Sunday, September 4, 2011

သူနဲ့ သာဆိုရင်

တခါကကျနော်တို့ ရွာလေးမှာအင်မတန်ချောမောလှပတဲ့ကွမ်းတောင်ကိုမလုံးဆိုတာရှိခဲ့ဘူးတယ်ဗျ.ချောသလားတော့
မမေးနဲ့ ဗျာကွမ်းတောင်ကိုင်ပါဆိုနေမှ.ကျုပ်တို့ ရွာဝန်းကျင်မှာတော့ဘယ်ပန်းချီရေးလို့ မမှီပေါ့.ရွာကကောင်တွေသိပ်
မဆွဲတတ်တာလည်းပါမှာပေါ့လေ.ဘာပဲဖြစ်ဖြစ်ပေါ့ဗျာမလုံးချောတာကတော့အမှန်ပဲ.အညာသူပါကွာဆိုပြီးတော့အသား
မဲကြီးတော့မထင်လိုက်နဲ့ ဗျ.အသားညိုချောလေးမို့ .ညိုလုံး.ညိုလုံးနဲ့ ပေါ့ဗျာ.ရွာကကာလသားတွေပါးစပ်ဖျားမှာအမြဲကြား
နေရတတ်တဲ့နာမည်တခုပေါ့.ဒီတော့လဲကွမ်းတောင်ကိုင်မလုံးနဲ့ စိတ်ကူးယဉ်ဖိတ်စာရိုက်ကြတဲ့သူတွေကအများသား.ဒီထဲ
ရွှေခြံသားတို့ လည်းပါခဲ့သပေါ့မလုံးနဲ့ဆုံတိုင်းဘိုဘိုဟန်သီချင်းထဲကလိုချစ်တာဆန်းသလား.ကဲပြောစမ်း.နင်ကလေးကလှ
တော့တဖက်သက်ချစ်မိပြီပေါ့.မိလုံးမျက်စောင်းထိုးခံရနဲသလားပေါ့ရွှေခြံသားလုပ်ခဲ့တာအဟဲ.ငယ်ငယ်ကပါဗျာ.ဒါပေမဲ့တ
ယောက်နဲ့ တယောက်အကြောင်းဆက်ပေါင်းဖက်ဖို့ ဆိုတာကအတိတ်ကပြုခဲ့တဲ့ရေစက်ရှိကြမှမဟုတ်လား.ကိုယ်ကသာသူ့ 
အကြောင်းကိုဆက်ချင်နေပေမဲ့.အဲ.အဲသူ့ အကြောင်းကကိုယ့်အတွက်မဟုတ်ဘူးဆိုရင်တော့ဘယ်လိုမှဆက်လို့ မရနိုင်ဘူး
ပေါ့ဗျာနော.ဒါနဲ့ ပေါ့ဗျာရွှေခြံသားနဲ့ တော့တခါမှကိုမဆက်ခဲ့ရပါဘူး.ဆက်တော့ဆက်ချင်သားမရလို့ ပေါ့ဟင်း.အဲ..မလုံးအ
ကြောင်းပြောရင်.ဒီကောင်ကိုတော့ချန်ထားလို့ မရပြန်ဘူး.အင်းမပြောမဖြစ်လွန်းလို့ ပြောရတာပါခင်ဗျာပေါ့.သူကတော့တ
ရွာလုံးရဲ့ချဉ်ဖတ်.လူ့ အော့ကြောလန်တယောက်ပေါ့.နာမည်ကဖိုးထောင်တဲ့.လူနဲ့ နာမည်နဲ့ လည်းလိုက်ပဗျာ.ဟိုနားဆိုလဲ
ထောင်.ဒီနားဆိုလည်းထောင်ထောင်.နေရာတကာမှာတထောင်ထောင်နဲ့ ဗျာ..ကြည့်လို့ ကိုမရကြတာ...ထောင်မယ်ဆိုလဲ
ထောင်ချင်စရာပေါ့.သူ့ အဖေကရွာလူကြီးကိုး.ကျုပ်တို့ ဆီမှာတော့ရွာလူကြီးတယောက်ရဲ့သားကိုတောင်ဒီလောက်အရေး
ပေးနေရတာ.ကျန်တာတွေဆိုပြောမနေကြနဲတော့ပေါ့ဗျာ.အင်းကိုယ့်ထမင်းကိုစားပြီးတော့မပြောလိုက်ချင်ပါဘူး.အဲပြောချင်
တာကအဲဒီတထောင်ထောင်လုပ်နေတဲ့အကောင်ကိုမှ..ကျုပ်တို့ အချစ်တော်ညိုလုံးကအရေးပေးပြီးဆက်ဆံနေတာကိုပါ.ရွာ
ထဲမှာဗျာ.သဘောမနောကောင်း.အကျင့်စာရိတ္တကောင်း.ပညာတတ်တဲ့သူတွေအများကြီးပါ.ဒီအထဲကမှဒီလိုထောင်ထောင်
အကောင်ကိုရွေးချယ်တာတော့အံ့သြစရာပေါ့.မိန်းမများလည်းဘာကိုကြည့်ပြီးကြိုက်ကြလဲမသိပါဘူးဗျာအင်းပေါ့လေသူတို့ 
သူတို့ စရိုက်သူတို့ အကြိုက်ဆိုတော့လည်းမပြောသာတော့ဘူးပေါ့.တချို့ ကြတော့ခြေမကြီးတဲ့ယောကျာင်္းကိုရွေးချယ်ကြသ
တဲ့.စွမ်းဆောင်ရည်မြင့်တယ်ပြောတာပဲ.စီးပွှားရှာတို့ ဘာတို့ နေမှာပေါ့ဗျာ.သိပါဘူးကြားဘူးတာပြောတာပဲ.အင်းသူတို့ က
ကိုယ်တွေ့ ဆိုတော့ပိုပြီးသိကြမှာပေါ့နော.ဒီအကြောင်းလေးကြားဘူးထားတော့ရွှေခြံသားငယ်ငယ်ကဆိုကောင်မလေးတွေ
ရှေ့ရောက်ရင်ကိုယ်ခြေထောက်ကိုသူတို့ မြင်အောင်ပြရတာအမော.ကြည့်ကြပါအကဲခတ်ကြပါပေါ့.အင်းကြိုက်တာမကြိုက်
တာသူတို့ အပိုင်းပြရမှာကကိုယ့်တာဝန်မဟုတ်ပါလား.စမ်းကြည့်ချင်လဲစမ်းကြပေါ့ဗျာ.ကျနော်တော့တယောက်မှမစွံခဲ့ဘူး
အိမ်ကနန္ဒာလှိုင်ကတော့ဘာကိုစွဲသွားသည်မသိပါ.ခြေမမဟုတ်တာတော့သေချာပါသည်.အင်တာဗျုးကြည့်ရပါဦးမည်.အဲ
ဘယ်ရောက်.ဒီလိုနဲ့ မလုံးနဲ့ ဖိုးထောင်ညားကြလေသတည်းပေါ့.အဲညားပြီဆိုမှတော့မိုးမမြင်လေမမြင်ပဲပေါ့.အင်းသီတင်းလဲ
ကျွတ်ပြီကိုး.ဒီတော့လည်းလေတို့ မိုးတို့ ကိုဘယ်မြင်နိုင်တော့မှာလည်း.အဟဲဒါပြောတာရာသီဥတုကကိုယ့်ဖက်ပါမှတော့သ
ဘောရှိကလောဟိပေါ့ဗျာ.ဖိုးထောင်ကြီးကလည်းနဂိုကမှခပ်ထောင်ထောင်ရယ်.အချောလှမလုံးကိုရပြီဆိုမှတော့ပိုဆိုးကုန်
တာပေါ့ဗျာ.ဒီလိုနဲ့ ဖိုးထောင်တယောက်စားလို့ သောက်လို့ နေလို့ ကောင်းနေတုံးမမျှော်မလင့်မိုးကြိုးသင့်ဆိုသလို...တနေ့ 
မလုံးတယောက်လယ်ထဲသွားရင်းပိုးထိလို့ ဆုံးပါလေရောဖိုးထောင်တယောက်လဲစားလို့ မဝနိုင်သေးတဲ့ထမင်းကိုစားနေတုံး
ချက်ချင်းထမင်းလုပ်ပုတ်ချခံလိုက်ရသလိုမျိုးမချိမဆန့် ကိုခံစားရတော့တာပဲဗျို့ ....အင်းစားလို့ ကမှမဝသေးတာကိုး...ဒီလို နဲ့ မလုံးမြေချတဲ့နေ့ ရောက်ပါလေရော.ရွာသူရွာသားတွေလည်းအရင်ကကြည့်မရကြပေမဲ့အားလုံးကသနားတဲ့စိတ်လေး
နဲ့ ဝိုင်းဝန်းစောင့်ရှောက်အားပေးကြတာပေါ့ဗျာ.မိန်းမတွေဆိုသနားလို့ မျက်ရည်ကိုမဆည်နိုင်ကြဘူးပေါ့.မလုံးကိုမြေမြုပ်
တော့မယ်လည်းဆိုရော.ဖိုးထောင်ကြီးလည်းမချိတင်ကဲအသံကြီးနဲ့ ငိုချင်းချလိုက်တယ်ပေါ့.မလုံးရေ..ထောင်တယောက်ထဲ
ဘယ်လိုလုပ်ပြီးဆက်ထောင်.အဲလေအဲလေယောင်သွားလို့ ပါ.အဲလေဘယ်လိုနေရမလဲပေါ့.ဘယ်သူကိုယုံလို့ များပုံခဲ့သလဲ
ပေါ့လေ.ဘေးလဲပါတ်ပြီးအကဲခတ်ရင်းနဲ့ ပေါ့.နောက်ခွင်လေးဘာလေးများရနိုင်မလားလို့ အဲပြီးတော့သူလုပ်ချလိုက်ပုံကမြွေ
ရာမင်းလဲတော်တော်ခက်တဲ့အကောင်.ဒို့ ရွာထဲမှာကိုက်ချင်စရာမိန်းမတွေဒီလောက်ပေါရဲ့သားနဲ့ မလုံးကိုမှရွေးကိုက်ရတယ်
လို့ ကွာပေါ့.ဒီငိုချင်းချသံလည်းကြားရောအသုဘလိုက်ပို့ တဲ့မိန်းမတွေအားလုံးကတင်းသွားပီး.သူ့ ဖက်ကိုလှည့်ပြီးဝိုင်းပါတ်
ထိုးလိုက်ကြတာ(မျက်စောင်း.မျက်စောင်း).ဒါနဲ့ ရက်လည်ပြီးသွားပြီဆိုတာနဲ့ ရပ်ရွာဓလေ့အရဖိုးထောင်ဆန္ဒကိုမေးပြီးအိမ်
ထောင်ချပေးဖို့ စီစဉ်ကြတော့တာပေါ့.ဖိုးထောင်ကြီးရာဒီလောက်လဲပူဆွေးသောကရောက်မနေစမ်းပါနဲ့ .ကံစီမံရာပေါ့ကွာ.
မင်းလည်းအဆင်ပြေအောင်ဟိုကောင်မလေးလဲအားကိုးရာရသွားအောင်ရွာလည်ကအသစ်စက်စက်မုဆိုးမလေးဆိုဘယ့်နဲ့ 
လဲပေါ့.ဒီတော့ဖိုးထောင်ကြီးက.ဟာဗျာခင်ဗျားတို့ မနောက်ကြပါနဲ့ ဗျာကျုပ်ကလုံးလေးကိုသတိရနေတုံးရှိသေးတယ်မလုံးမှ
မှမလုံးပဲဗျာပေါ့.ဒါနဲ့ လူကြီးတွေကမလုံးအမကြီးဆိုရင်ရောကွာဘယ့်နဲ့ လဲပေါ့.ဟာမလုပ်ကြပါနဲ့ ဗျာငရဲငကန်တွေကြီးကုန်
ပါဦးမယ်ကျနော်ကအမကြီးတယောက်လိုအမေတယောက်လိုချစ်တာဗျဟုတ်မှာပေါ့ဟိုကသွေးဆုံးခါနီးနေပြီမဟုတ်လား
ဒါနဲ့ ဖိုးထောင်အကြောင်းသိတဲ့လူတယောက်ကဒါဆိုမိလုံးညီမအငယ်ဆုံးလေးဆိုရင်ရောကွာဆိုတဲ့အသံလေးလဲကြားရော
ဖိုးထောင်ကြီးကရွာကလူကြီးတွေကျနော်အတွက်ခေါင်းခြောက်ရတာကိုအားနာလှပါပြီ.ရွာလူကြီးတွေရဲ့မေတ္တာစေတနာကိုမ
လွန်ဆန်ရဲတော့ပါဘူးပေါ့ဒါကြောင့်သူနဲ့ သာဆိုရင်တော့ကြိုက်သလိုသာခပ်မြန်မြန်လေးစီစဉ်လိုက်ကြပါတော့ခင်ဗျားတဲ့
အင်းကြိုက်မရှက်.ငတ်မရှက်လို့ အဆိုရှိတယ်မဟုတ်ပါလား.သူလဲတပါတ်လောက်တော့အစားသောက်ပျက်ခဲ့ရပြီဆိုတော့
ဆာရှာမှာပဲလေလို့ ...(ယောကျာင်္းတို့ ရဲ့ကျားမာယာကိုတင်ပြလို၍ဒီပိုစ့်လေးကိုတင်ပါတယ်)




No comments:

Post a Comment