Monday, September 12, 2011

သွားပါ.ခုမှသူများကို..

ဒါကတော့ကျနော်ရှမ်းပြည်နယ်မှာကျောင်းဆရာလုပ်ခဲ့တုံးကအတွေ့ အကြုံလေးတခုပါဗျာ.ကျနော်တာဝန်ကျတဲ့
ရွာကလူတွေကမြန်မာစကားသိပ်မတတ်ကြဘူးဗျ.တခွန်းစနှစ်ခွန်းစလောက်ပဲပြောတတ်ကြတာ.အဲဒီလူတွေကိုပဲစု
ပေါင်းပြီးကျောင်းကော်မတီဆိုပြီးဖွဲ့ .ပြီးတော့ကျောင်းလိုအပ်ချက်.ကိုယ့်လိုအပ်ချက်တွေကိုပြောရဆိုရတာပေါ့ဗျာ
တနေ့ တော့ကျနော့်ကျောင်းကဆရာနဲ့ ဆရာမတယောက်ပြည်မကိုပြောင်းမိန့် နဲ့ ပြောင်းကြပါလေရော.ဒီတော့
ကျောင်းမှာရွှေခြံသားတယောက်ထဲမနိုင်မနင်းဖြစ်ကုန်တော့တာပေါ့.ဒါနဲ့ ကျောင်းကော်မတီကိုအစည်းဝေးခေါ်ပြီး
ဒို့ ကျောင်းမှာဆရာတယောက်နဲ့ ဆရာမတယောက်လိုနေတယ်.အဲဒါမင်းတို့ မြို့ နယ်ပညာရေးမှုးဆီမှာသွားတင်
ပြပြီး.ရအောင်ပြောကြတောင်းကြပေါ့လို့ ကျနော်ပြောလိုက်တယ်ပေါ့.ကျောင်းကော်မတီကလည်းချက်ချင်းပညာ
ရေးမှုးဆီသွားပြီးဒီအကြောင်းတင်ပြတော့တာပေါ့ဗျာ.အဲပြောရဦးမယ်ဗျ.ပညာရေးမှုးအသစ်အကြောင်း.သူကလဲ
တောင်ပေါ်ကိုခုမှစပြီးရောက်ဘူးတဲ့အညာသားကြီးဆိုတော့.တောင်ပေါ်သားတွေရဲ့လေယူလေသိမ်းပြောဟန်ဆို
ကိုသိပ်နားမလည်သေးဘူးပေါ့ဗျာ.အဲဒါနဲ့ ညနေစောင်းကျောင်းကော်မတီတယောက်ကျနော့်ဆီရောက်လာပြီး.ဆ
ရာနင့်ကိုပညာရေးမှုးရုံးကိုချက်ချင်းလာခဲ့လို့ မှာလိုက်တယ်တဲ့.သူလဲဒါပဲပြောပြီးလစ်တော့တာပေါ့.ရွှေခြံသားလည်း
အမိန့် တော်အတိုင်းပညာရေးမှုးဆီချီတက်ရတော့တာပေါ့ဗျာ.ရုံးကိုရောက်တယ်ဆိုရင်ပဲကျနော်(...)ကျောင်းကဆ
ရာပါ.ပညာရေးမှုးကကျနော့်ကိုတွေ့ ချင်တယ်ပြောလို့ လာတာပါလို့ သတင်းပို့ လိုက်ရင်ပဲကနော်ကိုအသင့်စောင့်
နေတဲ့ပညာရေးမှုးလဲဒေါသအကြီးနဲ့ ထွက်လာပြီး.မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ကျနော့်ကိုလက်ညိုးငေါက်ငေါက်ထိုး
လိုက်ပြီး.မင်းကွာ.မင်း.မင်းတဲ့.ကျောင်းဆရာတယောက်လုပ်နေပြီးဒီလောက်လေးမှအရှက်မရှိဘူးလားကွဟင်..
ကိုယ့်ဟာနဲ့ ကိုအဆင်ပြေကြလို့ ဟဝှာပြုချင်ကြလဲကျောင်းဆင်းမှအိမ်မှာခေါ်ပြီးလုပ်ကြပေါ့တဲ့.ငါဘာမှကိုမပြောဘူး
ကွဟင်း.ခုတော့ကွာကျောင်းမှာဟဝှာလုပ်ကြသတဲ့.ငါကွာမပြောလိုက်ချင်ဘူးတောက်.ဟာတကဲ့ကိုဖရီးကစ်ခံနေရ
တာပါဗျာ.ဘက်ခမ်းဆိုရင်ဖရီးကစ်တလုံးပဲထည့်ခံရမှာပါ.ခုတော့ဗျာဆက်တိုက်ကိုထည့်ခံနေရတော့တာပဲဗျို့  .အဲဒီမှာတင်ကျနော်လဲတော်တော်ရှက်သွားတော့တာပေါ့.ရုံးမှာလည်းတခြားကိစ္စနဲ့ လာတဲ့သူတွေ.ကျောင်းဆရာ
ဆရာမတွေကလည်းအပြည့်ဗျ.ရွှေခြံသားတို့ ကောင်းစားနေလိုက်ပုံ.မင်းသားကိုရုံပြည့်ရုံလျှံအားပေးနေသလားမှတ်
ရတယ်ဗျာ.သူတို့ ဝိုင်းကြည့်နေလိုက်ကြပုံက.အရပ်တကာလယ်ပြီးထမီခိုးစားတဲ့အကောင်ကိုမိလို့ .အင်းငါ့ထမီလဲ.
ဒင်းလက်ချက်ပဲနေမှာပေါ့ဆိုတဲ့အကြည့်မျိုးတွေဗျ.ရှက်လိုက်တာမပြောပါနဲ့ တော့ဗျာ.ဒါနဲ့ ကျနော်လည်းဒီတိုင်းငြိမ်
ခံနေလို့ ကတော့မဖြစ်ဘူး.ရှင်းသင့်တဲ့ကိစ္စကိုတော့သေချာရှင်းပြမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး.ဒီမယ်ဆရာကြီး
ဆရာကြီးခုပြောနေတဲ့ကိစ္စကိုကျနော်ဘာမှနားမလည်ဘူး.ကျနော့်မှာဟဝှာပြုလို့ .ဟဝှာလုပ်ချင်ရင်တောင်.ဟဝှာပြု
စရာတယောက်မှမရှိပါဘူး.ကျောင်းမှာကျနော်တယောက်ထဲပါပေါ့.အဲဒီမှာတင်ဆရာကြီးကလည်း.မင်းလုပ်ချင်တာ
တွေလုပ်ထားပြီးမှငါ့ကိုမုန်လာဥလာလုပ်လို့ ရပါ့မလားကွပေါ့.မင်းတို့ ရွာကကျောင်းကော်မတီကိုယ်တိုင်ငါ့ကိုလာပြီး
တိုင်သွားတာကွ.ဒီတော့ရွှေခြံသားလည်း.ဟုတ်ပါတယ်အဲဒီကျောင်းကော်မတီကိုကျနော်ကိုယ်တိုင်ပဲဆရာကြီးဆီကို
လွှတ်လိုက်တာပါပေါ့.ဒီလိုပြောလိုက်တယ်ဆိုရင်ပဲ.ဟင်ဒါဆိုမင်းကမင်းလုပ်ချင်တာတွေကိုလုပ်ပြီးမှငါ့ကိုပါသက်သေ
ဆွဲထည့်တဲ့သဘောလားကွဟေ.ပြသာနာကတော့ရှင်းလေရှုပ်လေဖြစ်ကုန်ပါပြီဗျာ.မတတ်နိုင်တော့ဘူးဗျာ.ကိုယ်ဖော်
တဲ့ဆေးကိုယ့်ဖာသာကုန်အောင်စားရတော့မှာမဟုတ်ပါလား..ဒါနဲ့ ကျနော်လဲဆရာကြီးကိုဘာမှလဲသက်သေမလုပ်ခိုင်း
ပါဘူးကျနော်လဲဘာမှကိုမလုပ်မိပါဘူးပေါ့.ဒါနဲ့ ကျောင်းကော်မတီကဆရာကြီးကိုဘာတွေများပြောသွားလို့ တုံးပေါ့.ဒီ
လို့ မေးလိုက်ရော.ဘာပြောရမလဲကွ.ကျနော်တို့ ကျောင်းမှာဆရာနဲ့ ဆရာမတယောက်လို(း )နေပါတယ်ခင်
ဗျားတဲ့.ကဲမင်းကောင်းသလားတဲ့ .အဲဒီမှာတင်ကျနော်လဲသဘောပေါက်သွားပြီးကျနော်တို့ ကျောင်းမှာဆရာနဲ့ ဆရာမ
တယောက်ပြည်မကိုပြောင်းသွားလို့ ကျောင်းရဲ့လိုအပ်ချက်ကိုကော်မတီထံမှာတင်ပြပြီး.ဆရာကြီးဆီမှာဆရာတယောက်
နဲ့ ဆရာမတယောက်လိုအပ်ချက်ကိုတောင်းဖို့ ပြောခဲ့ပါကြောင်း.သူတို့ ပြောတာကိုဆရာကြီးနားကြားလွဲတာဖြစ်နိင်ပါ
ကြောင်းရှင်းပြလိုက်တော့မှဆရာကြီးလဲဒေါသပြေသွားပြီး.သိပါဘူးကွာငါလည်းဟဝှါထင်သွားလို့ အဟဲပေါ့.မင်းကြည့်
ရတာလဲဒါမျိုးလုပ်မဲ့ပုံမပေါ်ပါဘူးလို့ .ငါထင်တော့ထင်သားပဲတဲ့.အင်းတော်ပါသေး.ကျောင်းမှာများသူပြောသလို..ဟဝှါ
လုပ်စရာတယောက်လောက်များရှိခဲ့မယ်ဆိုရင်တော့.ရွှေခြံသားလဲနန္ဒာလှိုင်နဲ့ နောင်ဂျိန်ချ.လူပုံအလည်မှာမျက်နှာမပြ
ရဲ့လောက်ကိုဖြစ်မှာ.ခုတောင်ခင်တဲ့ဘော်ဒါတွေနဲ့ တွေ့ ရင်.ကျနော်တို့ ကျောင်းမှာ....လို့ အစအနောက်ခံနေရတုံးဗျ
(မဆင်မချင်ပြောမိ.ပြုမိ.တဲ့စကားတခွန်းကြောင့်လူတယောက်ရဲ့ဂုဏ်သိက္ခာ.ဘဝကြီးပွှားတိုးတက်မှုစတာတွေထိခိုက်
နစ်နာတတ်ပါသဖြင့်.သတိကြီးစွာဖြင့်ပြုမူပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ဒီပိုစ့်လေးကိုတင်ပါတယ်ဗျာ..

No comments:

Post a Comment