Saturday, September 17, 2011

စွပ်တော့စွပ်တယ်..ဒါပေမဲ့

ဒါကတော့ကျနော့်သူငယ်ချင်းကျန်းမာရေးမှုးတယောက်ပြောပြခဲ့တဲ့ရယ်စရာ.မှတ်သားစရာလေးပါ.ဒီလိုဗျ.သူတို့ 
ရွာကိုမြို့ ပေါ်ကဆရာဝန်ကြီးတွေအဖွဲ့ လာပြီးခုခံအားကျဆင်းမှုရောဂါနဲ့ သားဆက်ခြားနည်းအတွက်ပညာပေးဟော
ပြောပွဲလုပ်ကြတယ်ပေါ့.ရွာကလူအများစုလာရောက်နားထောင်ကြမှာမို့ ရွာလည်ကဝါးရုံပင်ကြီးကောင်းကောင်းရဲ့
အောက်မှာပဲဆရာဝန်၊ဆရာဝန်မတွေလဲအလှည့်ကြဟောပြောကြတော့တာပေါ့.မိန်းမတွေအတွက်တော့ဆိုင်ရာဆရာ
ဝန်မ.ယောကျာင်္းတွေအတွက်ကတော့ဆရာဝန်ပေါ့ဗျာ.ဒီဟောပြောပွဲကိုရွာထဲကရှင်မွေးလွန်းတို့ စုံတွဲလဲတက်ရောက်
နားထောင်ကြတယ်ပေါ့ဗျာ.အဲသူတို့ လင်မယားများဘယ်လောက်ကလေးရကံကောင်းကြသလဲဆိုရင်ယောင်္ကျားလုပ်
တဲ့သူကမဆဲမိအောင်ကိုအတော်ဂရုစိုက်ရဆိုပဲ.မေ့သွားပြီးဆူမိဆဲမိလို့ ကတော့အင်း..အဲဒီလောက်ကိုလွယ်ကြတာ.ဒီ
တော့လည်းပညာရအောင်လင်မယားနှစ်ယောက်လုံးတက်ပြီးနားထောင်ကြတယ်ပေါ့.ဆရာဝန်ကြီးကလည်းကွန်ဒုံးသုံး
ခြင်းအားဖြင့်လိင်မှုကိစ္စနဲ့ ပါတ်သက်တဲ့ကူးစက်ရောဂါတော်တော်များများကိုကာကွယ်နိုင်ပါကြောင်း.ဒါအပြင်လည်းသား
သမီးရရှိမှုကိုလဲတားဆီးနိုင်တဲ့အကြောင်း...ကွန်ဒုံးရဲ့ကောင်းကျိုးတွေပြောပြတော့တာပေါ့...အဲဒီမှာတင်ရှင်မွေးလွန်းရဲ့
ယောင်္ကျားလဲဆရာဝန်ကြီးပြေသမျှကိုအသေချာအတိကျလိုက်နာမှတ်သားတော့တာပေါ့ဗျာ.ဆရာဝန်ကြီးလည်းကွန်ဒုံး
ကိုဘယ်လိုလက်တွေ့ အသုံးချရမလဲဆိုတာကိုတဆက်တည်းသရုပ်ဖော်ပြသဖို့ အတွက်ယောကျာင်္းအင်္ဂါပစ္စည်းတုကလဲ
ပါမလာတော့ဝါးပင်ကမျှစ်စို့ ကြီးတွေနဲ့ ပဲပြရတော့တာပေါ့.ဟောဒီအထုပ်လေးကိုဒီလိုဖောက်.ပြီးရင်ဒီထိပ်မှာစွပ်.နောက်
ပြီးဟောသလိုလေးနောက်ကိုဖြည်ချလိုက်.ပြီးတော့မှကိုယ့်မိန်းမကိုချစ်တာဘာဖြစ်လဲ.ဘာဖြစ်လဲပေါ့.ဒီလိုဆရာဝန်ကြီး
ဟာသလေးနှောပြီးပြောသွားတော့ရွာသားတွေလဲသဘောကျလို့ တဝါးဝါးနဲ့ ပေါ့.အဲပြီးတော့မှကွန်ဒုံးတွေကိုအခမဲ့ဝေပြီး
ပြန်ကြတယ်ပေါ့.ဒီလိုနဲ့ ရွာသားတွေလဲဘေးကင်းရန်ကင်းပျှော်ရွှင်ကြတယ်ပေါ့ဗျာ.အဲရှင်မွေးလွန်းတို့ ကတော့ပုံမှန်အတိုင်း
ဒို့ ကတော့ပူပူပဲပေါ့.အဲဒါနဲ့ ကျနော်ဘော်ဒါကျန်းမာရေးမှုးလဲသူ့ ယောကျာင်္းကိုခေါ်မေးရတော့တာပေါ့.ဟဟိတ်ကောင်မင်း
တို့ ကဘယ်လို ဖြစ်တာလဲပေါ့.ဆရာဝန်ကြီးပြောတဲ့အတိုင်းကွန်ဒုံးကိုမသုံးဘူးလားပေါ့.ဒီတော့မှသူကပြန်ပြောပြပါတယ်.
ကနော်ကလေးမလိုချင်လို့ ..ဆရာဝန်ကြီးပြောတဲ့အတိုင်းသေချာကိုလိုက်နာပါတယ်.ဆရာကြီးပြခဲ့တဲ့နေရာကိုလည်းအမြဲ
ပဲလာပြီးစွပ်ပါတယ်.ကျနော်မှာဖြင့်ညရောက်တိုင်းဝါးရုံပင်ကြီးအောက်ကမျှစ်စို့ ကြီးကိုလာလာစွပ်ရတာအမောပါပဲဆရာရယ်
တဲ့.အဲဒီတော့မှကျနော်ဘော်ဒါလည်းနေရာလွဲပြီးစွပ်နေတာကိုသဘောပေါက်လိုက်မိတော့တယ်.ဒီတော့မှမင်းနဲ့ မဆိုင်တာ
ကိုလိုက်စွပ်စရာမလိုဘူးကွ.ကိုယ့်ဟာကိုပဲစွပ်လို့ ပြောလိုက်ရတော့တယ်တဲ့.
(ရိုးသားသောတောသူတောင်သားတို့ ရဲ့သဘောသဘာဝနှင့်စကားကိုမိမိဆိုလိုရင်းအဓိပ္ပါယ်ရောက်အောင်ပြောဆိုတတ်စေ
ရန်ရည်ရွယ်၍ဒီပိုစ့်လေးကိုတင်ပါတယ်)       .ပျှော်တတ်တဲ့ရွှေခြံသား


No comments:

Post a Comment