Monday, September 12, 2011

ကျနော်ပြောတာဟို..

ဒါကတော့ကျနော်ငယ်ငယ်(၁၀)တန်းကျောင်းသားဘဝကအတွေ့ ကြုံလေးတခုပါဗျာ.ရွှေခြံသားတို့ ငယ်ငယ်ကဆို
ရင်ဂျင်းဘောင်းဘီနဲ့ ဂျာကင်ကိုအတော်ကြိုက်ခဲ့တာပေါ့ဗျာ.ဒါပေမဲ့အိမ်ကမြန်မာဆန်ဆန်နေစေချင်တော့ဝယ်ကို
မပေးခဲ့ပါဘူး.ဒီတော့လည်းသူများတွေဝတ်ပြီးမိုက်နေတာလေးတွေကိုပဲအားကျနေမိခဲ့ရတာ.သူငယ်ချင်းတွေဆိုရင်
leeဂျာကင်.lee ဘောင်းဘီနဲ့ ဆိုအရမ်းမိုက်တာပေါ့.အထက်.lee..အောက်leeနဲ့ ဆိုတော့ကောင်မလေးတွေရှေ့များ
ဖြတ်လျှောက်သွားရင်တထောင်.ထောင်နဲ့ ပေါ့.ဒီတော့ရွှေခြံသားလည်းဖေဖေကိုပူဆာမိတော့တာပေါ့လေ.ဖေဖေ
ကျနော့် ကိုlee.ဝယ်ပေးစမ်းပါပေါ့.ဒီတော့အဖေက.ဟငါ့သားရမင်းဘယ်လိုဖြစ်နေတာလဲကွ.ယောကျာင်္းလေးဖြစ်နေ
ပါလျှက်နဲ့ ယောကျာင်္းလိုပီပီသသနေစမ်းပါကွတဲ့.ကိုယ့်မှာလည်းပါသားနဲ့ အပိုတွေဘာလုပ်ဖို့ တုံးတဲ့ .အဖေနဲ့ တွေ့ 
မှပဲကျနော်လည်းဟိုစိတ်ပေါက်နေသလိုလိုနဲ့ သွားရောဗျာ.အဖေကိုတော့ရွှေခြံသားရှင်းပြမနေတော့ပါဘူး.သိတယ်
ဟုတ်ရွှေခြံသားပဲဖြစ်ချင်တာဆိုဖြစ်အောင်လုပ်တတ်တယ်လေ.ဒီတော့ရတဲ့မုန့် ဖိုးကိုစု.ပြည့်လဲပြည့်ရော.ဂျင်းရောင်း
တဲ့ဆိုင်ကိုလစ်တော့တာပေါ့.ငါလဲအထက်lee..အောက်.lee.နဲ့ အပြတ်မိုက်ပြလိုက်မယ်ပေါ့..ဆိုင်ရောက်တယ်ဆိုရင်
ပွဆိုင်ရှင်အမကြီးက.ဘာလိုချင်လို့ လဲပေါ့.ကျနော်လဲဂျင်းကြည့်ချင်လို့ ပါဆိုပြီးကြည့်တော့တာပေါ့ဗျာ.တံဆိပ်တွေက
တော့အစုံပါပဲ.လဗိုက်စ်.အော်စလို.ခရိုကိုဒိုင်း.တို့စုံနေတာပါပဲဒါပေမဲ့ကျနော်လိုချင်နေတဲ့leeကတော့မမြင်ဘူးဗျ.
ဒါနဲ့ ပဲကျနော်လည်းဆိုင်ရှင်အမကြီးကိုမေးရတော့တာပေါ့.အမကြီး leeရှိလားပေါ့မေးလိုက်တယ်ဆိုရင်ပဲ.
ဆိုင်ရှင်အမကြီးကကျနော်ကိုခပ်တင်းတင်းပဲကြည့်လိုက်တယ်ကျနော်ကတော့ခပ်တည်တည်ပါပဲထပ်ပြီးအမကြီးlee ရှိရင်ပြပါကျနော်ကြည့်ချင်တယ်လဲဆိုလိုက်ရော.ဆိုင်ရှင်အမကြီးလည်းတော်တော်ဒေါသထွက်သွားပြီး.ဒါဆို
ခဏစောင့်ဆိုပြီးဆိုင်နောက်ထဲကိုဝင်သွားပါလေရော.ရွှေခြံသားတို့ကတော့အမကြီးပြမဲ့leeထဲကမိုးပြာရောင်
ကိုရွေးမလား.မှိုတက်လေးကိုယူမလား.နက်ပြာလေးကိုဆွဲရကောင်းမလားပေါ့တယောက်ထဲစဉ်းစားနေတုံး.
နောက်ဖေးခန်းထဲကခပ်တောင့်တောင့်လူတယောက်ထွက်လာပြီးစောစောကငါ့မိန်းမကိုleeကြည့်ချင်လို့ ပြခိုင်း
တာမင်းလားကွတဲ့ .ကျနော်လည်းဟုတ်ပါတယ်ပေါ့.ဒါနဲ့ မင်းဘယ်ဆိုက်လောက်ကိုကြည့်ချင်တာလဲပေါ့မေးတယ်
ရွှေခြံသားတို့ ကနုထွားကြီးဆိုတော့ဆိုက်ကြီးနဲ့ မှအဆင်ပြေမှာလေ.ဒီတော့အကြီးဆုံးဆိုက်.ဖရီးဆိုက်သာပြပါပေါ့
ဒီလိုပြောလိုက်တယ်ဆိုရင်ပဲ.အကိုကြီးကမမြော်မလင့်မိုးကြိုးသင့်ဆိုသလို.လျှပ်တပျက်ပြကွက်ဆိုပြီးလုပ်ချလိုက်
ပါလေရော.ကဲကွာတဲ့.ဟာဟာရွှေခြံသားလည်းအံ့အားသင့်သွားတော့တာပေါ့.သူပြလိုက်တာလည်းဆိုက်ကြီးဖရီး
ဆိုက်ပါပဲ.ဒါပေမဲ့ ပေါ့ဗျာ..ဟာအကိုကြီးကလည်းနောက်စရာလား.အချင်းချင်းတွေပဲဟာပေါ့အဟဲ.ဆိုင်ရှင်အမ
ကြီးကလည်းတော်တော်နောက်တာပဲဗျာ.သူလည်းကြုံတုံးလေးအတွင်းပစ္စည်းကောင်းကောင်းကြောင်းလေးကြွား
လိုက်ချင်တာလားမသိပါ.ခွင်တည့်တုံးလေးကို.အင်းပစ္စည်းကောင်းရင်ကြွားချင်တတ်ကြတာလူတွေရဲ့သဘာဝပဲမ
ဟုတ်ပါလား.ရွှေခြံသားလည်းဆိုင်ထဲဟိုကြည့်ဒီကြည့်လုပ်လိုက်တော့ကလေးဝတ်leeတံဆိပ်ကိုတွေ့ လိုက်တယ်
ဆိုရင်ပဲ.ဆိုင်ရှင်အကိုကြီးကိုလက်ညိုးထိုးပြီး.အကိုကြီးရာကျနော်ကြည့်ချင်တာကဒီleeမဟုတ်ဘူး.ဟိုleeလို့ ..
(အသံထွက်တူသော်လည်းဆိုလိုချက်မတူကြောင်း.စကားတခွန်းကိုသေချာစွာနားထောင်ပြီး.အခြေနေအချိန်ခါအ
ရနားလည်တတ်စေရန်ရည်ရွယ်ချက်ဖြင့်ဒီပိုစ့်လေးကိုတင်ပါတယ်..)     .ပျှော်တတ်တဲ့ရွှေခြံသား

No comments:

Post a Comment