Saturday, September 10, 2011

နံပြားနဲ့ အီကြာကွေး

ဒီတခါတော့ကလေးငယ်တွေရဲ့စူးစမ်းမေးမြန်းတတ်တဲ့အထဲကရီစရာလေးကိုပြောပြချင်တာဗျ.ဒီလိုဗျ.ရွှေခြံသားရဲ့
မဟေသီကမနက်လင်းလို့ ဈေးသွားရင်ကျနော်တာဝန်ကလေးထိမ်းပေါ့...ကျုပ်ဈေးသွားတော့မှာနော်ကလေးကို
ကောင်းကောင်းထိမ်း.အိမ်လျှောက်လည်ရင်းနဲ့ သဝေထိုးမနေနဲ့ ဒါပဲဆိုလစ်ပြီ.ဘာရမလဲရွှေခြံသားပဲလေ.ရွှေခြံသား
ဆိုတဲ့ကောင်ကနဲနဲလေးမှအငြိမ်နေတတ်တဲ့အကောင်မဟုတ်ဘူးလေ.သူလစ်ရင်ကိုယ်လဲမရှိတော့ဘူးဗျအဟဲ.မိန်းမ
ရှေ့မှာတော့အင်းပါ.အေးပါပေါ့.မယကလုပ်နေရတာ.ဒါမှလဲသူတို့ ကငါ့ကိုကြောက်တယ်ဆိုပြီးအသဲစွဲချစ်မှာကိုးဗျ.အဲ
ဒါသူတို့ အကြိုက်ပေါ့.မိန်းမရှေ့မှာတော့မခုတ်တတ်တဲ့ကြောင်လိုနေ.ကွယ်ရင်တော့လားကိုးတောင်ကျားပေါ့.ဘော်ဒါ
တို့ လဲဒီလောက်တော့နပ်မှာပါ.မိန်းမဆိုတာသူတို့ ကိုကြောက်ပါတယ်လို့ ထင်အောင်နေပြတတ်ရင်ပြီးရော.ဒီပညာ
တွေကိုအဘိုးတို့ .အဖေတို့ လက်ထက်ကတည်းလက်ဆင့်ကမ်းလာခဲ့ကြတာမဟုတ်လား.မသိရင်လဲမှတ်သားကြ
သူတို့ ကိုကြောက်ချင်ယောင်သာဆောင်နေ.ဒါဟာသူတို့ အကြိုက်ဆုံးဆေးကြီးဆိုတာမှတ်သားကြပါကုန်.တချို့ မိန်း
မတွေဆိုရင်သူတို့ ယောကျာင်္းတွေကိုဘယ်လိုပိုင်ပုံ.နိုင်ပုံ.ကိုင်ထားပုံတွေအကြောင်းအရပ်ထဲလယ်ပြီးကြွားတတ်ကြ
သေးတယ်ဗျာ.လူစုံစုံဆိုရင်လုပ်ကြပြီ.ဒီလို.ငါ့ယောကျာင်္းငါ့ကိုလှန်ကိုမလှန်ရဲဘူးတဲ့.နေ့ ခင်းဆိုဟုတ်မှာပေါ့ဗျာ.ညနေ
စောင်းလို့ ကတော့ဘာရမလဲဟင်း.ဟင်း.တလွဲမတွေးကြပါနဲ့ ဗျာ.မူးလာရင်ပြောတာပါနော်.ပြောနေတဲ့မိန်းမကိုကြည့်
လိုက်တော့ကလေးက(၅)ယောက်တဲ့အဟဲ.ဒါဆိုသူပြောတာဟုတ်ရဲ့လားမသိ..စဉ်းစားကြပါကုန်.တချို့ ဆိုဒေါသထွက်
လာရင်နေ့ ခင်းကြောင်တောင်မှာတောင်လှန်တတ်သေးတာမဟုတ်လား.တချို့ ကပြောကြသေးတယ်ငါ့ယောကျာင်္းမီး
ကိုသေနေတာပဲတဲ့.ဟုတ်မှာပေါ့သေအောင်လုပ်ထားကြတာကိုး.မီးတောက်လွန်းတဲ့ဘော်ဒါများသတိထားကြပါကုန်.
မိန်းမတွေကိုလည်းလျှော့တွက်လို့ မရဘူးဗျ.သူတို့ လဲဘွားစဉ်ဘောင်ဆက်နည်းကောင်းလေးတွေရှိကြတယ်ဗျနော်..
လက်တို့ ပြီးတော့ပြောရဦးမယ်ပေါ့.မယုံမရှိကြနဲ့ ခံသွားကြရမယ်နော်.မီးသေသွားမယ်ဟင်းဖန်ခါးသီးကိုနွားနက်ကျဉ်
ငယ်ရေနဲ့ စိမ်ပြီးတိုက်ရင်.အရက်နဲ့ စိမ်ပြီးတိုက်ရင်..မီးသေတတ်တယ်ဗျ..မီးတောက်တတ်သူများသတိရှိကြပါကုန်...
ရွှေခြံသားကတော့မိန်းမတိုက်တဲ့ဆေးဘယ်တော့မှမသောက်ဘူးဗျမီးသေမှာစိုးလို့ .ထားတော့ဗျာတချို့ မိန်းမတွေကြ
တော့သူတို့ ယောကျာင်္းကိုကိုင်ထားလိုက်ကြတာပိပြားနေတာပဲတဲ့.ပိမှာပေါ့ဗျာသူတို့ ခန္တာကိုယ်ကြီးတွေနဲ့ ယောကျာင်္း
ကိုတက်ပြီးတော့ဟင်း.ဟင်း..မပြောလိုက်ချင်ပါဘူး.တက်ပြီးနင်းလားနှိပ်လားလုပ်ထားတာကိုပြောတာပါဗျာ.သူတို့ က
လည်းအပေါ်ကိုရောက်ရင်မလွယ်ဘူးဗျ.လက်စားချေခြင်တတ်ကြတာ.ဟိုချော်နင်း.ဒီချော်နင်းကလုပ်ချင်ကြသေးတာ
မဟုတ်လား.နဲနဲလေးများပြောမိရင်တော်ငြိမ်ငြိမ်နေ.ကျုပ်အလုပ်ကျုပ်သိတယ်တဲ့.မလွယ်ဘူးဗျ.ကျနော်ကတော့ဖြစ်နိုင်
ရင်မိန်းမတက်ကိုင်တာကိုသိပ်မခံပါဘူး.တော်ကြာအကျင့်ပါနေမှာကိုစိုးလို့ ပါ.ကိုယ့်ဟာကိုပဲကိုင်လိုက်တာများပါတယ်
ညောင်းလာရင်ပြောပါတယ်အဟဲ.နောက်ြပီးမိန်းမဆိုတာကိုယ့်အနားအမြဲရှိနေတတ်တာမှမဟုတ်တာလေ.ဒါကြောင့်..
ဒါကြောင့်..ထားတော့ဗျာရွှေခြံသားလည်းမိန်းမလစ်တုံးဘဝတူမယကဆီသွားပြီးပွှားမယ်စိတ်ကူးတော့တာပေါ့.ကလေး
ချင်းလွှတ်ပေးထားရင်ထိမ်းရလည်းသက်သာ.စကားလေးဘာလေးလည်းတောင်ပြောမြောက်ပြောရင်းနဲ့ ပေါ့ဒါနဲ့ သား
ကိုလက်ဆွဲပြီးလစ်လာခဲ့တော့တယ်ပေါ့.သူငယ်ချင်းအိမ်ရောက်တယ်ဆိုရင်ပဲ.ဟိုကောင်လည်းသူ့ သမီးလေးကိုထိမ်းရင်း
နဲ့ .သူ့ သမီးလေးကိုကိုယ်ခန္တာအစိတ်ပိုင်းတွေကိုခေါ်တတ်အောင်သင်ပေးနေလေရဲ့.ကလေးကခေါင်းကိုလက်လေးနဲ့ 
ထောက်လိုက်တယ်ဆိုရင်.သူ့ အဖေကအဲဒါခေါင်းခေါ်တယ်ပေါ့.မျက်စေ့ကိုထောက်လိုက်ရင်.ဒါမျက်စေ့ပေါ့.ဒီလိုနဲ့ ပဲနှာ
ခေါင်း.ပါးစပ်.လည်ပင်း..ဗိုက်.စသည်ဖြင့်ပေါ့လေအစဉ်တိုင်းထောက်လာခဲ့တာ.ဒါနဲ့ တနေရာလည်းရောက်ရော.ဒါဘာ
လည်းဖေဖေဆိုလိုက်ရော.ဟိုကောင်ဒုက္ခရောက်တော့တာပေါ့ဗျာ.အမှန်တိုင်းပြောလိုက်ရရင်လည်းအင်း..ဒီလိုဆိုတော့
ဒါကိုတော့ဖေဖေမသိဘူးသမီးမေမေဈေးကပြန်လာမှသာမေးတော့ပေါ့လို့ ပြောလိုက်တယ်.ကလေးကတော့ဘယ်ကျေ
နပ်မှာလဲဗျာ.ဖေဖေပြောပြပေါ့ဂျီကျနေတော့တာပေါ့.ကျနော်လည်းသူဒုက္ခကိုကြည်ြ့ပီးသဘောကျနေတုံးသားကထပြီး
ဗွေဖောက်လာပါလေရော.သူကလည်းသူ့ ပစ္စည်းလေးထုတ်ပြပြီးဒါရောဘာလည်းဖေဖေပေါ့.ရွှေခြံသားတို့ ကတော့ပေါ့
ပေါ့ပါးပါးပါပဲ.ယောကျာင်္းလေးကို.အဲဒါအီကြာကွေးပေါ့ကွာလို့ .အဟဲ.သားကတော့ကျေနပ်သွားတာပေါ့.အီကြာကွေး.အီ
ကြာကွေးလို့ တောင်အော်နေလိုက်သေး.အဲဒီမှာတင်ဟိုကောင်လဲသူ့ အခက်ခဲထွက်ပေါက်ကိုတွေ့ သွားပြီး.ပြောလိုက်ပုံ
ကတော့.သမီးလေးရေ့.အဲဒါကတော့..နံပြားလို့ ခေါ်တယ်ပေါ့.အင်းသူ့ ပြောလိုက်ပုံကလဲ.အဲဒီနောက်တော့မယကနှစ်
ယောက်လည်းကလေးကိုယ်စီလက်ဆွဲလို့ လ္ဘက်ရည်ဆိုင်ချီတက်ရင်း.သားအတွက်တော့သူကြိုက်မဲ့နံပြားကိုထောပါတ်
သုတ်.သမီးအတွက်တော့သူကြိုက်မဲ့အီကြာကွေးကိုနို့ ဆီဆမ်းပေးပြီး.ကျနော်တို့ နှစ်ယောက်ကတော့သားသားတို့ အ
ကြိုက်.နံပြားကိုပဲနဲ့ ရောပြီးပဲနံကိုအသည်းအသန်ဆွဲပြီး.နန္ဒာလှိုင်ဈေးပြန်မရောက်ခင်အိမ်ကိုပြန်ခဲ့ရကြောင်းပါဗျာ.
(ကလေးငယ်တို့ ရဲ့စူးစမ်းမေးမြန်းတတ်တဲ့သဘောသဘာဝနဲ့ ကျားမာယာကိုသတိပြုမိစေဖို့ ဒီပိုစ့်လေးကိုတင်ပါတယ်)
                                                                                                ပျှော်တတ်တဲ့ရွှေခြံသား

No comments:

Post a Comment