Friday, September 30, 2011

ကိုယ့်အဖေနဲ့ ကိုယ်ပဲကွာ...

တခါကဦးဇင်းတပါးဟာမနက်စောစောကားစီးပြီးခရီးထွက်လာခဲ့တယ်ပေါ့.အာရုဏ်ဆွမ်းတောင်မဘုန်းပေးခဲ့ရဘူး
ပေါ့.ဒီလိုနဲ့ ဦးဇင်းစီးလာတဲ့ကားကမမျှော်လင့်ပဲလမ်းခရီးတနေရာမှာပျက်ပါလေရော.နေ့ ဆွမ်းဘုန်းပေးဖို့ အချိန်နီး
လာပေမဲ့ကားကမထွက်နိုင်သေးဘူးပေါ့.ကားပျက်နေတဲ့နေရာကဘယ်ရွာနဲ့ မှလဲမနီးဘယ်.စားသောက်ဆိုင်နဲ့ မှလဲ
မနီးဆိုတော့အတော့်ကိုအခက်တွေ့ နေတော့တာပေါ့.စားစရာသောက်စရာပါလာတဲ့သူတွေကလည်းကားပေါ်ဘုန်း
ကြီးတပါးပါလာတယ်.နေ့ ဆွမ်းစားချိန်နီးပြီ.ဘာမှလည်းမဘုန်းပေးရသေးဘူး.ပါလာတဲ့စားစရာလေးတွေကိုဆွမ်းအ
ဖြစ်လှုဦးမယ်လို့ ဘယ်သူကမှစိတ်မကူးမိကြဘူးပေါ့.သူတို့ ဗိုက်ပဲသူတို့ ဖြည့်နေကြတာပေါ့.ဒီတော့ရေတဗူးလောက်
မှသောက်စရာမပါတဲ့ကိုယ်တော်လည်းသူများတွေစားတာကိုကြည့်ရင်း.မြင်ရင်..မြင်တယ်လို့ မှတ်..ဆာရင်ဆာတယ်
လို့ မှတ်ဆိုပြီး.ဝိပသာနာပဲပွှားရတော့တာပေါ့ဗျာ.တတ်နိုင်ဘူးလေ.စိတ်ကိုဆုံးမရတာလွယ်ပေမဲ့ဗိုက်ထဲကတော့ဂေါ်ဂွီ
ပဲပေါ့.သူများကပ်မှစားရတဲ့ဘုန်းကြီးဘဝပေကိုး.စိတ်ထဲမှာတော့ရက်စက်လိုက်ကြတာပေါ့.ငါတို့ မှာတော့မီးလောင်လဲ
ခါးတောင်းကျိုက်ခေါင်ပေါ်တက်ရဲခဲ့ပါရဲ့.ရေမြုပ်တော့လဲရေထဲကိုလည်ပင်းနစ်တဲ့အထိဆင်းပြီရဲရဲတောက်ကူညီခဲ့ရတာ
လဲမောင်တို့ ပါပဲပေါ့လေ.စဉ်းစားရင်းကြေကွဲနေတော့တာပေါ့လေ...ကားစက်ကောင်းသွားလို့ ခရီးဆက်ရင်း...ခရီးတ
ထောက်နားရာစားသောက်ဆိုင်တန်းကိုရောက်တော့အချိန်ကမွန်းလွဲကျော်လို့ .၁နာရီတောင်ထိုးလုပြီပေါ့.ကားပေါ်က
ခရီးသည်တွေလဲဆာနေကြတာဆိုတော့.ကားရပ်လိုက်တယ်ဆိုရင်ပဲအတင်းတိုးဝှေ့ ဆင်းကြပြီးစားစရာတွေမှာပြီးစား
နေလိုက်ကြတာအောက်ထပ်မှာထိုင်စရာနေရာကိုမရှိလောက်အောင်ပါပဲတဲ့.ဒါနဲ့ ပဲဦးဇင်းလဲအခြေနေကိုအကဲခတ်လိုက်
ပြီးတော့စားသောက်ဆိုင်ရဲ့အပေါ်ထပ်ကိုခပ်တည်တည်ပဲတက်သွားလိုက်တယ်.ပြီးတော့စားပွဲထိုးကိုလှမ်းခေါ်လိုက်ပြီး
ဟေ့.တကာရရာဟင်းနဲ့ ဆွမ်းတပွဲအမြန်ကပ်စမ်းပေါ့...ပြောလိုက်တယ်ဆိုရင်ပဲစားပွဲထိုးကနာရီကိုမော့်ကြည့်လိုက်ပြီး
မွန်းလွဲနေပြီကိုယ်တော်ဘယ်နဲ့ လုပ်တာလဲပေါ့.ဒီမှာတင်မနက်ကတည်းကဘာမှမစားရသေးလို့ ဗိုက်ဆာနေရတဲ့အထဲ
လျှာရှည်တဲ့မိကျောင်းနဲ့ မှလာတွေ့ နေတော့.ဟိုဦးဇင်းလဲအတော်ဒေါသထွက်သွားပြီး.ဟေ့တကာဒါမင်းအလုပ်မဟုတ်
ဘူးကွ.ငါနဲ့ ငါအဖေသာဆိုင်တဲ့ကိစ္စကွ.ကိုယ့်အဖေနဲ့ ကိုယ်အဆင်ပြေအောင်ကြည့်ရှင်းလိုက်ရင်ရတယ်.အဆင်ပြေ
တယ်.ခုမင်းလုပ်ရမှာကငါ့ကိုဆွမ်းတပွဲသာအမြန်လာပြီးကပ်စမ်းပါ.မင်းကိုယ့်အလုပ်သာကိုယ်လုပ်စမ်းပါ.သူများအလုပ်
ဝင်ပြီးပါရအောင်မင်းနာချင်လို့ လားကွဟေ.လို့ ဟောက်လိုက်မှစားပွဲထိုးလည်းထွက်သွားတော့တယ်တဲ့.ဟောက်စား
ဆိုတာဒါမျိုးကိုခေါ်တာလားမသိ.ဟုတ်တယ်လေ.ရဟန်းဆိုတာဘုရားသားတော်တွေမဟုတ်လား.ဒီတော့သူ့ အဖေနဲ့ သူ
သားအဆင်ပြေအောင်ကြည့်လုပ်လိုက်ရင်ဖြစ်နိုင်တာပဲမဟုတ်ပါလား.သားအဖဆိုတော့လဲဒီလိုပဲပေါ့ဗျာ.ဗန်းမော်ဆရာ
တော်ငယ်ငယ်ကလည်း.စာပြန်ပွဲတခုမှာသင်္ကန်းအသစ်ရုံစရာမရှိလို့ .ကျောက်တော်ကြီးဘုရားမှာသွားပြီး.အဖေကျနော်
မှာသင်္ကန်းအသစ်ရုံစရာမရှိလို့ .အဖေ့သင်္ကန်းခဏပေးဆိုပြီး.ကျောက်တော်ကြီးဘုရားမှာကပ်လှုထားတဲ့သင်္ကန်းကိုခွါပြီး
ရုံခဲ့ဘူးသေးတယ်မဟုတ်ပါလားဗျာ.သူတို့ အဖေနဲ့ သူတို့ ကိုယ်ဗျနော.အဆင်ပြေရင်ပြီးတာပါပဲ..
 (ခရီးသွားရင်းဗုဒ္ဓဘာသာလူမျိုးများအချိန်ကိုလိုက်ပြီးကုသိုလ်ယူနိုင်စေရန်ရည်ရွယ်ပြီးဒီပိုစ့်လေးကိုတင်ပါတယ်ဗျာ.)

No comments:

Post a Comment