Friday, September 30, 2011

ကျနော်လူရှောက်ဘို


ဒါကတော့ကျနော်နဲ့ နန္ဒာနောင်ဂျိန်ချခဲ့ရတဲ့ဇာတ်လမ်းလေးဗျ.ဒီလို..ကျနော့်နန္ဒာလှိုင်ကကျောင်းဆရာမကြီးလေ
အင်းကျောင်းမှာဆရာမကြီးဆိုတော့အကျင့်ပါနေပြီးအိမ်မှာလဲပဲမထူးပါဘူးဆရာမကြီးပါပဲလေ.ကျနော့်သမီးငယ်
ငယ်ကဆိုသူနဲ့ အတူကျောင်းကိုခေါ်သွားလေ့ရှိပါတယ်.ပညာပါရမီရအောင်ပေါ့လေ.တနေ့ သမီးနေမကောင်းတာ
နဲ့ ကျောင်းကိုမခေါ်ပဲကျနော်နဲ့ ထားခဲ့တာပေါ့လေ.သွားခါနီးထုံးစံအတိုင်း.ကလေးကိုကောင်းကောင်းမွန်ထိမ်းနော်
ဘာညာကွိကွပေါ့.ရွှေခြံသားကတော့အင်းအင်းအဲအဲပေါ့လေ.ပြီးတော့သမီးနဲ့ အမေလဲ.အာဘွားတွေဘာတွေလုပ်
ပြီးရင်လစ်ကြတာပေါ့.ဒါနဲ့ ရွှေခြံသားလဲသမီးကိုရင်ခွင်ထဲချပြီးကွန်ပျုတာဖွင့်ရင်းကမ္ဘာပါတ်တော့တာပဲပေါ့လေ.သ
တင်းတွေဖတ်ရင်း.mail.တွေစစ်ရင်းနဲ့ နိုဘယ်ဆုရတဲ့တရုတ်ပြည်ကသူရှောက်ဘိုအကြောင်းကိုဖတ်နေတုံးသမီးက
ကျောယားလို့ ဆိုရင်လဲအားတဲ့လက်တဖက်နဲ့ ကုတ်ပေး.ခေါင်းယားတယ်ဆိုရင်လဲကုတ်ပေးနေတာပေါ့.ဒါနဲ့ သမီး
ကဖေဖေဒါယားလို့ ပြောတာနဲ့ ငုံ့ ကြည့်မိလိုက်တော့.အင်းအဖေတယောက်ကကုတ်ပေးလို့ မသင့်တာနဲ့ ဒါတော့သ
မီးကိုယ်တိုင်ပဲကုတ်လိုက်တော့ပေါ့လို့ ပြောပြီး.စာဆက်ဖတ်နေတုံး.သမီးကဒါကိုဘယ်လိုခေါ်လဲဖေဖေပေါ့.ရွှေခြံသား
လည်းလူရှောက်ဘိုအကြောင်းဖတ်နေတုံးသမီးကမေးလိုက်တာဆိုတော့.သူ့ အကြောင်းမေးတယ်ထင်ပြီးအဲဒါလူရှောက်
ဘိုပေါ့လို့ ပဲဖြေလိုက်မိတယ်.အဲဒီမှာတင်သမီးတော်ကဘယ်လိုနားလည်သွားလဲမသိပါဘူးဗျာ.လူရှောက်ဘိုယားလို့ တဲ့
ကျနော်လည်းအမှုမဲ့ .အမှတ်မဲ့နဲ့ မို့ ပြင်မပေးလိုက်မိဘူးလေ.အမှိုက်ကစပြီးပြသာဒ်မီးလောင်မှာကိုမသိခဲ့ဘူးပေါ့.ဒီလို
နဲ့ သမီးနေကောင်းတဲ့ နေ့ မှာသူ့ အမေနဲ့ ကျောင်းကိုပါသွားပါလေရော.ကျောင်းရုံးခန်းမှာဆရာမတွေစုံနေချိန်မှာသမီး
ငယ်ကလည်းအဲဒါကယာတယ်ထင်ပါတယ်.သူ့ အမေကိုပြောတော့တာပေါ့.ကလေးကိုဗျ...မေမေသမီးလူရှောက်ဘိုက
ယားလို့ ပေါ့.ဒီမှာပဲနန္ဒာလှိုင်လဲ.သူ့ သမီးသူ.ဟဲ့ဘယ်လူရှောက်ဘိုကယားနေရတာလဲ.ဒီကလေးပေါက်တိပေါက်ရှာပေါ့
အဲဒီမှာတင်သမီးလုပ်သူက.ဘယ်လူရှောက်ဘိုရမှာလဲ.ဒီလူရှောက်ဘိုပေါ့လို့ ..ပြလိုက်ရင်ပဲ.ဆရာမတွေလဲတအံ့တသြ
မျက်လုံးပြူးကုန်ကြတော့တာပေါ့.ဒီမှာတင်အထာနပ်တဲ့ဆရာမတယောက်ကသဘောပေါက်သွားပြီး.တဟီးဟီးစလုပ်ပါ
လေရော.နောက်တယောက်ပြီးတယောက်လက်တို့ ပြီးတော့ပြောဦးမယ်လုပ်ချလိုက်တာ.ရုံးခန်းတခုလုံးတဟီးဟီးတဟား
ဟားနဲ့ ပွက်လောညံသွားတော့တာပဲပေါ့ဗျာ.ဒါနဲ့ ပဲကျောင်းဆရာမတွေရဲ့ထုံးစံအတိုင်းသမီးတော်ကိုစစ်ဆေးရေးဝင်တော့
တာပေါ့.တရားခံဘယ်သူလဲဟေ့.ဒါကိုလူရှောက်ဘိုလို့ သမီးကိုဘယ်သူပြောလဲပေါ့.ဒီမှာတင်သမီးတော်လက်ညိုးကရွှေခြံ
သားရဲ့ခေါင်းကိုထိုးတော့တာပဲပေါ့.ဖေဖေပြောတာပေါ့လို့ .အဲဒီမှာတင်နန္ဒာလဲဆိုင်ကယ်ကိုဆွဲပြီးအိမ်ကိုဒိုင်းစိုင်းလာတော့
တာပဲပေါ့.ကျနော်လဲနန္ဒာမရှိတုံးစာရေးစာဖတ်မယ်ပြင်နေတုံးအပြင်ကဟွန်းသံတတီတီကြောင့်တံခါးထပြီးဖွင့်ပေးလိုက်ရင်
ပဲဒေါသတွေငယ်ထိပ်တက်နေတဲ့နန္ဒာလှိုင်ကိုတွေ့ လိုက်ရတယ်.ကျနော်လဲ.ဟနန္ဒာလှိုင်ဘယ်လိုဖြစ်လာတာလဲ.ကျောင်း
ဆင်းချိန်လဲမဟုတ်သေးပါဘူးပေါ့.ဒီမှာတင်ပဲနန္ဒာလှိုင်လဲကျနော့်လက်ကိုဆွဲပြီး.လာခဲ့တော့ကိုကျုပ်ချဲစရာရှိတယ်လို့ လုပ်ပါ
လေရော.ကျနော်လဲ.ဟဟနန္ဒာလှိုင်နေ့ ခင်းကြီးဘယ်လိုဖြစ်နေတာလဲမင်းကြမ်းလှချီလားကွ.ငါမအားသေးဘူး.မင်းစိတ်
လျှော့စမ်းပါပေါ့.အဟဲ.အဲဒီကြမှနန္ဒာလဲ.ဒီမယ်တော်ကျုပ်ကိုကလီကမာမလုပ်နဲ့ နော်.တော့ကိုမေးစရာရှိတယ်မှန်မှန်သာ
ဖြေပေါ့.ဒီတော့ကျနော်လဲ.မင်းနဲ့ ငါဘာပြသနာမှမရှိဘူးနော်.မင်းကျောင်းကိစ္စအဆင်မပြေတိုင်းငါ့ကိုလာရမ်းမနေနဲ့ .ငါ့ဟာ
ငါစာရေးစာဖတ်လုပ်နေတာမင်းသက်သက်ပြသနာလာရှာမနေနဲ့ ပေါ့ဒီမယ်တော်ကျုပ်သမီးကိုဘာမဟုတ်တွေသင်ပေးထား
လဲ.မှန်မှန်သာပြောစမ်းပါတဲ့.ဟငါကကျောင်းဆရာမှမဟုတ်တာဘာသင်စရာလိုလဲသင်ခြင်းသင်မင်းပဲသင်မှာပေါ့ကွလို့ ပြော
လိုက်ရင်ပဲ.ဒီမယ်.ဒီနေ့ ရုံးခန်းထဲမှာဆရာမတွေစုံနေတုံးတော့်သမီးက.လူရှောက်ဘိုယားလို့ တဲ့.ဒါနဲ့ ကျုပ်မေးကြည့်တော့မှ
ဟင်းမပြောလိုက်ချင်ဘူးနော်ဒါကိုဘယ်သူသင်ပေးတာလဲမေးကြည့်တော့.တော်သင်ပေးလိုက်တာတဲ့.ကဲဘာငြင်းချင်သေး
လဲကဲပြောစမ်းပေါ့ကျနော်လည်းကွန်နက်ရှင်မကောင်းလို့ စိတ်တိုနေရတဲ့အထဲဒီလိုလာပြောတော့ဒေါသအတော်ထွက်သွား
ပြီး.ဒီမယ်နန္ဒာလှိုင်.ကွန်နက်ရှင်မကောင်းလို့ စိတ်တိုနေတာနော်.ငါ့ဒေါသတွေမင်းအပေါ်ကျသွားမယ်ဘာမှတ်သလဲပေါ့.ခပ်
တည်တည်ဟောက်ထည့်လိုက်ရင်ပဲ.နန္ဒာလှိုင်လဲထမီကိုတိုတိုပြင်ဝတ်လိုက်.အင်္ကျီလက်မောင်းကိုအပေါ်ပင့်တင်လိုက်ရင်း
အောင်မာဘယ်တုံးကကျုပ်ကိုဒီလိုပြောဘူးလို့ လဲပါးစပ်ကပြောတာတောင်လွန်လှပြီဒီလောက်သတ္တိတွေကောင်းနေရင်လာ
စမ်းပါ.ဒီနားကိုလာလိုက်စမ်းပါပေါ့.မိန်းမများမလွယ်ဘူးဗျာဒါနဲ့ ရွှေခြံသားလည်းစိတ်ကိုလျှော့ချလိုက်ပြီးဒီမယ်နန္ဒာလှိုင်မင်း
ငါပြောတာကိုခေါင်းအေးအေးနဲ့ သေချာနားထောင်စမ်းပါ.မင်းသမီးကိုနေမကောင်းလို့ ထားခဲ့တဲ့နေ့ ကမီးလာတာနဲ့ ငါလဲအ
ပြင်းပြေ.သမီးလဲကွန်ပျုတာနဲ့ ရင်းနှီးအောင်ဆိုပြီးသူ့ ကိုရင်ခွင်ထဲထားပြီးငါလဲငါလဲကွန်ပျုတာရှေ့ထိုင်မိပါတယ်.မင်းသမီးက
ကျောကယား.ခေါင်းကယားဆိုတာနဲ့ ကုတ်ပေးရင်း.ငါလဲနိုဘယ်ဆုရတဲ့လူရှောက်ဘိုအကြောင်းကိုဖတ်နေမိတာ.ဒါနဲ့ မင်းသ
မီးပြောတဲ့လူရှောက်ဘိုယားတယ်ပြောတာနဲ့ ငါလဲအဲဒါကိုတော့ကိုယ့်ဘာသာကိုကုတ်လိုက်လို့ ပြောပြီးစာဆက်ဖတ်နေတုံး
မင်းသမီးကအဲဒါဘာလဲဖေဖေဆိုတော့.ငါလဲလူရှောက်ဘိုကိုမေးတယ်ထင်တာနဲ့ အဲဒါလူရှောက်ဘိုပေါ့လို့ ဖြေလိုက်မိတယ်.
ဒါကိုမင်းသမီးကဘယ်လိုနားလည်သွားမှန်းငါမှမသိတာလို့ ရှင်းပြလိုက်ရတယ်..ဟိုနိုဘယ်ဆုရှင်လူရှောက်ဘိုနဲ့ ဒီက.အင်း
လူရှောက်ဘိုတို့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာတော့ငါလည်းမတတ်နိုင်ဘူးကွာလို့ ရှင်းပြလိုက်တော့မှပဲနန္ဒာလဲသဘော
ပေါက်သွားပြီး.တော်လုပ်လိုက်ရင်ဒီလိုကြည့်ပဲ.အပေါက်အလမ်းကိုမတည့်ဘူး.ကျောင်းကဆရာမတွေကိုဘယ်လိုပြောရမှန်း
တောင်မသိပါဘူးလို့ ငြီးလိုက်ရင်းဆိုင်ကယ်ကိုစက်နိုးရင်းလစ်သွားပါတော့တယ်.ဒီတော့မှပဲရွှေခြံသားလည်းတိုက်တိုက်ဆိုင်
ဆိုင်ဖြစ်သွားတဲ့အကြောင်းကိုစဉ်းစားရင်းအားရပါးရရယ်ချလိုက်မိတော့တယ်သိပ်မကြာလိုက်ပါဘူးပန်းသတင်းကိုလေညှင်း
ဆောင်လူသတင်းလူချင်းဆောင်ဆိုသလိုပဲလက်တို့ ပြီးတော့ပြောရဦးမယ်လုပ်ချလိုက်ကြတာကျနော်အညာသားစစ်စစ်ကြီး
တယောက်ကနေတရုတ်ပြည်ကြီးပေါက်နိုဘယ်ဆုရှင်ကြီးလူရှောက်ဘိုဖြစ်သွားခဲ့ရကြောင်းပါခင်ဗျားကျနော်တို့ အရပ်ထဲမှာ
ဆိုကောင်မလေးတွေအတင်းပြောကြတာတောင်ဒီကောင်မလူရှောက်ဘိုကတော့မပြောလိုက်ချင်ပါဘူးပေါ့အဟဲမင်းသားအ
ကယ်ဒမီရချင်တော့မင်းသားငိုရမဲ့အချိန်မှမျက်လုံးထဲပိုးကောင်ဝင်လိုက်သလိုပေါ့ဗျာ...ကောင်လေးတွေပါးစပ်ဖျားလည်းလူ
ရှောက်ဘို.လူရှောက်ဘိုနဲ့ အတော်ကိုအသုံးတည့်နေကြောင်းပါဗျာ..ကောင်းကြရော.
(အမှတ်မထင်သတိမထားမိပဲပြောမိသောစကားတခွန်းကြောင့်ဖြေရှင်းရခက်ခဲသောပြသနာများဖြစ်တတ်ကြောင်းနဲ့ သမီးရှိ
သောဖေဖေကြီးများသတိထားတတ်.သင်ခန်းစာယူတတ်စေဖို့ ဒီပိုစ့်လေးကိုတင်ပါတယ်.).....ပျှော်တတ်တဲ့ရွှေခြံသား

No comments:

Post a Comment