Wednesday, September 21, 2011

ဒါဆိုရင်တော့..နဲနဲတော့စားဦးမယ်.

တခါကကျနော်တို့ ရွာမှာမိန်းမနဲ့ မိသားစုတခုလုံးကိုဒိုင်ခံပြီးလုပ်ကိုင်ရှာဖွေကျွေးမွေးနေတဲ့လူတယောက်ရှိတယ်ဗျ
မိသားစုတာဝန်ကိုမညီးမငြူရှာဖွေကျွေးမွေးနေတော့မိန်းမ.ယောက္ခမက.စလို့ တအိမ်သားလုံးကဝိုင်းပြီးချစ်ကြခင်ကြ
ကြည်ဖြူကြတာပေါ့.တနေ့ တော့အလုပ်ပင်ပန်းတဲ့ဒဏ်နဲ့ အိပ်ယာထဲလဲပါလေရော.မိသားစုတခုလုံးရဲ့တာဝန်ထမ်း
ထားတဲ့လူတယောက်လဲပြီဆိုတော့.တမိသားစုလုံးဒုက္ခရောက်ကြရတော့တာပေါ့ဗျာ.နေမကောင်းတာကလဲရက်ကနေ
လချီကူးလာတော့.တမိသားစုလုံးကသူ့ ကိုနာလန်ထပြီးအမြန်နေကောင်းစေချင်လှပြီလေ.မိန်းမလုပ်သူတောင်အပြင်
ထွက်ပြီးအလုပ်ရှာနေရပြီပေါ့လေ.ယောက္ခမလုပ်သူလည်းတတ်နိုင်သလောက်တော့ချက်ပြုတ်ကျွေးမွေးပြုစုပေမဲ့လူနာ
ကတော့နာလန်ကိုမထူနိုင်.မထနိုင်အောင်ပါပဲ.တနေကုန်ဘာမှကိုကျွေးလို့ မရနိုင်ဘူးပေါ့.ဒီတော့ယောက္ခမလုပ်သူလဲ
စိတ်တော့တော်တော်ညစ်လာတော့တာပေါ့နော်.ဒီတော့အလုပ်ကပြန်လာတဲ့သမီးဖြစ်သူကိုဆီးပြီးပြောတော့တာပေါ့.
ညီးယောကျာင်္းအေ.တနေကုန်ဘာမှကိုကျွေးလို့ မရဘူး.ငါတော့စိတ်ညစ်ပါတယ်အေပေါ့.ဒီတော့ကြည့်လုပ်ဦးပေါ့.မိန်းမ
လုပ်သူလဲအလုပ်ကအဆင်မပြေဖြစ်ပြီး.မောမောပန်းပန်းနဲ့ ပြန်အလာသူ့ အမေကဒီလိုဆီးပြောလိုက်တော့မိန်းမလုပ်သူ
လဲအတော်တင်းသွားတော့တာပေါ့.ဒါနဲ့ အိပ်ခန်းထဲဝင်ပြီးအဝတ်လဲရင်းသူယောကျာင်္းကိုမေးလိုက်တယ်ပေါ့.တော်ဒီနေ့ 
ဘာမှမစားဘူးဆိုဟုတ်လားပေါ့.ဒီတော့ဟိုကောင်လဲအေးကွာစားချင်စိတ်ကိုမရှိလို့ ပါကွာပေါ့.ဒီမှာပဲမိန်းမလုပ်သူလဲအ
ပြင်ကပြန်လာခါစဆိုတော့သူ့ ယောကျာင်္းအကြိုက်ဘာတွေဝယ်လာလဲမသိပါဘူး.ဒါဆိုရင်.ဒါကိုတော့စားမလားပေါ့လို့ 
ပြပြီးမေးလိုက်တယ်ပေါ့..(ရွှေခြံသားကတော့သူဝယ်လာတာကိုမသိရ.မမြင်လိုက်ရပါဗျာ).သူ့ မိန်းမပြတာကို
မြင်လိုက်ရတယ်ဆိုရင်ပဲ.ဟိုကောင်လဲလေသံပျော့ပျော့လေးနဲ့ ပြန်ပြီးပြောလိုက်ပုံက.အင်း.အဲဒါဆိုရင်တော့နဲနဲတော့
စားဦးမယ်လို့ ပြောလိုက်သတဲ့ဗျာ.အင်းဒါလေးစားပြီးမှ.ဟိုကောင်လဲနာလန်ထလာပါလေရောတဲ့..
(ရှာဖွေကျွေးမွေးနိုင်ခဲ့စဉ်ကကျေးဇူးတရားများကိုမထောက်ထားပဲ..မလုပ်ကိုင်နိုင်.မကျွေးမွေးနိင်ပါက.အရင်းနီးဆုံးမိန်း
မများကိုယ်တိုင်.မလေးမစားစော်ကားခံရတတ်ကြောင်းနှင့်ကျားသတ္တဝါတို့ ရဲ့သဘောသဘာဝကိုတင်ပြလို၍ဒီပိုစ့်လေး
ကိုတင်ပါတယ်ဗျာ.)...အားလုံးပျှော်ရွှင်နိုင်ကြပါစေဗျာ..ပျှော်တတ်တဲ့ရွှေခြံသား

No comments:

Post a Comment