Saturday, September 17, 2011

လူစားတော့မချနိုင်ပေါင်ဗျာ

ရွှေခြံသားတို့ နေတဲ့ရွာဟာအညာဆိုပေမဲ့ကုန်းခေါင်ခေါင်သစ်မရှိဝါးမရှိနေရာမဟုတ်ဘူးဗျ.အညာဒေသကကျွန်းအ
ရပ်ဆိုပါတော့ဗျာ.ရေဝင်တယ်ဒီတော့နုံးတင်မြေနုနဲ့ စိုက်ပျိုးရေးကကောင်း.သစ်ကြီးဝါးကြီးတွေစုံစုံလင်လင်နဲ့ တ
ကယ့်ကိုစိမ်းစိမ်းစိုစိုနဲ့ အေးအေးချမ်းချမ်းနေချင်စရာကောင်းလှတဲ့ဧရာဝတီမြစ်ကမ်းနဘေးကရွာကြီးတရွာပေါ့ဗျာ.
ရေဝင်ပြီဆိုတာနဲ့ တရွာလုံးကလူတွေအားလုံးဟာတနွေလုံး.တမိုးလုံးပင်ပန်းခဲ့သမျှကိုအတိုးချနားကြရတော့တာပေါ့
ဗျာ.ရေဖွေးဖွေးမှာလှေကလေးတွေလှော်ရင်းအိမ်လည်ကြပတ်ကြရင်းနဲ့ ချက်ပြုတ်စားကြသောက်ကြနဲ့ မိသားစုတွေ
ပျှော်လို့ ရွှင်လို့ ပေါ့ဗျာအမျိုးသမီးတွေကတော့ဝါသနာအတိုင်းတီဗွီကြည့်ကြအိမ်လည်ရင်းတရွာလုံးရဲ့သတင်းအတင်း
တုတ်.အဲအမျိုးသားအများစုကတော့ဝါသနာတူများစုလို့ ဝိုင်းကြဝန်းကြနဲ့ ပေါ့ဗျာဟုတ်လို့ .အဲတချို့ ကြတော့လဲအချိန်
ရတုံးလေးဘုရားတရားဖက်လိုက်စားကြသူတွေလဲရှိတာပေါ့ဗျာ.ကျနော့်ဘော်ဒါတယောက်ကတော့တရားဘက်ကိုစိတ်
ပါပြီးအားတုံးလေးကျောင်းသွားပြီးကိုရင်ကြီးဝတ်မယ်ပေါ့.မိန်းမကလည်းကောင်းတဲ့အလုပ်ဆိုပြီးခွင့်ပြုရှာပါတယ်.ပါရမီ
ဖြည့်ဖက်ကိုဗျ.ရှေ့သွားနောက်လိုက်ညီပါပေတယ်.ဒီလိုနဲ့ သူငယ်ချင်းလဲကိုရင်ကြီးဘဝနဲ့ နေလာလိုက်တာရေကျသွား
တဲ့အချိန်ထိပဲဆိုပါတော့.ရေကျပြီဆိုတာနဲ့ တောင်သူတွေရဲ့သဘာဝအရလုပ်ငန်းစဖို့ အတွက်မျီုးစေ့စုရဆောင်းရ.ထွန်
ဖို့ ယက်ဖို့ အတွက်ပြင်ရဆင်ရနဲ့ အလုပ်တွေများတော့တာပေါ့.ဒါပေမဲ့ဦးဇင်းကြီးကတော့ဒီအချိန်ထိလူထွက်ဖို့ မစဉ်းစား
သေးပါဘူးပျှော်လို့ ကောင်းနေတုံး.ဒါနဲ့ မိန်းမလည်းအိမ်လုပ်ငန်းအခြေနေကိုနားလည်အောင်ကျောင်းကိုလာပြီးလျှောက်
တယ်ပေါ့.ဦးဇင်းရေကျပြီဆိုတော့တောင်သူအလုပ်တွေစရတော့မယ်ထွန်ဖို့ ယက်ဖို့ စိုက်ဖို့ ပျိုးဖို့ အတွက်ဘယ်လိုစီစဉ်မ
လဲပေါ့.ဒါနဲ့ ဦးဇင်းလဲဘယ်အကွက်ကိုဘာစိုက်မယ်.ထွန်တာယက်တာတော့လူငှားသာချလိုက်ပေါ့.ဒါနဲ့ မိန်းမလဲသူပြော
တဲ့အတိုင်းပဲစီစဉ်လိုက်တယ်ပေါ့.ဒီလိုနဲ့ ဒုတိယကွက်.တတိယကွက်စသည်ဖြင့်ဘယ်သီးနှံကိုစိုက်ထွန်တာတော့လူငှားချ
လိုက်စသည်ဖြင့်ခိုင်းလာလိုက်တာရှိတဲ့မြေယာအားလုံးကုန်ရောဆိုပါတော့.ဦးဇင်းကြီးကတော့ပျှော်လို့ ကောင်းနေတုံး
ပေါ့.မိန်းမကတော့မကျေနပ်ပေမဲ့ဘာမှမပြောရှာပါဘူး.သာသနာ့ဘောင်ကထွက်ခိုင်းတယ်ဆိုတာကနဲတဲ့အပြစ်မှမဟုတ်
တာနော.ဒါနဲ့ တတ်နိုင်သလောက်တော့ပညာလေးတွေပြရတော့တာပေါ့ဗျာ.ဒီလို.ကိုယ်ကိုတိုင်ထွက်ခိုင်းတာမဟုတ်ရင်
အပြစ်မရှိဘူး.သူ့ ဘာသာသူထွက်တာကတော့သူ့ အပိုင်းဆိုပြီးစဉ်းစားလိုက်မိသတဲ့.ဒါနဲ့ ကျောင်းမှာဆွမ်းစားပြီးချိန်လေး
လောက်မှာသွားပြီးလျှောက်သတဲ့.ဦးဇင်းရေ.ဦးဇင်းလဲသာသနာ့ဘောင်မှာပျှော်မွှေ့ နေတာကိုကြည့်ပြီးတပည့်တော်မလဲ
ဝမ်းလဲသာပါတယ်.အတော်လည်းကြည်ညိုမိပါတယ်ပေါ့.တောင်သူအလုပ်တွေလဲအကုန်လုံးလူငှားနဲ့ ပဲအကွက်စေ့အောင်
လုပ်လို့ ပြီးသွားပါပြီ.ဒါပေမဲ့အမေပေးတဲ့လယ်တကွက်ကတော့အခုထိမထွန်ရမယက်ရသေးဘူး.အင်းအဲဒါလေးရောလူငှား
နဲ့ ပဲထွန်လိုက်ယက်လိုက်ရမလားပေါ့.ဒီလိုလဲမေးလိုက်ရော.ဦးဇင်းလဲခေါင်းထောင်သွားတော့တာပဲပေါ့.သူ့ မှာရှိသမျှမြေ
တွေအားလုံးပဲထွန်ယက်စိုက်ပျိုးလို့ ပြီးသွားပါပြီ.ဘယ်မြေကွက်တကွက်ကျန်နေပါလိမ့်ပေါ့.ဒါနဲ့ .ဟတကာမရဘယ်မြေကွက်
ကျန်နေသေးလို့ လဲပေါ့.မင်းအမေပေးလိုက်တဲ့မြေကွက်ငါလဲမသိရပါလားပေါ့.ဒီတော့မှမိန်းမလဲအကွက်ဝင်သွားပြီး.ဘယ်
မြေကွက်ရှိရမှာလဲ.တော်နဲ့ ကျုပ်မင်္ဂလာဆောင်ကတည်းကအမေလက်ဖွဲ့ လိုက်ပြီးတော်ပဲနေ့ တိုင်းထွန်ခဲ့ယက်ခဲ့တဲ့မြေကွက်
လေအဲဒီမြေကွက်လဲမထွန်ရမယက်ရတာကြာပြီမဟုတ်လားအဲဒီမြေကွက်ကိုလည်းလူငှားနဲ့ ပဲထွန်လိုက်ယက်လိုက်ရမလား
လို့ မေးတာပေါ့.ဒီမှာတင်ပဲဦးဇင်းကြီးလည်းကောင်းကောင်းသဘောပေါက်သွားပြီးပြောချလိုက်ပုံက.ဒီမယ်ဒကာမရေ.ဒီမြေ
ကွက်ကိုတော့လူငှားတော့မချနိုင်ပေါင်ဗျာ.ဒီညနေပဲငါကိုယ်တိုင်လူထွက်ပြီးထွန်တော့ယက်တော့မယ်လို့ ပြောလိုက်သတဲ့.
အင်းဒီမြေကွက်နဲ့ တွေ့ မှပဲနော်..
(မိန်းမတို့ ရဲ့သဘောသဘာဝနဲ့ ကာမဘုံသားလူအများတို့ ရဲ့ကာမဂုဏ်အာရုံကိုစွန့် နိုင်ခဲသောသဘောသဘာဝကိုတင်ပြလို
၍ဒီပိုစ့်လေးကိုတင်ပါတယ်)..အားလုံးအေးချမ်းပျှော်ရွှင်နိုင်ကြပါစေလို့ ...ရွှေခြံသား

No comments:

Post a Comment