Tuesday, September 20, 2011

မိန်းမတဲ့နော်..ဟင်း

ဒါကတော့ကျနော်တို့ ရွာတွင်းဖြစ်ဇာတ်လမ်းလေးဗျ.ဒီလို.ရွာမှာကိုဌေးဆိုတဲ့ဘုန်းကြီးလူထွက်တယောက်ဟာရွာထဲ
ကသူဌေးသမီးတယောက်နဲ့ ညားကျတယ်ဆိုပါတော့ဗျာ.ဘုန်းကြီးလူထွက်ပဲဗျာသိတယ်ဟုတ်.ဘာဆိုဘာမှသိပ်အသုံး
ကျတဲ့သူမဟုတ်ဘူး.အဲတခုကလွဲလို့ ပေါ့.ဒါကြောင့်အလုပ်အကိုင်များမစွံရင်ဘုန်းကြီးလူထွက်နဲ့ ခိုင်းနိုင်းခံရတတ်တာ
မဟုတ်လား.အဲလူကသာမစွံတာအကျင့်လေးကပါလာတော့.နေရာတကာမှာဦးစားပေးခံချင်.စားဦးစားဖျားလေးစာခြင်
နဲ့ ဒီလိုပေါ့ဗျာ.တနေ့ တော့မိန်းမလုပ်သူကသူ့ ကိုအလုပ်လေးဘာလေးကူညီညာလုပ်ဖို့ ပြောတော့တာပေါ့.ဒီမယ်တော်
တနေကုန်ဒီလိုပဲအလေလိုက်နေတော့မှာလား.ကျုပ်ကိုနဲနဲလေးမှကူညီညာလုပ်ဖို့ စိတ်ကူးမရှိဘူးလား.ကျုပ်မှာအိမ်မှာဆို
မိဘအရိပ်အောက်မှာချေမွှေးမီးမလောင်.လက်မွှေးမီးမလောင်နေလာခဲ့ရတာ.သိတယ်မဟုတ်လား.ခုတော်နဲ့ ရမှပဲချွေး
သံတလုံးလုံးနဲ့ ချက်ပြုတ်ကျွေးမွေးနေရတာ.ဒီတော့နဲနဲလောက်တော့ကူညီညာလုပ်ဦးပေါ့.အဲဒီမှာတင်ဘုန်းကြီးလူထွက်
က.ဟမင်းကအိမ်မှာတင်ချေမွှေးမီးမလောင်လက်မွှေးမီးမလောင်နေခဲ့ရတာ...ငါကကျောင်းမှာဆိုသူများတကာချက်ပြီး
သားဟာကိုမှ.ဘုန်းပေးပါဘုရားဆိုတာကိုမှစားလာတဲ့အကောင်ကွ..ဒီတော့ကောင်းကောင်းချက်ပြီးသာငါ့ကိုကပ်စမ်းပါ
မင်းကုသိုလ်ရပါတယ်ပေါ့.ဒီလိုနဲ့ နေ့ တဓူဝပြသနာနဲ့ နေလာလိုက်ကြတာတဇောင်းစေးနဲ့ မျက်ချေးဆိုသလိုပဲပေါ့.မိန်းမဆို
တာမှားပြီးရင်ပြန်ပြင်လို့ ရနိုင်တော့တဲ့ပစ္စည်းမျိုးမှမဟုတ်တာနော.ဒီတော့ကျိတ်မှိတ်ပြီးပေါင်းသင်းနေရတော့တာပေါ့ဗျာ.
တနေ့ တော့မိန်းမလုပ်သူလဲဘုရားစဉ်ပေါ်မှာထားတဲ့သိမ်ဝင်ပုတီးလေးယူပြီးစိတ်မိပါတယ်.ဆူခံလိုက်ရတာမပြောပါနဲ့ တော့
ဒါသိမ်ဝင်ပုတီးကွ.ဘာမှတ်သလဲပေါ့.သိမ်ဝင်သပိတ်လေးကိုင်မိပြောင်းမိပြန်ရင်လဲ.ခုချက်ချင်းပဲမြေမျိုခံရတော့မလို.ဒါသိမ်
ဝင်သပိတ်ကွပေါ့.မိန်းမလဲအတော်တင်းတာပေါ့.မတတ်နိုင်တော့ဘူးလေကိုယ်ကယူထားမိပြီကိုး.တခါကတော့အဝတ်ချုပ်စ
ရာအပ်မရှိလို့ .သိမ်ဝင်အပ်ကလေးယူပြီးချုပ်မိပါတယ်.အဝီစိငရဲကိုပဲခုချက်ချင်းခုန်ချရတော့မလို.ဒါသိမ်ဝင်အပ်ပေါ့.ဘာမှတ်
သလဲ.လုပ်ပါလေရော.ဒါနဲ့ မိန်းမလည်းအတော်တင်းလာပြီး.ဟင်းဒင်းတော့သိရစေမယ်ပေါ့ဆိုပြီး.ညနေစောင်းသေချာရေမိုး
ချိုး.ဖီးလိမ်းပြင်ဆင်ပြီး.ဘုန်းကြီးလူထွက်ယောကျာင်္းကိုလည်းသေချာကျွေးမွေးပြုစုတယ်ပေါ့လေ.ပြီးတော့သူသိချင်တာလေး
တွေကိုလဲမေးမြန်းရင်းနဲ့ ပေါ့.သိမ်ဝင်သပိတ်..ပုတီး..သိမ်ဝင်အပ်အကြောင်းတွေကိုဟိုဘုန်းကြီးလူထွက်ကပြောပြရင်းနဲ့ ည
အိပ်ချိန်ရောက်ရောက်တော့အိပ်ယာဝင်ကြတော့တာပေါ့ဗျာ.မိန်းမလုပ်သူကဒီနေ့ အရမ်းလှနေတော့ဟိုလူထွက်လဲအိပ်ယာ
ထဲရောက်ရောက်ချင်းကိုယ့်ဘာသာကိုချစ်တာဘာဖြစ်လဲပေါ့ဗျာ.အဲဒီမှာတင်မိန်းမလုပ်သူကလည်းလုံးဝကိုအထိမခံပဲရှောင်
ဖယ်ရှောင်ဖယ်လုပ်နေတော့တာပဲဗျို့ .ဒီတော့မှဟိုလူထွက်လဲ.ဟဒီမိန်းမဒီနေ့ ဘယ်လိုဖြစ်နေတာလဲပေါ့.ငါ့ကိုတောင်အထိမ
ခံနိုင်ဖြစ်နေပါလားလို့ မေးတော့တာပေါ့ဗျာ.ဒီတော့မှမိန်းမလုပ်သူလဲသူ့ ရဲ့စောင့်ခွင်ထဲရောက်လာပြီဆိုမှတော့အပိုင်ကစ်
တော့တာပဲပေါ့ဗျာ.ကျုပ်မသိခင်တုံးက..တော့ရဲ့သိမ်ဝင်အပ်ကလေးယူပြီးသုံးမိတာတောင်ဒီလောက်အပြစ်ကြီးနေရင်တဲ့...ခု
တော့်ရဲ့သိမ်ဝင်..အဲအဲ..ကြီးနဲ့ ဆိုရင်တော့သူကမ္ဘာအဆက်ဆက်ငရဲကနေလွတ်လမ်းမမြင်.တက်ရမှာမဟုတ်တော့ပါဘူးပေါ့
ဒီတော့ကြောက်လွန်းလို့ ချမ်းသာပေးပါလို့ တောင်းပန်ရှာသတဲ့.အဲဒီကျမှပဲဟိုလူထွက်လည်းသဘောပေါက်သွားပြီး.သိမ်ဝင်
သပိတ်.သိမ်ဝင်ပုတီး.သိမ်ဝင်အပ်လောက်သာအပြစ်ရှိပြီး..အဲ..အဲဒီသိမ်ဝင်..အဲ.အဲ.ကဘာမှပြသနာမရှိရဲရဲရဲသာစိတ်ချလက်
ချအသုံးပြုလို့ ရနိုင်ကြောင်းရှင်းပြလိုက်မှပဲ.အိပ်ယာဝင်ပြသနာလဲပြေလည်သွားခဲ့ကြောင်းပါခင်ဗျား..အဲဒီနေ့ ကစပြီးတော့
သူတို့ အိမ်မှာလဲသိမ်ဝင်ပစ္စည်းနဲ့ ပါတ်သက်ပြီးဘာသံမှကိုမကြားရတော့ကြောင်းပါခင်ဗျား..
                                                                                           ပျှော်တတ်တဲ့..ရွှေခြံသား

No comments:

Post a Comment