းချင်တာနဲ့ ရွာနီးချုပ်စပ်ကိုလှည့်ပြီးကြိုးစား
တော့တာပေါ့..ဒါပေမဲ့အဆင်မပြေတာနဲ့ စိတ်ဓါတ်ကျပြီးအိမ်ပြန်လာတုံးရွာပြင်မှာမြက်စားနေတဲ့နွားမတကောင်ကိုလဲတွေ့ 
ရောသူ့ အဖေကိုလဲစမ်းချင်တာနဲ့ နွားမကြီးဆီကပဲအထိမ်းမှတ်အနံ့ လေးပဲယူလာခဲ့တော့တာပေါ့လေ.အိမ်ပြန်ရောက်တယ်
ဆိုရင်ပဲသူ့ အဖေကိုလဲအဆင်သင့်တွေ့ လိုက်ရတယ်ဆိုရင်ပဲ.သူ့ အဖေကိုလှမ်းပြီးပြုံးပြလိုက်တယ်...ပြီးတော့မှအဖေရေကျ
နော်တော့အဆင်ပြေလာခဲ့ပြီပေါ့.သူ့ ကိုတော့အဖေသိနိုင်မှာမဟုတ်ပါဘူးပေါ့ပြောလိုက်တယ်ဆိုရင်ပဲ..ဘကွန်းတယောက်
ကတော့ဆရာကြီးစတိုင်နဲ့ တည်တည်ပဲပေါ့.မင်းလက်ကလေးသာငါ့ဆီကိုလှမ်းလိုက်စမ်းပါလို့ ပြောလိုက်တယ်.သူ့ သားက
လက်လှမ်းပေးလိုက်တယ်ဆိုရင်ပဲဘကွန်းလဲထုံးစံအတိုင်းသူ့ ရဲ့အနံ့ ခံအားကောင်းလှတဲ့နှာခေါင်းကြီးနဲ့ စမ်းသပ်ရှာဖွေဖော်
ထုတ်တော့တာပေါ့လေ.ဘကွန်းလဲတခါနမ်းကြည့်လိုက်တယ်.ဒီတခါတော့သူနဲနဲတွေသွားတယ်..အရင်ကဆိုတခါနမ်းလိုက်
ရင်ကွက်တိပြောနိုင်တဲ့သူလေ.ပြီးတော့မျက်မှောင်ကျုံ့ ပြီးခဏစဉ်းစားလိုက်တယ်.သူဘယ်သူလေးလဲပေါ့.နောက်ပြီးဒုတိယ
အကြိမ်အားပါးတရထပ်ပြီးနမ်းလိုက်ပြန်တယ်.ပြီးတာနဲ့ ခေါင်းကိုတွင်တွင်ရမ်းလိုက်ပြီးစဉ်းစားနေသေးတယ်ဗျ.ဒီအချိန်မှာပဲ
သားဖြစ်သူကဒီကောင်မလေးကိုအဖေအတိကျပြောနိုင်မယ်ဆိုရင်တော့အဖေ့ပညာကိုလေးစားလိုက်တော့မယ်လို့ ပြော
တော့တာပေါ့လေ.ဘကွန်းလဲမခံချင်လွန်းတာနဲ့ ..ပေးစမ်းကွာမင်းလက်ဆိုပြီး(၃)ကြိမ်မြောက်အားပါးတရနမ်းပြီးတဲ့နောက်
မှာတော့သူ့ သားကို..ငါ့သားရေအဖေ့အတွက်တုတ်ကောက်နဲ့ ဓါတ်မီးပြင်စမ်းကွာ.ဒါကတော့မိုဒယ်အသစ်ကွ.ငါတခါမှကိုမ
သုံးဖူးသေးဘူး.ဒို့ ရွာထဲကိုတော့အသစ်ရောက်နေပြန်ပြီကွဟူသတည်း...
                                             (အားလုံးငြိမ်းချမ်းပျှော်ရွှင်နိုင်ကြပါစေဗျာ..ပျှော်တတ်တဲ့..ရွှေခြံသား)

No comments:

Post a Comment